Friday, October 10, 2014

အစိုးရဝန်ထမ်းနှင့် အရပ်သားနှစ်ဦးကို ဖမ်းဆီးခဲ့သည်ဆိုသည့် ကလိုထူးဘောအဖွဲ့မှ ဗိုလ်မှူးနှင့်တပ်ဖွဲ့ဝင်နှစ်ဦးကို တပ်မတော်သို့အပ်

Friday,October 10, 2014

အစိုးရဝန်ထမ်းနှစ်ဦးနှင့် အရပ်သားနှစ်ဦးကို ဖမ်းဆီးခဲ့သည်ဟု စွပ်စွဲခံထားရသည့် ကလိုထူးဘောအဖွဲ့မှ ဗိုလ်မှူးနှင့် တပ်ဖွဲ့ဝင်နှစ်ဦးကို ဒီကေဘီအေဌာနချုပ်က ထိန်းသိမ်းကာ အစိုးရတပ်ထံ အပ်နှံခဲ့ကြောင်း သတင်းရရှိသည်။


‘‘ဒီကေဘီအေက ဗိုလ်ချုပ် ကြီးစောလားပွယ်အဖွဲ့ကနေဖမ်း ပြီး စစ်တပ်ကို အပ်တယ်။ စစ် တပ်ကမှတစ်ဆင့် ကျွန်တော်တို့ ဆီကို လာအပ်တာပါ။ အခုစခန်း မှာ ထိန်းသိမ်းထားပါတယ်’’ဟု မြဝတီခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲ အရာရှိတစ်ဦးက ပြောသည်။

ဝေါလေမြို့နယ်ခွဲမှ တိ-မွေး-ကုဌာန အရာရှိတစ်ဦးနှင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဝန်ထမ်းတစ်ဦးပါဝင်ပြီး အမျိုး သမီးတစ်ဦး၊ (၃)နှစ်အရွယ်ကလေး ငယ်တစ်ဦးတို့ကို ကလိုထူးဘော အဖွဲ့မှ တပ်ဖွဲ့ဝင်အချို့က အောက် တိုဘာ ၆ ရက်တွင်ဖမ်းဆီးခဲ့ပြီး အောက်တိုဘာ ၇ ရက်၌ ပြန် လွှတ်ပေးခဲ့ကြောင်း မြဝတီမြို့မရဲ စခန်းမှ သတင်းရရှိသည်။

လွတ်မြောက်လာသူ တိ- မွေး-ကုဌာန အရာရှိအမျိုးသား က တရားလိုလုပ်ကာ မြဝတီရဲ စခန်းတွင် အောက်တိုဘာ ၇ ရက် က အမှုဖွင့်ခဲ့ပြီး ထိုနေ့တွင်ပင် ပြစ်မှုကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံခဲ့ ရသူများကို ဒီကေဘီအေဌာနချုပ် က ထိန်းသိမ်း၍ အစိုးရတပ်ထံ အပ်ခဲ့ခြင်းဖြစ်သည်။

ဒီမိုကရေစီအကျိုးပြု ကရင် အမျိုးသားတပ်မတော် (DKBA)စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စော လားပွယ်၏ အစီအစဉ်ဖြင့် အစိုး ရတပ်ခြေလျင်တပ်ရင်း ခလရ (၂၇၅)ထံအပ်နှံခဲ့ပြီး ကလို့ထူး ဘောအဖွဲ့ (ယခင်ဒီကေဘီအေ ရခိုင်တပ်)မှ ဗိုလ်မှူးအဆင့်ရှိသူ တစ်ဦးနှင့် တပ်ဖွဲ့ဝင်နှစ်ဦးကို လာရောက်အပ်နှံခဲ့ခြင်းဖြစ်ကြောင်း အမှုစစ်ရဲအရာရှိက ပြောသည်။

7 Day Daily

No comments: