Friday, February 06, 2015

လူမှုရေးမီဒီယာ account များတွင် မူရင်းနာမည်ကို အသုံးပြုရန် တရုတ် တောင်းဆို


Friday, February 6, 2015

လူမှုရေးမီဒီယာ account အတုများ လျော့ပါးစေရန်အတွက် တရုတ်အစိုးရက blog များ၊ လူမှုရေးကွန်ရက်များ၊ ဖိုရမ်များနှင့် IM ဝန်ဆောင်မှုများတွင် မူရင်းနာမည် အသုံးပြုရန် နည်းဥပဒေသစ်များ ထုတ်ပြန်ခဲ့သည်။
အဆိုပါ အပြောင်းအလဲသည် တရုတ်အစိုးရ၏ နိုင်ငံအတွင်း အွန်လိုင်းအသုံးပြုမှု စိစစ်ရေးအတွက် တိုးမြှင့်လုပ်ဆောင်မှု တစ် ရပ် ဖြစ်သည်။
Account အတုများသည် လူသိများထင်ရှားသည့် ပုဂ္ဂိုလ်များ သို့မဟုတ် group အစစ်အမှန်များအသွင် တုပပြီး လူ့အဖွဲ့အစည်းကို ထိခိုက်နစ်နာစေရန် ပြုလုပ်လျက်ရှိကြောင်း၊ အချို့သော ကိစ္စရပ်များတွင် account အတုများသည် တရုတ်အစိုးရဌာနများအသွင် တုပကာ ပြည်သူများအား အထင်အမြင်မှားစေသလို မီဒီယာအဖွဲ့အစည်းများအတွင် တုပပြီး သတင်းအတုများ ထုတ်ပြန်နေကြောင်း တရုတ်နိုင်ငံ၏ အင်တာနက် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ ပြောကြားခဲ့သည်။
အဆိုပါ account အတုများကို တားမြစ်ရန်အတွက် အင်တာနက် သုံးစွဲသူများအနေဖြင့် သက်ဆိုင်ရာ ဆိုက်များတွင် မှတ်ပုံတင်သည့်အခါ ၎င်းတို့၏ မူရင်းနာမည်ကို သုံးစွဲရန် လိုအပ်သည့် စည်းကမ်းချက်အသစ်များအား တရုတ်အစိုးရက ချမှတ်ခဲ့သည်။ မူရင်းနာမည်သုံးစွဲရန် လိုအပ်သည့်ဆိုက်များတွင် Twitter နှင့်ဆင်တူသည့် ဝန်ဆောင်မှုဖြစ်သော Weibo နှင့် instant messaging tool များ၊ ဖိုရမ်များ၊ အင်တာနက်ဝန်ဆောင်မှုများ၏ comment section များ စသည်တို့ ပါဝင်သည်။ ၎င်းစည်းကမ်းချက်များသည် email account များတွင် အကျုံးမဝင်ကြောင်း ဆိုသည်။
အင်တာနက် သုံးစွဲသူများအနေဖြင့် ၎င်းတို့၏ အွန်လိုင်းအမည်များကို ဆက်လက်သုံးစွဲနိုင်မည် ဖြစ်သော်လည်း အသစ်ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအရ အဆိုပါ အမည်များနှင့် profile ဓာတ်ပုံများတွင် တရားမဝင် အချက်အလက်များ မပါဝင်ရန် လိုအပ်ကြောင်း သိရသည်။ စည်းကမ်းချက်များကို ချိုးဖောက်ထားသည့် account များအနေဖြင့် ဖျက်ပစ်ခံရခြင်း သို့မဟုတ် မှတ်ပုံတင်ရန် ငြင်းဆိုခံရခြင်းနှင့် တွေ့ကြုံရမည် ဖြစ်သည်။
လက်သင့်မခံသည့် အွန်လိုင်းအမည်များတွင် နိုင်ငံကို ထိခိုက်စေသည့် အမည်များ၊ လူမျိုးစုကို ခွဲခြားဆက်ဆံသည့် အမည်များ၊ ကောလာဟလ ပျံ့နှံ့စေနိုင်သည့် အမည်များ၊ အကြမ်းဖက်မှုများနှင့် ဆက်စပ်သည့် အမည်များ စသည်တို့ ပါဝင်သည်။
Ref: WSJ
Internet Journal

No comments: