Monday, November 03, 2014

တောင်ကိုရီးယားသမ္မ မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာမယ်

Sunday, November 2, 2014

တောင်ကိုရီးယားနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ ပတ်ဂွန်ဟေးဟာ မြန်မာနိုင်ငံမှာ ကျင်းပမယ့် အရှေ့အာရှ ထိပ်သီးအစည်းအဝေးနဲ့ ASEAN+3 အစည်းအဝေး တက်ရောက်ဖို့ မြန်မာနိုင်ငံသို့ လာမှာဖြစ်ပါတယ်။
တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာန အကြီးတန်း အတွင်းရေးမှူးက နိုဝင်ဘာလ၂ရက်နေ့မှာ မီဒီယာတွေကို အခုလို ပြောဆိုလိုက်ပါတယ်။


သမ္မတ ပတ်ဂွန်ဟေးဟာ လာမယ့် သီတင်းပတ်အတွင်းမှာ တရုတ်၊ မြန်မာနဲ့ သြစတြေးလျ နိုင်ငံတွေကို သွားရောက်ဖို့ စီစဉ်ထားပြီး တရုတ်နိုင်ငံကနေတစ်ဆင့် မြန်မာနိုင်ငံသို့ လာမှာဖြစ်တယ်လို့ သူက ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ နိုဝင်ဘာလ ၁၂ ရက်နေ့ကနေ နိုဝင်ဘာလ ၃ ရက်နေ့အထိ နေထိုင်မှာဖြစ်ပြီး G-20 အစည်းအဝေးသို့ တက်ရောက်ဖို့ သြစတြေးလျနိုင်ငံသို့ ခရီးဆက်မယ်လို့ တောင်ကိုရီးယား အခြေစိုက် Korea Herald ဌာနရဲ့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

သမ္မတ ပတ်ဂွန်ဟေးဟာ ASEAN+3 ထိပ်သီး အစည်းအဝေးမှာ မြောက်ကို ရီးယားနိုင်ငံရဲ့ နျူကလီးယားလက်နက် ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး ပိတ်ပင် တားဆီးနိုင်ရေး ဖိအားပေးပြောကြားဖို့ စီစဉ်ထားတယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာန အကြီးတန်း အတွင်းရေးမှူးက ပြောဆိုထားပါတယ်။

The Voice Weekly

No comments: