Monday, February 02, 2015

ဘင်္ဂလားဒေ့ရှ်မှ ၀င်ရောက်လာသည့် မိသားစုများအတွက် နေစရာနှင့် အလုပ်အကိုင်များလိုအပ်


Monday, February 2, 2015.
လွန်ခဲ့သည့် သုံးနှစ် ကျော်ကာလက ဒေသတွင်းဆူပူ အကြမ်းဖက်မှုများကြောင့် ဘင်္ဂ လားဒေ့ရှ်နိုင်ငံမှ မောင်တောနယ် စပ်သို့ ၀င်ရောက်လာသည့် မိသားစုဝင်များမှာ ယခုထိဆက်လက် ၀င်ရောက်နေဆဲဖြစ်ပြီး ၎င်းတို့ အတွက် နေရာထိုင်ခင်းနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရန်လိုအပ်နေကြောင်း မိသားစုဝင်များအရေး ဆောင်ရွက်ပေးနေ သည့် လူမှုအဖွဲ့အစည်းများက ပြောသည်။

‘‘၀င်လာတဲ့ မိသားစုတွေက များတော့ နေအိမ်ဆောက်ပေးတာ လိုက်မမီဖြစ်နေပါတယ်။ နောက်ပိုင်းတော့ အလှူရှင်တွေလည်း နည်းလာပါတယ်’’ဟု ဗဟိုကျောင်းတိုက်ဆရာတော်က မိန့် ကြားသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်ဖြစ် ပွားနေသည့် နိုင်ငံရေးမငြိမ်မ သက်မှုများကြောင့် အချင်းချင်း သတ်ဖြတ်မှု၊ နေအိမ်မီးရှို့မှုများရှိ နေသည့်အတွက် ဗုဒ္ဓဘာသာဝင် မိသားစုများမှာ နေရပ်စွန့်ခွာကာ မြန်မာနိုင်ငံသို့ ၀င်ရောက်ခိုလှုံ လာကြခြင်းဖြစ်ကြောင်း ဘင်္ဂလား ဒေ့ရှ်နိုင်ငံ ရွာတော်ခရိုင်မှ မိသားစုဝင်တစ်ဦးကပြောပြသည်။ ‘‘ဗုဒ္ဓ ဘာသာဝင်တွေရဲ့ နေအိမ်၊ ကျောင်းကန်တွေကို မီးရှို့ကြပါ တယ်။ ဒါပေမဲ့အစိုးရက ပြန် ပြီးတည်ဆောက်ပေးတာတွေ ပြုလုပ်ပေးပေမယ့် ကျွန်မတို့က နောက်ထပ်မနေရဲတော့ဘဲ မြန်မာနိုင်ငံဘက်ကို ၀င်ရောက်ခိုလှုံလာ ကြတာဖြစ်ပါတယ်။ ကျွန်မတို့နေ တဲ့ နတ်ချောင်းစရီရွာမှာဆိုရင် အိမ်ခြေ ငါးဆယ်လောက်မှာ တစ် အိမ်၊ နှစ်အိမ်ပဲ ကျန်ပါတော့တယ်’’ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံ နတ်ချောင်းစရီကျေးရွာမှ အမျိုးသမီးတစ်ဦး က ပြောသည်။
တစ်ဖက်နိုင်ငံမှ မြန်မာနိုင်ငံသို့ ၀င်ရောက်လာသည့် မိသားစု ၀င်များအား အလုပ်အကိုင်များ ဖန် တီးပေးခြင်းဖြင့် ဌာနဆိုင်ရာအ တွက် ၀န်ထုပ်ဝန်ပိုးဖြစ်နေသည့် စားနပ်ရိက္ခာ ထောက်ပံ့ရမှုမှာ လျော့ကျသွားနိုင်ကြောင်း မောင် တောခရိုင် အမျိုးသားကူညီ စောင့်ရှောက်ရေးဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးအောင်ကျော်ညွန့်ကပြောသည်။ ‘‘သူတို့တွေအတွက် အလုပ် အကိုင်ရမယ့် နည်းလမ်းတွေကို တာဝန်ရှိသူတွေက ဖန်တီးပေးမယ်ဆိုရင် သူတို့မိသားစုဘ၀လည်း အဆင်ပြေပြီးတော့ တာဝန်ယူ ထားရတဲ့သူတွေအတွက်လည်း တာဝန်နည်းနည်းပေါ့သွားမှာ ဖြစ်ပါတယ်’’ဟု ၎င်းက ပြောသည်
7Day Daily

No comments: