Friday, January 23, 2015

ကိုတင့် တို့စူပါရပ် ကွက်ရုပ်ရှင် စံချိန် တင်ရုပ်ရှင် ဇာတ်ကားအဖြစ် ရပ်တည်နေ

Friday, January 23, 2015 

ကိုတင့်တို့စူပါရပ်ကွက် ရုပ်ရှင်ဇာတ်ကားသည် ၂၀၁၄-၂၀၁၅ခုနှစ်တွင် စံချိန်တင် ရုပ်ရှင်ဇာတ်ကားအဖြစ် ရပ်တည်နေသည်ဟု သမ္မတ ရုပ် ရှင်ရုံမန်နေဂျာ ဦးဌေးအောင်က မဇ္ဈိမ ကိုပြောသည်။


မြန်မာရုပ်ရှင်ကားတစ်ကားသည် ရုပ်ရှင် တစ်ရုံလျှင် သုံးပတ်အကြာ ရုံတင်လေ့ရှိပြီး ကိုတင့်တို့ စူပါရပ်ကွက် ရုပ်ရှင် ဇာတ်ကားမှာမူ သမ္မတ ရုပ်ရှင်ရုံ တွင်လေး ပတ်ကြာ ရုံတင်ပြသမည်ဖြစ်သည်။ ယင်းရုပ်ရှင်ကားသည် ရုံဝင်လူဦးရေ ၉၀ ရာခိုင်နှုန်း ခန့်ရှိ သည်ဟု၎င်း ကပြောသည်။

ကိုတင့်တို့စူပါရပ်ကွက် ရုပ်ရှင်ကားကို ဇန်နဝါရီ ၂ ရက်မှ စတင်ပြသခဲ့ခြင်းဖြစ်ပြီး ရုံးပိတ်ရက်များတွင် ကြည့်ရှုသူများသဖြင့် လက်မှတ် ဝယ်ယူ၍ မရတော့သည် အထိ ဖြစ်နေသည်ဟု ရုပ်ရှင်ပရိသတ်တစ်ဦးက ပြောသည်။

“အရင်တုန်းကလည်း စံချိန်တင်တဲ့ ရုပ်ရှင်ကားတွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ ဒီလောက်အထိ မများဘူး။ ၈၀ ရာခိုင်နှုန်းလောက် ပဲရှိတယ်။ ဒီကားက အနုပ ညာရှင်တွေလည်း စုံတယ်။ နောက်ထပ်ရုံတင်ကားတွေရှိ သေးလို့ ကိုတင့်တို့ စူပါရပ်ကွက်ရုပ်ရှင်ကို တစ်ပတ်အကြာ ဆက်ပြဖြစ်လိုက်တာပါ” ဟု ဦးဌေးအောင် ကပြော ခဲ့သည်။

ယင်းဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ထားသည့် သရုပ်ဆောင် အိန္ဒြာကျော်ဇင်က “ဒီဇာတ်လမ်းလေးက သူ့နေရာနဲ့သူ သရုပ်ဆောင် ထားကြ တာကောင်းပါ တယ်။ ဇာတ် လမ်းစစချင်း မြင့်မြတ်သရုပ်ဆောင်တဲ့အခန်းက စပြီးတော့ ရယ်ရတယ်။ နောက်ပြီးတော့ အူဝဲတို့ သရုပ်ဆောင်တဲ့ အပိုင်းလည်း ရယ်ရပါတယ်။ အူဝဲကတော့ ဒီဇာတ်ကားမှာ ဘာပဲလုပ်လုပ် လင်မယား တစ်ယောက် တစ်ဝက်ခွဲယူတဲ့ ကာရိုက်တာနေရာကနေ သရုပ်ဆောင်ထားပါတယ်” ဟု ပြောခဲ့သည်။

ထိုသို့သော် စံချိန်တင်သည့် ရုံတင်ဇာတ်ကားနှင့် ပတ်သက်ပြီး ဒါရိုက်တာ ပန်းချီစိုးမိုးက "မြန်မာ ပရိသတ်တွေက မြန်မာ ရုပ်ရှင် ကားကို အားပေး တာကောင်း တယ်။ အခုဆိုရင် နိုင်ငံခြားကားတွေ ဘယ်လောက် ကဲများများ၊ အခုလိုမြန်မာ ရုပ်ရှင်ကားကို အားပေး ကြတယ်" ဟု၎င်း ကပြောသည်။

မြန်မာ့ရုပ်ရှင်သည် ကျဆုံးနေခြင်းမဟုတ်ဘဲ ရုပ်ရှင်ရုံအရေအတွက် နည်းပါးခြင်းကြောင့် ပြသခွင့်အခက်အခဲ၊ အမြတ်အစွန်းရရှိမှု မသေချာသဖြင့် ရုပ်ရှင်ထုတ် လုပ်ရေးများက စွန့်စားရိုက်ကူးရန် ချိန်ဆနေခြင်းဖြစ်သည်ဟု ပန်းချီစိုးမိုးက ပြောသည်။

ယင်းဇာတ် ကားသည် စိန်ဌေး ရုပ်ရှင် ထုတ်လုပ်ရေးမှ ထုတ်လုပ် ထားကာ ဒါရိုက်တာကျော်ဇောလင်း(အတွေး ပုံရိပ်)မှ ရိုက်ကူး ပုံဖော်ထားပြီး သဘာဝ ဟာသ ပညာပေးဇာတ်လမ်းဖြစ်သည်။ ဇာတ်လမ်း ဝေသာ၊ ဇာတ်ညွှန်း ကိုကျော်တို့က ရေးသားထားပြီး အရိုင်းနှင့် မိုးပြည့်ပြည့်မောင်တို့သည် ဇာတ်လမ်း၏ အဓိကနေ ရာတွင် သရုပ်ဆောင်ထားကာ အခြားသော အနုပညာရှင်များစွာက တစ်ခန်းစီသာ ပါဝင်သရုပ်ဆောင်ထားခြင်းဖြစ်သည်။

Mizzima - News in Burmese

No comments: