Friday, February 06, 2015

ပညာရေးဥပဒေအကြောင်းပြ၍ ဆူပူအောင် ပြုလုပ်နေသူများရှိနေကြောင်း အစိုးရသတင်းထုတ်ပြန်၊ တည်ငြိမ်အေးချမ်းရေးအတွက် ရဟန်း၊ ပြည်သူနှင့် အဖွဲ့အစည်းများအားလုံး အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် ပထမဆုံးအကြိမ် မေတ္တာရပ်ခံ

Friday, February 6, 2015
အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေးအကြောင်းပြ ၍ ဆူပူမှုဖြစ်စေရန် နောက်ကွယ် မှ ကြိုးကိုင်နေသူများနှင့် အား ပေးအားမြှောက်ပြုနေသော နိုင်ငံ ရေးအဖွဲ့အစည်းအချို့ရှိနေပြီး တည်ငြိမ်အေးချမ်းရေးနှင့် ဥပဒေ စိုးမိုးရေးအတွက် အစိုးရအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ရန် အစိုးရကဖေဖော်ဝါရီ ၅ ရက် ညတွင် မေတ္တာ ရပ်ခံချက်ထုတ်ပြန်လိုက်သည်။

နေပြည်တော်ရှိ ပညာရေး ၀န်ကြီးဌာနတွင် လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲပျက်ပြယ်ခဲ့ပြီး နောက် အမျိုးသားပညာရေးဥပ ဒေပြင်ဆင်ရေးနှင့် ပတ်သက်၍ အချက် ခုနစ်ချက်ပါဝင်သော မေတ္တာရပ်ခံပန်ကြားချက်ကို အစိုးရက ထုတ်ပြန်လိုက်ခြင်းဖြစ် သည်။
ကျောင်းသားလူငယ်များကို အသုံးချ၍ ကျောင်းသားအမည်ခံ သူများ၊ နောက်ကွယ်မှ ကြိုးကိုင် ဆောင်ရွက်သူများ၊ အားပေးအား မြှောက်ပြုနေသည့် နိုင်ငံရေးအဖွဲ့ အစည်းအချို့ပါဝင်ပတ်သက်နေ သည်ကို တွေ့ရှိရကြောင်းနှင့် တိုင်းပြည်တည်ငြိမ်အေးချမ်းရေး ကိုလိုလားသော ရဟန်းရှင်လူပြည်သူများ၊ နိုင်ငံရေးနှင့် လူမှုရေးအဖွဲ့အစည်းများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ လူမျိုးစုခေါင်းဆောင်များအနေဖြင့် တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေစိုး မိုးရေးအတွက် အစိုးရအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ရန် သတင်း ထုတ်ပြန်ခြင်းဖြစ်သည်။
နိုင်ငံတွင် ဆူပူအကြမ်းဖက် မှုများကြောင့် တိုင်းပြည်မငြိမ်မ သက်ဖြစ်ခဲ့ပြီး အဘက်ဘက်မှ ဆုံးရှုံးနစ်နာမှုများ၊ ကမ္ဘာ့အလယ်တွင် မျက်နှာပျက်စရာများ ကြုံခဲ့ရပြီး ဖြစ်သည်ဟု ဖော်ပြထားသည်။ ဒီမိုကရေစီစနစ်ကျင့်သုံးရာတွင် နိုင်ငံသားများ၏ လွတ်လပ်မှုနှင့် အတူ နိုင်ငံတော်လုံခြုံရေး၊ တည် ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးတို့ကို လေးစားလိုက်နာရန်မှာ အရေးကြီးသည်ဟုလည်း ပါရှိသည်။
‘‘ပညာရေးပြုပြင်ပြောင်းလဲ ရေးတောင်းဆိုမှုမှာ လေးပွင့်ဆိုင် မပြေလည်နိုင်ခဲ့ရင် နှစ်ဖက်ယုံ ကြည်အားထားရတဲ့ တတိယ အဖွဲ့အစည်းတစ်ခုကြားခံပြီး ညှိ နှိုင်းရင် ပိုအဆင်ပြေနိုင်မလား ထင်မိတယ်။ ဖြစ်နိုင်ရင်တော့ ၂၀၁၅ လောက်ကို စောင့်ပြီးမှ လုပ်သင့်ပါတယ်။ မတ်လစာမေး ပွဲကြီးနီးနေပြီလေ’’ဟု ရန်ကုန်မြို့ရှိ ကျောင်းသားဖခင်တစ်ဦးက ပြောသည်။
အစိုးရနှင့် ညှိနှိုင်းဆွေးနွေးမှု များ ပျက်ပြယ်ခဲ့ပြီးနောက် ဖေ ဖော်ဝါရီ ၁၂ ရက်နောက်ပိုင်းတွင် ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ယေဘုယျသဘောတူညီမှုရရှိ ထားသော်လည်း ကျောင်းသား သပိတ်ပိုမိုကြီးထွားလာချိန် အစိုးရဘက်က အထက်ပါ သတင်းထုတ်ပြန်ချက်ကို ကြေညာလိုက်ခြင်းဖြစ်သည်။
ပညာရေးဝန်ကြီးဌာနက လည်း သပိတ်မှောက်ဆန္ဒပြမှု များကြောင့် မိဘများမှာ ရင်သွေး များ၏ စာမေးပွဲများအတွက် စိုး ရိမ်မှုများရှိနေကြောင်း ကြားသိရ ပြီး တက္ကသိုလ်အသီးသီး၏ စာ မေးပွဲများ၊ တက္ကသိုလ်ဝင်စာမေး ပွဲနှင့် အခြေခံပညာအဆင့် စာမေး ပွဲများကို ထုတ်ပြန်ကြေညာထား သည့် ရက်များတွင် မပျက်မကွက် စစ်ဆေးသွားမည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်သည်။
အစိုးရ၏ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ကျောင်းသားသပိတ် ခေါင်းဆောင် မဖြိုးဖြိုးအောင်က ကျောင်းသားသပိတ်ကို ပုံဖျက်ရန် ကြိုးစားနေခြင်းဖြစ်ပြီး အခြား တစ်ဖက်ကလည်း ဆွေးနွေးပွဲ ဆက်လက်ဆောင်ရွက်ရန် ညှိ နှိုင်းနေကြောင်း ဆိုသည်။
‘‘အစိုးရဘက်က ကစားဖို့ ကြိုးစားနေတယ်။ ကျောင်းသား သပိတ်ကို နည်း လမ်းပေါင်း စုံသုံး ပြီး ဖျက်သိမ်းဖို့ ကြိုးပမ်းနေတယ်’’ ဟု မဖြိုးဖြိုးအောင်ကပြော သည်။
7Day Daily

No comments: