Friday, February 06, 2015

အိတ်ခ်ျအိုင်ဗီပိုးကို ဖုန်းအက် ပရီကေးရှင်းဖြင့် ဆယ်ငါး မိနစ်အတွင်း စစ်ဆေးနိုင်ပြီ


Friday, February 6, 2015
အိပ်ခ်ျအိုင်ဗီပိုးနှင့် ကာလသားရောဂါပိုး ရှိမရှိကို စမတ်ဖုန်းအက်ပရီကေးရှင်းဖြင့် ဆယ်ငါး မိနစ်အတွင်း စစ်ဆေးနိုင် ပြီဖြစ်၍ လူအသက်ပေါင်း များစွာကိုကယ် တင်နိုင်တော့ မည်ဖြစ်ကြောင်း အမေရိကန်၊ နယူးယော့ခ်မြိုရှိ ကိုလံဘီယာ တက္ကသိုလ်မှ သိပ္ပံပညာ ရှင်များက အခိုင်အမာပြော ကြားသည်။

လက်ချောင်း တွင်သွေးစို့ ရုံဖြစ်စေမည့် ကွန်ပျူတာ များတွင် သုံးသည့် ဟာ့ဒ်ဝဲလ် ကိရိယာ ငယ်လေး တစ်ခုဖြစ် သည့် finger-prick dongle ကိရိယာနှင့်အ တူသွေး အဖြေကို စစ်ဆေး ထုတ်လုပ်နိုင် သည့်ဆော့ဖ်ဝဲလ်ကို ကိုလံဘီယာ တက္ကသိုလ်မှ ဇီဝဆေးပညာ ရှင်များက တီထွင် ထုတ်လုပ် ခဲ့ခြင်းဖြစ်သည်။
စမတ်ဖုန်းများနှင့် ကွန်ပျူတာ များတွင်ပါ တပ်ဆင် အသုံးပြုနိုင် မည့်ဖြစ်သည့်finger-prick dongle ကိရိယာနှင့်သွေး စစ်ဆေး အဖြေ ထုတ်နိုင် သည့်ဆော့ဖ်ဝဲ လ်အက်ပ ရီကေးရှင်း တို့သည် ဓာတ်ခွဲခန်း စမ်းသပ် မှုနေရာ တွင် အပြည့်အဝ အစားထိုး အသုံးပြုနိုင်မည် ဟုဆိုပြီး ယင်း ကိရိယာဖြင့်သွေး အဖြေကို ဆယ့်ငါး မိနစ် အတွင်း ရရှိနိုင် မည်ဖြစ်သည်။
ယခုကိရိယာသည် ဓာတ်ခွဲခန်းများတွင် လက်ရှိအသုံးပြုနေ သည့်သွေးစစ်ဆေး ကိရိယာများထက် တန်ကြေး အဖိုးနှုန်း မှာလည်း အဆပေါင်း ၅၄ဝနီးပါး ချိုသာ ပြီး လူနာများ တွင်လည်း စမ်းသပ် စစ်ဆေးပြီး ဖြစ် သည်။ ယင်း ကိရိယာကို ထုတ်လုပ်ရန် ကုန်ကျ စရိတ်သည် ပေါင် ၂၂ ဒသမ ၅ဝပေါင် ရှိရာ လက်ရှိ ဓာတ်ခွဲ ခန်းသုံးသွေး စစ်ပစ္စည်း ကပေါင် ၁၂,၁၅ဝပေါင် ရှိသည်။
ယခုတီထွင်မှုက ဓာတ်ခွဲခန်းကြီး တစ်ခုလုံးကို ဖုန်းတစ်လုံးပေါ် တင်လိုက်နိုင်ခြင်းဖြစ် သည်ဟု ဇီဝဆေး ပညာ အင်ဂျင်နီယား ရင်းပါမောက္ခ ဆမ်မြူ ရယ်ဆီယာ ကပြောသည်။
ယင်းသို့ စမတ်ဖုန်းအက်ပရီကေးရှင်းဖြင့် ဆယ့်ငါး မိနစ်အတွင်း အိပ်ခ်ျအိုင်ဗီနှင့် ကာလသားရောဂါ ပိုးတို့ကိုစစ်ဆေးသိရှိနိုင် မည်ဖြစ်၍ လူများကကြို တင်ရှောင် ရှားသင့် သည်တို့ ကိုရှောင်ရှားနိုင် မည်ဖြစ်ရာ အသက်ပေါင်း များစွာကို ကယ်တင်နိုင်ခြင်းဖြစ်လာ မည်ဟု၎င်း ကပြောသည်။
Mizzima - News in Burmese

No comments: