Monday, February 02, 2015

‘အောင်ဆန်းသူရိယနှင်းဆီ’ အငြိမ့်အမည်ပြောင်းလဲရန်မရှိ


Monday, February 2, 2015.

ဗိုလ်ချုပ်ရုပ်ရှင် ရန်ပုံငွေ အတွက် ကပြမည့်အငြိမ့် ‘အောင် ဆန်းသူရိယနှင်းဆီ’ ကို အမည် ပြောင်းလဲရန် ညွှန်ကြားခဲ့သော် လည်း အမည်ပြောင်းလဲရန် မရှိ ဟု ဒါရိုက်တာမောင်မျိုးမင်း (ရင် တွင်းဖြစ်)က ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်းအား ဂုဏ်ပြုချင်သည့် စိတ်ဖြင့် အောင် ဆန်းသူရိယ နှင်းဆီဟု အမည် ပေးခဲ့ခြင်းဖြစ်ပြီး တပ်မတော်တွင် ရှိသော ဂုဏ်ပုဒ်ဖြင့် ၎င်းတို့အဖွဲ့ ကို ဂုဏ်ပြုခြင်းမဟုတ်သကဲ့သို့ အဆိုပါဘွဲ့အား ချိုးနှိမ်လိုသည့်ဆန္ဒမရှိကြောင်း ဒါရိုက်တာ မောင်မျိုးမင်းက ပြောသည်။
‘‘နာမည်စဉ်းစားတဲ့အချိန် မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ နှင်းဆီ ကို တွဲဖက်ချင်တယ်။ အောင် ဆန်းနှင်းဆီလို့ပေးရင်နည်းနည်း ရိုင်းရာကျပါတယ်။ နှင်းဆီအောင်ဆန်းလို့ ပေးဖို့လည်း အခက်အခဲ ရှိပါတယ်။ သူရိယနှင်းဆီဆိုရင် လည်း သူရိယဂျာနယ်က လုပ်သ လို ဖြစ်နေတယ်။ အာဇာနည် နှင်းဆီဆိုရင်လည်း Rဇာနည်နဲ့ နှင်းဆီအဖွဲ့ပေါင်းပြီး ဖျော်ဖြေပွဲ လုပ်တယ်လို့ ထင်လိမ့်မယ်။ အဲဒါ ကြောင့် အဆင်အပြေဆုံးဖြစ်မယ့် အောင်ဆန်းသူရိယနှင်းဆီဆိုတဲ့ နာမည်ကို ယူလိုက်တာပါ’’ဟု ၎င်းက ပြောသည်။
ဖျော်ဖြေပွဲခွင့်ပြုမိန့်တွင် အောင်ဆန်းသူရိယအမည်ကို ပြောင်းပေးရန် မှတ်ချက်ပေးထား သော်လည်း ၎င်းတို့အနေဖြင့် လက်ရှိအချိန်တွင် ပြောင်းပေးရန် အဆင်မပြေတော့ကြောင်း ၎င်း က ဆိုသည်။
‘‘အဲဒီနာမည်ကို ဂုဏ်ပြုချင် တဲ့စိတ်နဲ့ပဲ ပေးထားတာပါ။ ခုချိန် မှ နာမည်ပြောင်းပေးဖို့ တိုက် တွန်းတာက ကျွန်တော်တို့အ တွက် အခက်အခဲရှိပါတယ်။ ရိုက် ထားတဲ့လက်မှတ်တွေ၊ ကြော်ငြာ ထားတဲ့ဘုတ်တွေ၊ တီဗီကြော်ငြာ သတင်းစာကြော်ငြာတွေကအစ အခက်အခဲဖြစ်နိုင်ပါတယ်။ အဲဒါ တွေပြန်လုပ်ရင် ဒီအချိန်၊ ဒီကာ လကို ဘယ်လိုမှ မမီနိုင်ပါဘူး။ အဲဒီအတွက် သက်ဆိုင်ရာလူကြီး တွေအနေနဲ့ နားလည်ခွင့်လွှတ် ပေးဖို့ လေးလေးစားစား မေတ္တာ ရပ်ခံပါတယ်’’ ဟု ဦးမျိုးမင်းက ပြောသည်။
အောင်ဆန်းသူရိယနှင်းဆီ အငြိမ့်ကို ဖေဖော်ဝါရီ ၉ ရက်နှင့် ၁၀ ရက်တွင် အမျိုးသားကဇာတ်ရုံ၌ ပြုလုပ်သွားမည်ဖြစ်ပြီး လက်မှတ်များကို ယခုရက်ပိုင်းတွင် စတင် ရောင်းချပေးမည်ဖြစ်သည်။
လက်မှတ်ခနှုန်းထားအနေ ဖြင့် ငွေကျပ်တစ်သောင်းမှ ခုနစ် သောင်းကျပ်အထိ အမျိုးအစား လေးမျိုးသတ်မှတ်ထားပြီး မန်းသီ ရိတေးသံသွင်း၊ တော်ဝင်စင်တာ၊ Nobody (ရန်ကင်းစင်တာ) တိုနီ ထွန်းထွန်း(ဂျန်းရှင်းဇ၀န)မင်းရုပ် ရှင်ထုတ်လုပ်ရေးနှင့် Hot လိုင်း ဖုန်းနံပါတ်များအဖြစ် ၀၁-၃၈၂၀၁၇၊ ၀၉-၂၆၀၁၀၅၅၂၂ တွင် ၀ယ်ယူနိုင်မည်ဖြစ်သည်။
အဆိုပါ ဖျော်ဖြေပွဲတွင် နှင်း ဆီအငြိမ့်၏ ပင်တိုင်မင်းသမီးများ နှင့်အတူ ဂျင်းနီနှင့် အိချောပိုတို့ ပါဝင်အားဖြည့်ကြမည်ဖြစ်ပြီး လူ ရွှင်တော်များအဖြစ် မင်းမော်ကွန်း၊ ကျော်ကျော်ဗို၊ နေတိုးနှင့် ထွန်း ထွန်းတို့ ပါဝင်ဖျော်ဖြေမည်ဖြစ်သည်။
7Day Daily

No comments: