Monday, January 26, 2015

မေလထဲမှာ ကြည့်ရတော့မယ့် အိမ့်ချစ်ရဲ့ အချစ်ရေး

Monday, January 26, 2015

ချစ်ခြင်းကိုမခွဲပါနဲ့ သီ ချင်းကို ဇာတ်လမ်းတိုပုံစံရိုက်ကူး ထားပြီး Bonus အနေဖြင့် ထည့် ပေးသွားမည်ဟု အိမ့်ချစ်ကပြော သည်။

‘‘ချစ်ခြင်းကိုမခွဲပါနဲ့ဆိုက တည်းက အရမ်းချစ်တဲ့လူနှစ် ယောက်ပါရမယ်။ ခွဲတဲ့သူတစ် ယောက်ပါရမယ်။အဲဒီမှာ ကိုယုန် လေးက အဲဒီသီချင်းကိုရိုက်မယ်။ အိမ့်ချစ်နဲ့ ကျော်ထွဋ်ဆွေက ချစ် သူတွေပုံစံ သရုပ်ဆောင်ထား တယ်’’ဟု အိမ့်ချစ်ကပြောသည်။


ယင်းအခွေအတွက် ရိုက်ကူး ရမည့် သီချင်းနှစ်ပုဒ်ကျန်ရှိနေပြီး သင်္ကြန်ခွေများ မကြာမီထွက်ရှိ လာတော့မည်ဖြစ်သောကြောင့် အချစ်ရေးဒီဗီဒီကို မေလဆန်းမှ သာ ဖြန့်ချိတော့မည်ဟုဆိုသည်။

‘‘နှစ်ပုဒ်ကျန်တာက ကိုစိုင်း စိုင်းခမ်းလှိုင်နဲ့ ဆိုထားတဲ့တစ်ပုဒ် ရယ်။ ဖေကြီးရယ်၊ မောင်လေး ရယ်၊ အိမ့်ချစ်ရယ်ဆိုထားတဲ့တစ် ပုဒ်။ အဲဒီနှစ်ပုဒ်ရိုက်ဖို့ကျန်တယ်’’ဟု ၎င်းကပြောသည်။

သီချင်းများတွင် ဇာတ်လမ်းပုံစံအများစုပါဝင်ပြီး ခေါင်းစီးသီ ချင်းဖြစ်သည့် အချစ်ရေးသီချင်း ကို အရောင်လှလှလေးနှင့်ချစ်စ ရာလေးဖြစ်အောင်ရိုက်ကူးထား ပြီး အကဖွဲ့အများလည်း ပါဝင် ကြောင်း ၎င်းကဆိုသည်။

လတ်တလော အနုပညာ လှုပ်ရှားမှုများအနေဖြင့် ကိုကာကို လာ၊ ဒဂုံဘီယာတို့နှင့်အတူ နယ် လှည့်ဖျော်ဖြေပွဲများသွားရောက် ဖြစ်ပြီး မတ်လအတွင်း ကိုရီးယားနိုင်ငံသို့ ဖျော်ဖြေရေးခရီးသွားရန် အစီအစဉ်ရှိကြောင်း အိမ့်ချစ်က ပြောသည်။

7Day News Journal

No comments: