Wednesday, January 28, 2015

ကုလ၏ငြိမ်းချမ်းရေးဆောင်ရွက်ချက်ကို ထောက်ခံပေးရန် ရွှေကျင်သာသနာပိုင် ဆရာတော်ကြီးအား ကုလသမဂ္ဂဌာနေကိုယ်စားလှယ်လျှောက်ထား


 Wednesday, January 28, 2015
ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ မှ ဆောင်ရွက်နေသော ကမ္ဘာလုံး ဆိုင်ရာ ငြိမ်းချမ်းရေးဆောင် ရွက် ချက်များအား ထောက်ခံပေးစေ လိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေ ကိုယ်စားလှယ် က ရွှေကျင်သာသနာပိုင် ၀ါဆို ဆရာတော်ကြီးအား လျှောက် ထား ခဲ့ကြောင်း သတင်းရရှိသည်။


မြန်မာနိုင်ငံတွင် ဒုတိယအင် အားအကြီးဆုံး သံဃာ့ဂိုဏ်းအဖွဲ့ အစည်းကြီးဖြစ်သည့် ရွှေကျင်နိ ကာယဂိုဏ်း၏(၁၉) ကြိမ်မြောက် ဂိုဏ်းလုံးကျွတ် သံဃာ့အစည်းအ ဝေးဖွင့်ပွဲအပြီးတွင် ဌာနေကိုယ် စားလှယ် Ms.Renata က ဆရာ တော်ကြီး အား လျှောက်ထားခဲ့ခြင်းဖြစ်သည်။

‘‘တစ်ကမ္ဘာလုံး ငြိမ်းချမ်းဖို့ အတွက်၊ မြန်မာနိုင်ငံငြိမ်းချမ်းဖို့ အတွက် ဆရာတော်ဘုရား တို့ ဟောပြောမိန့်ကြားချက်တွေကို တပည့်တော်မတို့က ကျေးဇူးအ ထူးတင်ပါတယ်။ ကုလသမဂ္ဂက လုပ်ကိုင်နေတဲ့ ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးကိစ္စတွေ ကိုလည်း ဆရာတော်တို့အနေနဲ့ ထောက်ခံ ပေးပါ’’ဟု ဌာနေကိုယ်စားလှယ် က လျှောက် ထားခဲ့သည်။

ယင်းသို့ လျှောက်ထားမှု အပေါ် ၀ါဆိုဆရာတော်ကြီးကထောက်ခံပါကြောင်း၊ ၀မ်းသာပါကြောင်း ပြန်လည်မိန့်ကြားခဲ့သည်။
ထို့ပြင် သီရိလင်္ကာနိုင်ငံ ရွှေကျင်ဂိုဏ်းကိုယ်စားပြုတက် ရောက်သော အဆိုပါ နိုင်ငံသားဆရာတော်က ကမ္ဘာပေါ်တွင် လူသားများတိုးမြှင့်ခံစားလာရသော စိတ်ပိုင်းဆိုင်ရာ အားနည်းလာမှုအပေါ် လျော့ကျသက်သာစေရန် စိတ်စွမ်းအားကို တိုးမြှင့်ပေးနိုင်သည့် ၀ိပဿနာပြန့်ပွားရေးကိစ္စများကို ရွှေကျင်ဂိုဏ်းဝင်ဆရာတော်များ ဦးစားပေးဆောင်ရွက်စေလိုကြောင်း အစည်းအဝေးသို့ တင်ပြလျှောက်ထားခဲ့သည်။

ဇန်န၀ါရီ ၂၇ မှ ၂၉ ရက်အ ထိ သုံးရက်ကြာပြုလုပ်မည့် အ ဆိုပါ အစည်းအဝေးသို့ ပြည်တွင်း ပြည်ပမှ ရွှေကျင်ဂိုဏ်းဝင် ဆရာတော် ၁,၀၀၀ ခန့်တက်ရောက်ခဲ့ကြပြီး ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များ တင်ပြခြင်း၊ ရှင်းလင်းဆွေးနွေးခြင်း၊ သာသနာ တော်သန့်ရှင်းရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခြင်း အစရှိသည် များကို ဆောင်ရွက် ကြမည် ဖြစ်သည်။

ဖွင့်ပွဲ အခမ်းအနားသို့ ယခင်တပ်မတော်အစိုးရ အကြီးအကဲ တာဝန် ထမ်းဆောင်ခဲ့ သူများ၏ ဇနီးများတက်ရောက်ခဲ့ပြီး ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး(ငြိမ်း)၏ ဇနီး ဒေါ်မြမြစန်း၊ ဒုတိယဗိုလ်ချုပ်ကြီးတင်ဦး(ကွယ်လွန်)၏ဇနီး ဒေါ်ခင်သန်းနွဲ့၊ ဗိုလ်ချုပ်ကြီး စိုးဝင်း(ကွယ်လွန်)၏ဇနီး ဒေါ်သန်းသန်းနွဲ့၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်(ငြိမ်း)၏ဇနီး ဒေါက်တာဒေါ်တင်လင်းမြင့်တို့ တက်ရောက်ခဲ့ကြသည်။

ထို့ပြင် အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်ပါတီ နာယကဦးတင် ဦးနှင့် လက်ရှိ ပြည်ထောင် စုဝန် ကြီးများဖြစ်သည့် ဦးဝင်းမြင့်နှင့် ဦးစိုးဝင်းတို့လည်း တက်ရောက် ခဲ့သည်။

7Day daily

No comments: