Tuesday, November 25, 2014

အီတလီပထမဆုံးအမျိုးသမီးအာကာသ သူရဲကောင်း နိုင်ငံတကာအာကာသ စခန်းသို့ ရုရှားဂြိုဟ်တုနှင့် လိုက်ပါ

Tuesday, November 25, 2014

ရုရှားအာကာသယာဉ်ဆိုယု သည် အီတလီနိုင်ငံ၏ ပထမဆုံးအ မျိုးသမီး အာကာသယာဉ်မှူးကို အောင် မြင်စွာသယ်ဆောင်၍ နိုင်ငံတကာ အာကာသအခန်း ISS သို့မောင်းနှင် လျက်ရှိကြောင်း AFP သတင်းက ဖော်ပြခဲ့သည်။


ဆာမာသာခရစ္စတိုဖော်ရက် တီသည် ရုရှားအာကာသယာဉ်မှူး အန်တန်ရှကာပလာရို့ဗ်နှင့် အမေရိ ကန် အာကာသယာဉ်မှူးတယ်ရီ ဗတ်တို့နှင့်အတူ ဆိုယု TMA-15M အာကာသယာဉ်နှင့်လိုက်ပါ ခဲ့သည်။

ဆိုယုအာကာသယာဉ်အား ကာဇတ်စတန်ရှိ ရုရှားဘိုင်ကိုနာ အာကာသစခန်းမှ ဂရင်းနစ်စံတော် ချိန် ၂၁ဝ၁ အချိန်လွှတ်တင်ခဲ့ခြင်း ဖြစ်ကြောင်း ရုရှား အာကာသအေ ဂျင်စီ ရို့စ်ကိုစ်မိုစ်က ပြောကြားခဲ့ သည်။

ဆိုယုသည် ကမ္ဘာပတ်လမ်း ကြောင်းအတွင်း ဘေးကင်းစွာလည် ပတ်လျက်ရှိသည်။

ISS စခန်း၌ချိတ် ဆက်ရပ်နားမည်ဖြစ်ကြောင်း နာ ဆာ၏ကြေညာချက်၌ ဖော်ပြခဲ့သည်။

ဗီဒီယိုများ၏ ထုတ်ပြန်ချက်အရ တယ်ရီဗတ်က ပြုံးလျက်လက်မထောင် ပြနေသည့်ပုံကို တွေ့ရသည်။

ခရစ္စတိုဖော်ရက်တီ၊ ဗတ်နှင့် ရှကာပလာရို့ဗ်တို့သည် ခြောက်နာရီ ကျော်ကြားပြီးနောက် ISS သို့ရောက် မည်ဖြစ်ပြီး ISS စခန်း၌ ၂ဝ၁၅ မေလအထိ နေထိုင်ကြမည်ဖြစ် ကြောင်း သိရသည်။

AFP

Yangon Media Group

No comments: