Tuesday, November 11, 2014

စစ်မဲ့ဇုံအတွင်းသို့ ချဉ်းကပ်လာသော မြောက်ကိုရီးယား ကင်းလှည့်တပ်ဖွဲ့ကို တောင်ကိုရီးယားက သတိပေး ပစ်ခတ်မှုပြုလုပ်


မြောက်ကိုရီးယား စစ်သင်္ဘောတစ်စင်းအား တွေ့ရစဉ်။ (ဓာတ်ပုံ - အေအက်ဖ်ပီ)

မြောက်ကိုရီးယား ကင်းလှည့်တပ်ဖွဲ့သည်  နိုဝင်ဘာ ၁၀ ရက်က စစ်မဲ့ဇုန် (DMZ) ဟုခေါ်တွင်းသော နယ်စပ်အတွင်းသို့ ချဉ်းကပ်ဝင်ရောက်မှုကြောင့် တောင်ကိုရီးယား တပ်ဖွဲ့ဝင်များသည် သတိပေးသည့်အနေဖြင့် ပစ်ခတ်မှုပြုလုပ်ခဲ့သည်။

အပြန်အလှန်ပစ်ခတ်မှုများ မရှိခဲ့ကြောင်းနှင့်မြောက်ကိုရီးယား ကင်းလှည့်တပ်ဖွဲ့သည် စစ်ဘက်ဆိုင်ရာ နယ်နမိတ်စည်းမျဉ်းမှဝေးရာသို့ ထွက်သွားခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားသည်။မကြာသေးမီလများက ကိုရီးယားနိုင်ငံအချင်းချင်းမြေပြင်နှင့် ပင်လယ်ဆိုင်ရာ နယ်စပ်များ တစ်လျှောက်တွင် အသေးစား အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပွားခဲ့သည်။

နောက်ဆုံးဖြစ်ပွားခဲ့သော ယင်းဖြစ်ရပ်သည် ဆိုးလ်စံတော်ချိန် ၉ နာရီမိနစ် ၄၀ အချိန်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်းနှင့်မြောက်ကိုရီးယား တပ်ဖွဲ့ဝင် ၁၀ ဦးခန့်သည် ယင်းအချိန်က နယ်နမိတ်မျဉ်းအတွင်းသို့ ဦးတည်ချည်းကပ်လာခဲ့ကြောင်းပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

"ကျွန်တော်တို့ဘက်က သတိပေးချက် ထုတ်ပြန်ခဲ့ပြီးတဲ့နောက်မှာ သတိပေးတဲအနေနဲ့ သေနတ် အချက်၂၀ ခန့် ပစ်ခတ်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ မြောက်ကိုရီးယား ကင်းလှည့်တပ်ဖွဲ့ဟာ ဆုတ်ခွာခဲ့ပါတယ်" ဟု ပြောရေးဆိုခွင့် ရှိသူက ပြောကြားသည်။


Written by  အေအက်ဖ်ပီ (ဆိုးလ်)


No comments: