Wednesday, January 28, 2015

ပညာရေးဥပဒေသစ်ကိုလိုချင်တာ မဟုတ်ဘူး၊ အရေးအခင်းတစ်ခုကို လိုချင်တာ


Wednesday, January 28, 2015

တစ်ဆိတ်လွန်ရာကနေ၊ တစ်အိတ်လွန်လာပြီလို့ပြောရတော့မယ်။ အပျက်အပျက် နဲ့ ထွက်တဲ့ နှာခေါင်းသွေးကလျှံ ကျ  တော့ မယ့် အခြေအနေရောက်နေပြီ။ အခု ဗကသ ကျောင်းသားတွေရဲ့လုပ်ရပ်ကိုကြည့်ခြင်းအားဖြင့် နောက် ကွယ် မှာ မြှောက် ပင့်ပေးနေ တဲ့ UG ကောင်းကောင်းတွေ အခိုင်အမာရှိနေပြီဆိုတာတွေ့လာ ရတယ်။
မီဒီယာတွေကလည်း သေးတဲ့ အမှုကြီးအောင် ကြီးတဲ့အမှုကိုမိုး မီးလောင်အောင် မီးထိုးပြီးလှုံ့ဆော်နေတာကိုမြင်တော့ တော်တော်အန္တရာယ်ကြီး လာပြီ လို့ ဆိုရမယ်။

မနေ့က သပိတ်ကျောင်းသားစစ်ကြောင်းက မြင်းခြံမြို့ကိုရောက်ပြီး မြင်းခြံ ဒီဂရီကောလိပ်ကို အတင်းဖွင့်ခိုင်းတယ်…. ပါချုပ်နဲ့ဆရာ/ဆရာမတွေ တားနေတဲ့ ကြားထဲက အတင်းတိုးဝင်တယ်…ဒါဟာ ဆရာ/ဆရာမ တွေကိုတောင် ဂရုမစိုက် တော့ တဲ့ပုံစံမျိုးဖြစ်နေပြီ…ပြီးတော့ကောလိပ်ရှေ့ကနိုင်ငံတော်အလံကိုဖြုတ် ချတယ်…ဗကသအလံလွှင့်တယ် ဒါကတော့ လုံးဝကို ဥပဒေချိုးဖောက်တဲ့ လုပ်ရပ်….အာဏာသိမ်းအစိုးရတွေ သူပုန်တွေသာ လုပ်လေ့လုပ်ထရှိတဲ့ လုပ်ရပ်ကို ၁၇ နှစ် ၁၈ နှစ် အရွယ်ကျောင်းသားတွေက လုပ်ပြလိုက်တယ်ဆိုတော့ သူတို့နောက်ကွယ်က မြှောက်ပင့်ပေးနေတဲ့ အဖွဲ့အစည်း ဟာဘယ်သူ ဘယ်ဝါဆို တာ ထင်ရှားသွားသလို ဒီလုပ်ရပ်ကလဲ တည်ဆဲဥပဒေကို စိန်ခေါ်လိုက်တဲ့လုပ် ရပ်ဖြစ် လာတာ ကို တွေ့ရတယ်….

ဒီနေ့အဖြစ်ကိုကြည့်ပါ..စချီတက်တုန်းက မြို့အ၀င်တွေရောက်မှသာ သတင်းရေး၊ သတင်းတင်ကြတဲ့ မီဒီယာတွေဟာ ဒီနေ့ကျတော့ ကျောင်းသားစစ်ကြောင်းနဲ့ နံဘေးကလိုက်ပါပြီး တစ်နေကုန် Update သတင်းတွေတင်နေတာကရော ဘာကြောင့်လဲ?? သူတို့ဘာတွေကိုကြိုသိနေတာလဲ..?? BBC သတင်းဌာနက ဆိုရင် နံပါတ်ဒုတ်ပုံတွေတင်ထားတာတွေ့ တယ်၊ ဘယ်သူဘယ် ၀ါရဲ့လက်ထဲမှာ ကိုင်ထားတယ်ဆိုတာမပါဘဲနဲ့ နံပါတ်ဒုတ်တွေကိုပဲရိုက်ပြတာကရော ဘာသဘော လဲ ..?? သူတို့ဖြစ်စေချင်နေတာဘာလဲ?? မီဒီယာကျင့်ဝတ်နဲ့မညီညွတ်တဲ့ သတင်းဓါတ်ပုံတွေတင်ပြီး လှုံ့ဆော်နေတာ လား?? ၀ါဒဖြန့်တာလား?? ဆူပူမှုတွေဖြစ်အောင် တမင်သွေးထိုးနေကြတာလားလို့ မေးရတော့မယ်

အခု ပညာရေးဥပဒေကိုရော သေချာဖတ်ကြည့်ကြပြီးပြီလား သုံးကြည့်ကြပြီးပြီ လား..?? ဘယ်နေရာတွေမှာ လွဲနေတာ လည်းဆိုတာကို အခုသပိတ် ကျောင်း သားတွေထဲက ဘယ်သူကများ တိကျတဲ့အချက်အလက်နဲ့ ထောက်ပြနိုင် သလဲ?? ဒီဥပဒေကို လက်မခံတာ အခုကျောင်းသားတွေလား အရင်ကကျောင်းသားတွေ လား..?? ကျောင်းသားတွေလိုချင်တဲ့ ပညာရေးစစ်စစ်ကဘာလဲ ?? အခု ညွှန်ချုပ်တွေ၊ ပါချုပ်တွေကိုယ်တိုင်ညှိနှိုင်းတယ်။ ကျောင်းသားတွေပြန်ပြောနေတဲ့ ပုံစံ က ကိုယ့်အဖေလောက် အရွယ် တွေကို ခင်ဗျားတို့က၊ကျုပ်တို့ကနဲ့ ရိုင်းရိုင်း စိုင်းစိုင်းပြန်ပြောနေကြတာကရော ဘယ်သူ တွေ ရဲ့ သွေးထိုးမှုတွေလဲ ??

တစ်ချက်ခြင်းစဉ်းစားရင် အခုသပိတ်ကျောင်းသားတွေဟာ ထိုးကျွေးခံနေရတဲ့ ပွန်းရုပ်တွေလို့ပဲမြင်လာတယ်။ ၈၈ လို အရေးအခင်းတစ်ခုဖန်တီးဖို့အတွက် ကျောင်းသားတွေကို ရှေ့ထွက်ခိုင်းတဲ့လုပ်ရပ်ပဲ…နောက်ကွယ်ကနေ ထောက်ပံ့ တဲ့လူတွေက အသင့်ရှိတယ်…ဘေးတီးပေးတယ်….လုပ်သာလုပ် ချသာချ ညီလေးတို့နောက်မှာ အစ်ကိုကြီးတို့ ရှိတယ် ဆိုတဲ့ အပြောအဆိုတွေကိုမြင်လာ ရတယ်…အဲဒီလူတွေကလဲ AB ဟောင်း လက်ဝဲ၀ါဒီ မိုးသီးဇွန်တို့ နိုင်အောင်တို့၊ NLD က မျိုးရန်နောင်သိန်း တို့ဖြစ်နေတာတွေ့ရတယ်…မီဒီယာကလည်း ပြဿနာကို ဆူပူတဲ့ပုံစံဖြစ်အောင် လှုံ့ဆော်ပြီးဖွနေ ကြတယ်…ဒါဟာ အရေးအခင်းတစ်ခုကို ဦးတည်နေတယ်ဆိုတာ ထင်ရှားနေပြီ…ဒီတော့ ကျောင်းသားတွေကို အစိုးရက အကြမ်းဖက်နှိမ်နင်းမယ်ဆိုရင် အစိုးရနာမည်ပျက်မယ်…ကျောင်းသားတွေ ဒုက္ခရောက်မယ်…ဒါပေမယ့် နောက် ကွယ် က မြှောက်ပေးနေတဲ့ နိုင်ငံရေးသ မားတွေ အမြတ်ထွက်မယ်…တောကြောင်တွေဝင်လာမယ်… မီဒီယာတွေ ရောင်းကောင်း မယ်…ကျောင်းသားသပိတ်ကို လူထုတိုက်ပွဲအသွင် ပုံဖော်လာမ ယ်…

ဒါတွေကို တစ်ဆင့်တစ်ဆင့် ဆက်စပ်တွေးကြည့်ရင် ကြောက်စရာကောင်း လာ တယ် …ဒီတော့ ပြည်သူအားလုံးကလဲ ဒါကိုသတိရှိသင့်တယ်… ဆင်ခြင်သုံးသပ် သင့်တယ် ဒီလူတွေလုပ်နေတာ ကျောင်းသားတွေအတွက်မဟုတ်ဘူး.. ပညာရေးမြင့် မားဖို့အတွက်မဟုတ်ဘူး… သူတို့လိုချင်တာ ပညာရေး ဥပဒေ အသစ်မဟုတ်ဘူး..တစ်နိုင်ငံလုံး ဆူပူအုံကြွ မှုဖြစ်စေနိုင်တဲ့ အရေးအခင်းတစ်ခုကို ပဲ သူတို့လိုချင်နေကြ တယ်ဆိုတာ အားလုံးသတိကြီး စွာ စောင့်ကြည့် သင့်တယ်….


လက်ယျာမင်း
Today Myanmar

No comments: