Tuesday, November 25, 2014

ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံ

Tuesday, November 25, 2014

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ဟာ ပြည်ထောင်စု တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်တွေနဲ့ နေပြည်တော် စည်ပင် ဧည့်ရိပ်သာဝင်းမှာ နိုဝင်ဘာ ၂၄ ရက် ညနေပိုင်းက တွေ့ဆုံခဲ့ပါတယ်။


ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ရေး ကိစ္စ၊ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်ဒီ) က သတင်းထုတ်ပြန်ထားပါတယ်။

၎ ပွင့်ဆိုင်တွေ့ဆုံရေးနဲ့ ပက်သက်လို့လည်း တိုင်းရင်းသားတွေဖက်က ပူးပေါင်း ဆောင်ရွက်ဖို့နဲ့ လက်ရှိ တိုင်းပြည်မှာ ကြုံနေရတဲ့ အခက်အခဲတွေကို မကြာခဏ တွေ့ဆုံ အဖြေရှာဖို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့တယ်လို့ အန်အယ်ဒီ သတင်းထုတ်ပြန်ချက်က ဆိုပါတယ်။

DVB

No comments: