Tuesday, February 24, 2015

လောက်ကိုင်ယာဉ်တန်းပစ်ခတ်ခံရ အကျဉ်းသူ ၄၀ ကျော်ဒဏ်ရာရ


Tuesday, February 24, 2015
လောက်ကိုင်မြို့ စီအောအကျဉ်းထောင်မှ အကျဉ်းသားတွေ၊ တိုက်ပွဲရှောင် ပြည်သူတွေနဲ့ ၀န်ထမ်းတွေ တင်လာတဲ့ ယာဉ်တန်းတိုက်ခိုက်ခံရပြီး အကျဉ်းသူ ၄၄ ယောက်၊ အကျဉ်းဝန်ထမ်း ၁ ယောက်နဲ့ စစ်သား ၁ ယောက်ဒဏ်ရာရသွားတယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီလ ၂၃ ရက်နေ့က လားရှိုးမြို့သို့ ပို့ဆောင်ရန် ထွက်ခွာလာတဲ့ အဆိုပါယာဉ်တန်းဟာ ပါစင်ကျော်ကျေးရွာနဲ့ ချင်းရွှေဟော်အကြား လုံထန် ရွာ အနီးမှာ ကိုးကန့်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့တာဖြစ်ပြီး တပ်မတော်က တိုက်ခိုက်ရေးရဟတ်ယာဉ်များဖြင့် လေကြောင်းပစ်ကူ ၁ ကြိမ် ဆောင်ရွက်ခဲ့ရတယ်လို့ သတင်းမှာဖော်ပြ ပါတယ်။
တစ်ရက်ထဲမှာပဲ တပ်မတော်စစ်ကြောင်းတွေနဲ့ ကိုးကန့်အဖွဲ့တို့ လောက်ကိုင် အရှေ့တောင်ဘက် နှစ်နိုင်ငံ နယ်နမိတ် အနီးမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲမှာ အစိုးရ စစ်သား ၃ ဦး သေဆုံးပြီး အရာရှိနဲ့ စစ်သား ၇ ဦး ဒဏ်ရာရခဲ့တဲ့အကြောင်းနဲ့ ကိုးကန့် တပ်ဖွဲ့က အလောင်း ၆ လောင်းတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁၇ ရက်နဲ့ ၂၁ရက်နေ့တွေကလည်း ချင်းရွှေဟော် အနီးမှာ ကြက်ခြေနီအလံ လွှင့်ထူထားတဲ့ ယာဉ်တန်းတွေတိုက်ခိုက်ခံရပြီး အရပ်သားတွေ ထိခိုက်ဒဏ်ရာရရှိခဲ့ဖူးပါတယ်။
DVB

No comments: