Tuesday, December 02, 2014

စစ်ပြေးဒုက္ခသည်တွေအတွက် အနုပညာရှင်တွေ အလှူငွေကောက်ခံမှု စတင်

Tuesday, December 2, 2014

ကချင်ပြည်နယ်က စစ်ပြေးဒုက္ခသည်တွေကို ကူညီထောက်ပံ့ဖို့အတွက် အနုပညာရှင်တွေနဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ We Love Myanmarပရဟိတအဖွဲ့ဟာ ဒီဇင်ဘာ ၁ရက်နေ့ကစပြီး ရန်ကုန်မြို့အနှံ့ အလှူငွေတွေ လိုက်လံကောက်ယူမှုကို စတင်လိုက်ပါပြီ။


ဒီလှုပ်ရှားမှုမှာ ပါဝင်တဲ့ အနုပညာသမားတွေဟာ မညီးမညူပါဝင်လာကြပြီး ကျပ် ၅သိန်းနဲ့ ၅သိန်းအထက် လှူဒါန်းတဲ့ အလှူရှင်တွေဆီ အိမ်တိုင်ရာရောက် ကောက် ခံသွားမယ်လို့ ဆိုထားတာကြောင့် လှူချင်တဲ့သူတွေ များနေလို့ လမ်းကြောင့် သင့်တဲ့ သူတွေအကုန်းလုံး ဘယ်လောက်လှူလှူ ကောက်ခံသွားမယ်လို့ Myanmar Media 7 က ကိုဝေမင်းမောင်က ပြောပါတယ်။

တစ်နေ့ကို လူ ၁၅ဝလောက် ကောက်ခံသွားဖို့ စီစဉ်ထားပေမယ့် လက်တွေ့မှာ ၇ဝ၊ ၈ဝလောက်ပဲ ကောက်ခံနိုင်တဲ့ အခြေအနေရှိနေပြီး အနုပညာသမားတွေ အတွက် အချိန် ၂ရက်ဆိုတာ များနေတာကြောင့် အလှူငွေ ကြီးကြီးမားမားရဖို့ မမျှော်လင့်ဘဲ ရသလောက်ပဲ လှူသွားမယ်လို့ ဆိုပါတယ်။

We Love Myanmar ပရဟိတအစီအစဉ်အတွက် Ve Ve အချိုရည်က ကျပ်ငွေ သိန်း ၄ဝနဲ့ အချိုရည်ကတ် တစ်ရာ၊ Air KBZ က ကျပ် ၂၅သိန်း လှူဒါန်းခဲ့ပြီး အလှူငွေကောက်ခံမှုမှာတော့ အနုပညာရှင် ၆၆ယောက် ပါဝင်ခဲ့ပါတယ်။
အနုပညာသမားမဖြစ်ခင်ကတည်းက ပရဟိတကိုအမြဲလုပ်ဖြစ်ပြီး ကိုယ်တိုင်ကိုယ်ကျ ပါဝင်လှုပ်ရှားဖို့ စိတ်အားထက်သန်တယ်လို့ ပြောလာသူက အဆိုတော် အစ္စဏီပါ။ အခွင့်အရေးရမယ်ဆိုရင်လည်း ကချင်ပြည်နယ်က စစ်ပြေးဒုက္ခသည်တွေဆီ လိုက်လံလှူဒါန်းချင်ပါတယ်လို့ ဆိုပါတယ်။

ကမာရွတ်မီဒီယာ

No comments: