Monday, January 26, 2015

အင်န်အယ်လ်ဒီအနေဖြင့် မိမိပါတီဝင်များ နိုင်ငံသားဖြစ်၊ မဖြစ် စတင်စိစစ်နေပြီဖြစ်

Monday, January 26, 2015

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အနေဖြင့် မိမိပါတီဝင်များ နိုင်ငံသားဖြစ်၊ မဖြစ် စိစစ်ခြင်းကို စတင်ဆောင် ရွက်နေ ပြီ ဖြစ်ကြောင်း ပါတီပြောရေးဆိုခွင့်ရှိ သူ ဦးÓဏ်ဝင်းကပြောသည်။''ကျွန်တော်တို့ အခုမြို့နယ် တွေ ကို ညွှန် ကြားချက်ပေးထားပြီ။ သူတို့က စိစစ်ပြီးရင် ထုတ်ပစ်ရမှာ ပေါ့။ ပြီးရင်တော့ ရွေးကောက်ပွဲကော် မရှင်ကို တင်ပြရမယ်။ သိပ်များများ တော့ ရှိမယ်မထင်ပါဘူး။ ယာယီ ကတ်ကိုင်ထား တဲ့သူတွေကို စိစစ်ပြီး ထုတ်ပစ်ရုံနဲ့တော့ ပါတီအင်အားကို မထိခိုက်နိုင်ပါဘူး''ဟု ဆိုသည်။


နိုင်ငံရေးပါတီများ အနေဖြင့် မိမိပါတီတွင်း ယာယီနိုင်ငံသား သက်သေခံ ကတ်(white card)ကိုင် ဆောင်ထားသူများရှိ၊ မရှိစိစစ်ပြီး ဇန်နဝါရီလ အတွင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) သို့တင်ပြ ရန် ကော်မရှင်က ညွှန်ကြား ထားပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အနေဖြင့် ပါတီဝင်အင်အားများ သည့်အတွက် သတ်မှတ်ရက် တိုးမြှင့် ပေးရန် တောင်းဆို ထားသောကြောင့် UEC က မတ်လအထိ နှစ်လထပ်မံ တိုးမြှင့်ပေးထားခြင်းဖြစ် သည်။

၁၉၈၈ခုနှစ်ကတည်းက နိုင်ငံ ရေးပါတီအဖြစ် စတင်တည်ထောင် ခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည် ၂ဝ၁ဝပြည့်နှစ်နောက်ပိုင်း တွင်ပါတီဝင် စာရင်းများ အသစ်ပြန် လည်ကောက်ယူခဲ့ပြီး ယခုအချိန် တွင်ပါတီဝင် အင်အား သုံး သန်းရှိပြီး ဖြစ်ကြောင်း သိရသည်။
နိုင်ငံရေးပါတီများ မှတ်ပုံတင် ခြင်း ဥပဒေကို၂ဝ၁၄ခုနှစ် စက်တင် ဘာလ အတွင်း ပြန်လည်ပြင်ဆင် ပြဋ္ဌာန်းခဲ့ပြီး အဆိုပါပြင်ဆင်ချက်အရ ယာယီ သက်သေခံလက်မှတ်ကိုင် ဆောင်ထားသူများအား နိုင်ငံရေး ပါတီတည်ထောင် ခွင့်၊ ပါတီဝင်ခွင့် တို့ကို ကန့်သတ်လိုက်သည်။
နိုင်ငံရေးပါတီများ မှတ်ပုံတင် ခြင်း ဥပဒေကိုပြင်ဆင်လိုက်သော် လည်း ရွေးကောက်ပွဲတွင် ယာယီနိုင်ငံ သားသက်သေခံလက်မှတ်(ဝှိုက်ကတ်) ကိုင်ဆောင်သူများအား မဲပေးခွင့် ပြုခြင်း၊ မပြုခြင်းမှာ ရွေးကောက်ပွဲ ဥပဒေနှင့်သာသက်ဆိုင်ပြီး ယင်းဥပ ဒေကိုရုပ်သိမ်းသည့် ဥပဒေထွက်မ လာသေးဘဲ လွှတ်တော်တွင်ဆုံးဖြတ် သွားမည်ဖြစ်ကြောင်း သိရသည်။

Democracytodaynewspaper

Yangon Media Group

No comments: