Friday, January 23, 2015

ကျောင်းသားသပိတ်တဲ့လား

Friday, January 23, 2015

အမျိုးသားပညာရေး ဥပဒေမူကြမ်းကို ဆန့်ကျင်ဆန္ဒပြတဲ့ ကျောင်းသားတွေကို ကြည့်ပြီး စိတ်ထဲတွင် ဖြစ်နေတာလေး တစ်ခုလောက်တော့ ပြောချင်ပါတယ်။ အဲဒါက တခြားမဟုတ်ပါ သာသနာပိုင်ပစ္စည်းဖြစ်တဲ့ ပရိက္ခရာရှစ်ပါးတွင် တစ်ပါးဖြစ်သော ဗုဒ္ဓဘာသာတွင် တန်းဖိုးထားသည့် သံဃာတော်များ ဆွမ်းစား၊ ဆွမ်းခံရာတွင်အသုံးပြု သည့် သပိတ်ကို အမြင်မတော်သည့်နေရာ မသင့်လျှော်သည့်နေရာများတွင် တွေ့ရှိ နေခြင်းကြောင့်ဖြစ်ပါသည်။


ယခုတလောတွင် ဗုဒ္ဓဘာသာနှင့် ရဟန်း သံဃာတော်များကို စော်ကားခံရမှုများ ပိုမို များပြားသတဲ့ များပြားလာပါသည်။ အမျိုးသားရေး လုပ်ဆောင်သည် ဆရာတော် များကိုစော်ကားနေသည် များလည်း မီဒီယာများတွင် မမြင်ချင်မှ အဆုံးပင်ဖြစ်သည်။ ယခု ကျောင်းသားများ ပညာရေးမူကြမ်းကို ဆန့်ကျင် ဆန္ဒပြမှုတွင်လည်း ရဟန်း သံဃာတော်များ ဆွမ်းတော်ခံရန်အသုံးပြုသော သာသနာပိုင် သပိတ်အား ကျောင်း သား အမည်ခံလူတစ်ချို့ လွဲမှားစွာ အသုံးပြုနေခြင်းအား မြင်ရတွေ့ရတာ အော့နှ လုံးနာမိပါသည်။ သံဃာတော်များအား ဆဲဆိုနေရုံဖြင့်အားမရ မကျေနပ်ကြဘဲ သာသနာပိုင်သပိတ်ကိုပါ စော်ကားဖျက်စီးနေကြ ပြီဖြစ်သည်။

အမှန်ဆိုလျှင် သပိတ်မှောက်တယ်ဆိုတာ အစိုးရ ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခု ကပြုလုပ်သော ကိစ္စရပ်တစ်ခုပေါ်တွင် မကျေနပ်၍ ဆန့်ကျင်သည့်သဘောဖြင့် အစာငတ်ခံခြင်း၊ ရေငတ်ခံခြင်း၊ ရပ်လျက် ဖြစ်စေ၊ လမ်းလျှောက်လျက်ဖြစ်စေ၊ မိမိတို့ဆန္ဒအား ကြွေးကြော်ဟစ်အော်ခြင်းဖြစ်ပါသည်။

တကယ့် သပိတ်ကြီး မှောက်ထားသည်ကို ဆိုလိုခြင်းမဟုတ်ပေ။ ယခုလို ပြု လုပ်ခြင်းသည် ထေရဝါဒဗုဒ္ဓဘာသာ သာသနာတွင်းက စေတီ(၄)မျိုးဖြစ်သည့် ဓာတုစေတီ၊ ဓမ္မစေတီ၊ ဥဒ္ဒိဿစေတီ၊ ပရိဘောဂစေတီ စသဖြင့် စေတီ၎မျိုး ရှိသည့် အနက် ပရိဘောဂစေတီကို ဖျက်လိုဖျက်စီးသဘောမျိုးဖြစ်နေပေသည်။ရဟန်း သံဃာတော် အရှင်သူမြတ်များ ဆွမ်းခံရာ ဆွမ်းစားရာတွင် အသုံးပြုသည့် ပရိဘော ဂစေတီဖြစ်သည့် သပိတ်ကို ဆန္ဒပြပွဲများတွင် အသုံးပြုနေခြင်းသည် မြင်လို့လည်း မသင့်လျော်ပေ။ ဒီကိစ္စတွင် သာသနာပိုင်ကိုလည်း မေတ္တာရပ်ခံချင်ပါသည်။ ယခုကဲ့သို့သော သာသနာပိုင် ပစ္စည်းဖြစ်သော ပရိဘောဂစေတီကို ဆန္ဒပြပွဲများတွင် အသုံးမပြုကြဖို့ ကြေငြာချက်သော်လည်းကောင်း တားမြစ်ချက်သော်လည်းကောင်း တရားဝင် ထုတ်ပြန်စေချင်ပါသည်။ ဆန္ဒပြပွဲတွင် အမျိုးမျိုးသော ဆိုင်းပုဒ်များ ကိုင်ဆောင်ခြင်း ဟစ်ကြွေးခြင်းများ ပြုနိုင်ပါလျက် သာသနာပိုင် သပိတ်ကို ယခုကဲ့သို့ အသုံးပြုခြင်းသည် သာသနာကို ညှိုးနွမ်းစေခြင်းလည်း ဖြစ်ပါသည်။

ယခုကဲ့သို့သော အမျိုးသားပညာရေးဥပဒေကို ဆန္ဒပြနေသည့် ကျောင်းသားများသည် သံဃာတော် အသုံးအဆောင်ဖြစ်သည် သပိတ်ကို အသုံးပြုနေခြင်းသည် မြင်ကွင်းတွင် မနှစ်မြို့ဖွယ်ရာပင်ဖြစ်ပါသည်။ ယခုအသုံးပြုသော သပိတ်ကို မြေပေါ်ကို ဖြစ်သလိုချထားခြင်း၊ ကျောင်းသူအမည်ခံသည့် အမျိုးသမီးများကလဲ ဘာသာရေး အသိနည်းပါးစွာနဲ့ သပိတ်ကိုရေခတ်သောက်ခြင်း ထမင်းထည့်ခြင်း စသဖြင့် ပြုလုပ်နေခြင်းသည် မည်သို့မှ အမြင်မတော်ပါ။

သပိတ်အစား တခြားသော သူတောင်းစားကိုင်သည့် ခွက်နဲ့ လဲပေးကြပါလားလို့ပင် ခံပြင်းဒေါသဖြစ်မိပါသည်။ သူတို့လုပ်မှသပိတ်မှာ တာဝန်တခု တိုးလာပြီ ဆွမ်းခံစားဖို့ အတွက်သာမဟုတ်ဘဲ ဆန္ဒပြရင်သုံးသည့် ပစ္စည်းတခုအဖြစ် အဓိပ္ပါယ်တွင် သွားပေတော့မည်။ ဗုဒ္ဓဘာသာ မြန်မာတိုင်းရင်းသားများ အနေဖြင့် အမျိုးဘာသာ သာသနာကို ညှိုးနွမ်းစေသော ယခုကဲ့သို့ ပရိဘောဂစေတီများ၊ သာသနာပိုင် ပစ္စည်းများ အသုံးပြုပြီး ဆန္ဒထုတ်ဖော်ခြင်း အပေါ် ၀ိုင်းဝန်းတားမြစ်ကာ ဘာသာ သာသနာကို ကာကွယ် စောင့်ရှောက် စေချင်ပါသည်။ မဟန၊ မဘသ အဖွဲ့ကြီးများနှင့် တခြားသော သံဃာတော် အရှင်သူမြတ်တို့ အရှင်ဘုရား ယခုကဲ့သို့သော သာသနာပိုင် ပစ္စည်းများကို မသင့်လျော်သည့် နေရာများတွင် အသုံးပြုနေခြင်းများအား ထိရောက်စွာ စစ်ဆေးကြပ်မတ် သင့်ပါကြောင်းနှင့် တားမြစ်ပေးတော်မူပါရန် ရိုသေ လေးစားစွာဖြင့်လျှောက်ထားအပ်ပါသည်။

မျိုးမင်းမြတ်
Today Myanmar

No comments: