Tuesday, February 24, 2015

မြန်မာယူ-၂၀ အသင်း ပြိုင်ဘက်အသင်းများကို စတင်လေ့လာ


Tuesday, February 24, 2015

၂၀၁၅ နယူးဇီလန်နိုင်ငံတွင် ကျင်းပမည့် ယူ-၂၀ ကမ္ဘာ့ ဖလားပြိုင်ပွဲ၌ အိမ်ရှင်အသင်း နှင့် တစ်အုပ်စုတည်းကျရောက် လျက်ရှိသည့် မြန်မာအသင်းမှာ ပြိုင်ဘက်အသင်းများ၏ ကစားပုံ ကို စတင်လေ့လာနေပြီး အမေရိကန်အသင်း၏ ကစားပုံကို အတော်အတန် သိရှိနေပြီဖြစ်ကြောင်း မြန်မာအသင်း နည်းပြချုပ် မစ္စတာဂတ်ကပြောသည်။

မြန်မာယူ-၂၀ အသင်းသည် အိမ်ရှင်နယူးဇီလန် အပါအ၀င် ယူကရိန်း၊ အမေရိကန်အသင်းတို့ နှင့် တစ်အုပ်စုတည်း ကျရောက် လျက်ရှိပြီး အုပ်စုတွင်းပြိုင်ဘက် အသင်းများ၏ ခြေစွမ်းနှင့် ကစား ကွက်ပိုင်းကို လေ့လာနေပြီဖြစ် ကြောင်း ၎င်းကပြောသည်။
‘‘အုပ်စုတွင်းပြိုင်ဘက် အ သင်းတွေရဲ့ ခြေစွမ်းနဲ့ နည်းစနစ် ပိုင်းကို စတင်လေ့လာနေပြီ။ အ မေရိကန်ရဲ့ ခြေစွမ်းကို အတော် အသင့်သိရှိပြီးပြီ။ ကျန်တဲ့အသင်း တွေရဲ့ ကစားပုံကိုလည်း ဗီဒီယို မှတ်တမ်းတွေကတစ်ဆင့် လေ့ လာနေတယ်’’ဟု မစ္စတာဂတ်က ပြောသည်။
မြန်မာအသင်းသည် တူရကီ နိုင်ငံသို့ သွားရောက်လေ့ကျင့်စဉ် အမေရိကန်နှင့် သြစတြေးလျတို့ ၏ ခြေစမ်းပွဲကို တိုက်ရိုက်ကြည့် ရှုခွင့်ရခဲ့သည့်အတွက် အမေရိ ကန်အသင်း၏ ခြေစွမ်းကို လေ့ လာခွင့်ရခဲ့ကြောင်း ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် အသင်းများအနေဖြင့် မြန်မာအသင်းထက် ခန္ဓာကိုယ် ပိုမိုတောင့်တင်းပြီး ကြံ့ခိုင်မှုပိုကောင်းသည့် အသင်းများနှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည့်အတွက် ကြံ့ခိုင်မှုကို ဦးစားပေးလေ့ကျင့်ပေး သွားမည်ဖြစ်ကြောင်း နည်းပြချုပ် က ပြောသည်။
မြန်မာယူ-၂၀ အသင်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲ အကြိုအဖြစ် ဂျာမနီနှင့် အင်္ဂလန်နိုင်ငံများသို့ သွားရောက်ကာ လေ့ကျင့်မည်ဖြစ် ပြီး ခြေစမ်းပွဲများကစားရန်စီစဉ် ထားကြောင်း ဥရောပ ယူ-၂၀ လက်ရွေးစင်အသင်း (သို့) အင်္ဂ လန် လူငယ်ကလပ်အသင်းတစ် သင်းနှင့် မြန်မာနိုင်ငံတွင် ခြေစမ်း ပွဲကစားရန် အဖွဲ့ချုပ်သို့ တောင်းဆိုထားကြောင်း ၎င်းကဆိုသည်။
7Day Daily

No comments: