Monday, January 26, 2015

ဦးဝီရသူ၏ပြောကြားချက် မျိုးချစ်စိတ်ရှိသူများကိုယ်စား ပြောကြားခြင်းဟု မဘသဆရာတော်ဦးပါမောက္ခမှမိန့်ကြား

Monday, January 26, 2015

ဦးဝီရသူ၏ ပြော ကြားချက်မှာ မဘသတစ်ဖွဲ့လုံး၏ သဘော ထားနှင့် ထပ်တူကျသည်၊ မကျသည်ထက် မျိုးချစ်စိတ်ရှိသူများကိုယ်စား ပြောကြားခြင်း သာဖြစ်ကြောင်း အမျိုးဘာသာသာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ မကွေး ကျောင်းတိုက်ဆရာတော် ဦးပါမောက္ခက မိန့်ကြားသည်။

''သူ့ရဲ့ ပြောကြားချက်တွေဟာ ကြမ်းတယ်ဆိုပေမယ့် မျိုးချစ်စိတ်နဲ့ ပြော ခဲ့တာတွေပါ။ မဘသတစ်ဖွဲ့လုံး ကိုယ်စား ပြု၊ မပြု မပြောလိုဘူး။ မျိုးချစ်စိတ်ရှိတဲ့သူ တိုင်းကိုတော့ ကိုယ်စားပြုပါတယ်''ဟု ဦးပါ မောက္ခက မိန့်ကြားသည်။

ဦးဝီရသူအနေဖြင့် ကုလသမဂ္ဂက ခန့်အပ်ထားသော လူ့အခွင့်အရေးအထူး ကိုယ်စားလှယ် မစ္စရန်ဟီးလီအား ပြည့်တန် ဆာနှင့် ခိုင်းနှိုင်းသုံးစွဲခဲ့သည့်အတွက် ကုလ သမဂ္ဂ၏ ဆန့်ကျင်ရှုတ်ချခြင်းအပြင် မြန်မာ အစိုးရအာဏာပိုင်များနှင့် ဘာသာရေးခေါင်း ဆောင်များအား ဦးဝီရသူအား ကန့်ကွက် ရှုတ်ချရန် UN မှ ဖိအားပေးခြင်း ခံထားရ သူတစ်ဦးဖြစ်သည်။
''့ UN ဖိအားပေးမှု ဘယ်လို မှ သက်ရောက်မှုမရှိနိုင်ပါဘူး။ UN ခိုင်း တဲ့အတိုင်း ဆန္ဒပြဖို့မပြောနဲ့ ဘုန်းကြီးတို့ ကို လည်ပင်း ဓါးနဲ့ထောက်ပြီး အတင်းခိုင်း ရင်တောင် လုံးဝ သူတို့လုပ်ခိုင်းသလို လုပ် ရပ်မျိုး လုပ်သွားမှာမဟုတ်ဘူး''ဟု ဦးပါ မောက္ခက ထပ်မံမိန့်ကြားသည်။

ကုလ၏ ထုတ်ပြန်ချက်နှင့်ပတ် သက်၍ မြန်မာအစိုးရမှ လက်ရှိအချိန်အ ထိ တစ်စုံတစ်ရာ တုံ့ပြန်ပြောကြားထားခြင်း မရှိသေးဘဲ သာသနာရေးဦးစီးဌာနအနေ ဖြင့်လည်း တိုင်ကြားသူရှိမှသာ စစ်ဆေးအ ရေးယူသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြော ကြားထားသည်။

မစ္စရန်ဟီးလီအနေဖြင့် မူလအ စထဲကပင် ပါဝင်ခြင်းမရှိသည့် ရိုဟင်ဂျာ အမည်ခံ ဘင်္ဂါလီလူမျိုးများအား မြန်မာ တိုင်းရင်းသား ၁၃၅ မျိုးတွင် ထည့်သွင်းရန် ကြိုးပမ်းခြင်း၊ ထို့ပြင် ၄င်းတို့အား နိုင်ငံသား ဖြစ်ခွင့်ပေးကာ နိုင်ငံတွင်း မည်သည့်နေရာ မဆို နိုင်ငံသားအဖြစ် လွတ်လပ်စွာ သွား လာခွင့် ပြုစေလိုခြင်း စသည့်အစီရင်ခံစာ ပါအချက်များကြောင့် ဦးဝီရသူ၏ ပြင်းထန် စွာ ဝေဖန်ခြင်းကို ခံနေရသူဖြစ်သည်။

ဆရာတော်ဦးဝီရသူကမူ ၄င်း အနေဖြင့် မစ္စရန်ဟီးလီ၏ မျိုးစောင့်ဥပဒေ များအပေါ် ဝင်ရောက်စွက်ဖက်ပြောဆိုခြင်း၊ ရခိုင်အရေးတွင် ဘင်္ဂါလီတို့၏ လူ့အခွင့်အ ရေး မြှင့်တင်မှုတို့ကို အသားပေး ပြောဆို ခြင်းတို့ကြောင့် ပြည့်တန်ဆာထက် ရင့်သီး သည့် အသုံးအနှုန်းမျိုးရှိပါက ထပ်မံသုံးစွဲ လိုကြောင်း ပြည်တွင်းမီဒီယာတစ်ခု၏မေး မြန်းမှုကို ပြန်လည်ဖြေကြားထားသည်။

Yangon Media Group

No comments: