Thursday, January 29, 2015

ဗိုလ်ချုပ်ဈေးနှင့် ဘူတာကြီးတို့၌ WiFi အခမဲ့သုံးစွဲနိုင်တော့မည်


Thursday, January 29, 2015

ဗိုလ်ချုပ်ဈေးနှင့် ဘူတာကြီး တို့၌ WiFi အခမဲ့သုံးစွဲနိုင်တော့မည် ဖြစ်ကြောင်း Red Link ကုမ္ပဏီမှ သိ ရသည်။
လက်ရှိတွင် ရန်ကုန်မြို့တွင်း၌ WiFi အခမဲ့သုံးစွဲနိုင်သည့် နေရာများ ရှိသော်လည်း နည်းပါးနေသေးပြီး ဗိုလ် ချုပ်ဈေးနှင့် ဘူတာကြီးတို့တွင် သင်္ကြန် မတိုင်မီအချိန်မှ စတင်ကာ အခမဲ့သုံး စွဲနိုင်ရန် စီစဉ်နေပြီဖြစ်ကြောင်း သိရ သည်။


''အခုဆိုရင် ရွှေတိဂုံ၊ လေဆိပ်၊ UFL ကျောင်း၊ ဆေးတက္ကသိုလ်၊ ကန် တော်ကြီး၊ ကန်ပေါင်စတဲ့နေရာတွေမှာ ပဲ WiFi အခမဲ့ဝန်ဆောင်မှုပေးနိုင် သေးတယ်။ ဘူတာကြီးနဲ့ ဗိုလ်ချုပ်ဈေး ကိုလဲတိုးချဲ့ဆောင်ရွက်ပေးမှာဖြစ်ပါ တယ်''ဟု Red Link ကုမ္ပဏီမှ တာဝန် ရှိသူတစ်ဦးကပြောသည်။
ယင်း WiFi ရရှိမည့် နှစ်နေရာ ၌ WiFi အား ၂၄နာရီဝန်ဆောင်မှုပေး မည်ဖြစ်သော် လည်း ဗိုလ်ချုပ်ဈေးမှာ ပိတ်သိမ်းချိန်သတ်မှတ်ထားခြင်းကြောင့် ဈေးပိတ်ချိန်အထိသာ သုံးစွဲနိုင်မည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့တွင်းရှိ WiFi အခမဲ့ ဝန်ဆောင်မှုပေးထားသောနေရာများ ရှိသော်လည်း လိုင်းစွဲအားမှာ ကောင်း မွန်မှုမရှိကြောင်း မိုဘိုင်းဖုန်းဖြင့် အခမဲ့ ဝိုင်ဖိုင်စနစ်သုံးစွဲ သူ ကိုစိုးသန်းကပြော သည်။

''ကန်ပေါင်ဆိုရင်လဲ ပေးထား တယ်သာပြောတာ လူများတော့ လိုင်း က လုံးဝမကောင်း ဘူး။ တချို့ကော်ဖီ ဆိုင်တွေကလဲ WiFi အခမဲ့ဝန်ဆောင် မှုပေးပေမယ့် လိုင်းမကောင်းဘူး''ဟု ပြောသည်။
WiFi လိုင်းမကောင်းမွန်သည့် အတွက် မိုဘိုင်းအင်တာနက်သုံးစွဲ မည် ဆိုပါကလည်း မိုဘိုင်းအင်တာနက် များသည် Volume Based အား အ ခြေခံထားပြီး ကောက်ခံသဖြင့်ကုန်ကျ စရိတ်များပြားကြောင်း သိရသည်။
TheYangonTimes

No comments: