Tuesday, September 09, 2014

နမ့်ခမ်းမှာ သတ္တုတူးဖေါ်မှုကြောင့် ဒေသခံတွေ ဒုက္ခရောက်

Tuesday, September 09, 2014

ရှမ်းပြည်နယ် နမ့်ခမ်း ဒေသ အတွင်း သတ္တုတူး ဖေါ်ရေး လုပ်ငန်းတွေကြောင့် သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်ပြီး ဒေသခံ လယ်သမားတွေ အတွက် ဒုက္ခဖြစ်နေ ကြတာ ကြောင့် ဒါတွေကို ရပ်တန့် ပေးဖို့ ရှမ်းလူထု အခြေပြု အဖွဲ့အစည်း ၁၁ ဖွဲ့ ကနေ ကြေညာချက်ထုတ် တောင်းဆို လိုက်ပါတယ်။

လယ်သမားတွေရဲ့ လယ်ယာတွေ လမ်းတွေနဲ့ ဒေသခံတွေ အသုံးပြု နေတဲ့ ရေချောင်းလည်း ပျက်စီးမှုတွေ ရှိနေတဲ့အတွက် အခြေအနေဟာ ဆိုးဝါးနေတယ်လို့ ရှမ်းလူ ထု အခြေပြု အဖွဲ့တွေ ထဲက ပြောရေး ဆိုခွင့်ရှိသူ နန်းမွေနွမ်ဟွမ် က ဘီဘီစီကို ပြောပါတယ်။

နောက်ပြီး တိုင်းရင်းသား တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ပြုလုပ်နေစဉ် ဒီလို သတ္တု ထူးဖေါ်ရေး တွေ မလုပ်ဖို့ကိုလည်း အဲဒီအဖွဲ့တွေ က တောင်းဆို ထားပါ တယ်။

ရှမ်း ပြည်နယ်ရဲ့ ပြည်နယ် သတ္တုတွင်း ဝန်ကြီး ဖြစ်တဲ့ ဦးစိုင်းအိုက်ပေါင်း ကတော့ ဒီကိစ္စကို ပြည်ထောင်စု အစိုးရနဲ့ လွှတ်တော် ကို တင်ပြ ထားပြီ ဖြစ်လို့ မကြာ ခင် လာရောက် စစ်ဆေး တာတွေ လုပ်မှာ ဖြစ်ကြောင်း ပြောပါတယ်။

ဒီလုပ်ငန်းတွေဟာ ပြည်ထောင်စု အစိုးရက ချမှတ် ပေးထားတာ ဖြစ်လို့ ပြည်နယ် အစိုးရ အနေနဲ့ ပြည်ထောင်စု အစိုးရကို မှတ်ချက် ပေး တာသာ လောက်သာ လုပ်နိုင်ကြောင်း ဦးစိုင်းအိုက်ပေါင်းက ပြောပါတယ်။

BBC

No comments: