Monday, October 13, 2014

KIO နယ်မြေများတွင် အာဖဂန်နစ္စတန်ဘိန်းများ ရောင်းဝယ်သုံးစွဲမှုကြောင့် KIA နှင့် ဘင်္ဂါလီကိစ္စ စိုးရိမ်စရာ ဖြစ်လာ

Monday, October 13, 2014

ကချင်ပြည်နယ်၊ ကချင်လွတ်မြောက်ရေးအဖွဲ့(KIO) နှင့် ကချင် လွတ်မြောက်ရေးတပ်မတော်(KIA) ထိန်းချုပ်နယ်မြေ များတွင် အာဖဂန်နစ္စတန်ဘိန်းများ ရောင်းဝယ်သုံးစွဲနေခြင်းနှင့်ပတ်သက်၍ ဘင်္ဂါလီနှင့် KIA ပူးပေါင်း ရေးကိစ္စ ပိုမိုစိုးရိမ်ဖွယ် ဖြစ်လာကြောင်း ဒေသခံများထံမှ သိရသည်။


၎င်းတို့၏ ဗဟိုဌာနချုပ် လိုင်ဇာအပါအ၀င် ကျောက်စိမ်းထွက်ရှိရာ ဖားကန့်၊ လုံးခင်းဒေသများနှင့် ပယင်း ကျောက်ထွက်ရှိရာ တနိုင်း ဒေသ ပယင်းမှော်များတွင် မကြာမီရက်ပိုင်းမှ စတင်ကာ သုံးစွဲနေ ကြကြောင်း သိရ သည်။

``လိုင်ဇာမှာ အာဖဂန်နစ္စတန်က ဘိန်းတွေရောက်နေတာ သေချာ တယ်၊ သူတို့တပ်ဖွဲ့ဝင်တွေပဲသုံးနေကြတာ၊ အရင်ကဆိုရင် ဒီ တနိုင်းထွက်ဘိန်းနဲ့ ပင်လောင်းဘက်ကထွက်တဲ့ ဘိန်းပဲသုံးကြတာ၊ နယ်စပ်က ၀င်လာတာလို့တော့ သိရတယ်´´ဟု လိုင်ဇာမြို့ခံ တစ်ဦးကပြောသည်။

အဆိုပါဘိန်းများသည် အိန္ဒိယ-ပါကစ္စတန်နယ်စပ်မှတစ်ဆင့် တနိုင်းဒေသသို့ ၀င်ရောက်ကာ KIA ထိန်းချုပ်နယ်မြေများသို့ ဖြန့်ဖြူးလျက်ရှိပြီး ဘင်္ဂါလီလက်နက်ကိုင်တပ်များ အခြေချနေထိုင်ခွင့်ရရေး ဘိန်းများဖြင့် အလဲအလှယ်လုပ်ခြင်းလည်း ဖြစ်နိုင်ကြောင်း ဒေသခံတစ်ဦးကပြောသည်။

``ဖားကန့်မှာဆိုရင် ပေါ်တင်ရောင်းနေတာ၊ အဲဒီဘိန်းထုပ်ပါကင်တွေပေါ်မှာ ကုလားစာတွေရေးထားတယ်လို့ သုံးတဲ့လူ တွေက ပြောတယ်၊ ဒေသခံတွေအတွက်တော့ ရင်လေးစရာပါဗျာ၊ နဂိုကတည်းက ဘိန်းစားတွေဖြစ် နေပါတယ်ဆိုမှ အခုဆိုရင်ပိုဆိုးတော့မှာ´´ဟု ဖားကန့်မြို့ခံတစ်ဦးကဆိုသည်။

အဆိုပါ ဘိန်းရောင်းချသူများသည် KIA အဖွဲ့အား ဘိန်းဆက်ကြေးအဖြစ် တစ်လလျှင် သိန်း(၅၀)ပေးဆောင် နေရပြီး ယခုလိုဘိန်းများဝင်ရောက်လာမှုကြောင့် KIA နှင့်ဘင်္ဂါလီ လက်နက်ကိုင်အဖွဲ့တို့ ပူးတွဲကာ အကြမ်းဖက်သင်တန်း ဖွင့်မည် ဟူသော သတင်းများမှာ ပိုမိုသံသယဖြစ်ဖွယ်ကောင်းလာပြီး ကချင်ပြည်နယ်တွင် အခြေချ နေထိုင်လာမှာကို ဒေသခံများက စိုးရိမ်နေကြကြောင်း သိရှိရပါသည်။

Kachin Daily News

No comments: