Friday, September 12, 2014

သမ္မတရဲ့ ဥရောပခရီးစဉ်မှာ ဘာတွေရခဲ့သလဲ

Friday, September 12, 2014
သမ္မတဦးသိန်းစိန်၏ ဆယ်ရက်ကြာ ဥရောပခရီးစဉ်အတွင်း မြန်မာနိုင်ငံတွင်    ဖက်ဒရယ်စနစ် ကျင့်သုံးရေးနှင့် နိုင်ငံရေးပြုပြင် ပြောင်းလဲမှုဖြစ်စဉ်များတွင် ပူး ပေါင်းဆောင်ရွက်မည့် ကတိက ၀တ်များရခဲ့ပြီး ဦးသိန်းစိန်အစိုးရ အပေါ် အပြုသဘောဆောင်သည့် ထောက်ခံအားပေးမှုကို ကမ္ဘာကို ပြနိုင်ခဲ့သည့် ခရီးစဉ်ဖြစ်ကြောင်း သမ္မတခရီးစဉ်လိုက်ပါသွားသူ များနှင့် သံတမန်ရေးရာ အသိုင်း အ၀ိုင်းက သုံးသပ်ပြောကြား သည်။

သို့သော် နိုင်ငံရေးအင်အား စုများကမူ ဥရောပနိုင်ငံများသည် ၎င်းတို့၏ အကျိုးစီးပွားနှင့် နိုင်ငံခြားရေးမူဝါဒအတွက် အဓိကပုံဖော်ရန် ကြိုးစားခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းလက်တွေ့အခြေအနေ များကို တိုက်တွန်းပြောကြားရန် အလေးထားမှုနည်းပါးခဲ့ကြောင်း ဝေဖန်ပြောဆိုမှုများရှိနေသည်။

ယခုခရီးစဉ်မတိုင်မီ ဦးသိန်း စိန်က ဘင်္ဂါလီဒုက္ခသည်များကို ပြန်လည်စိစစ်လက်ခံရန် ဘင်္ဂ လားဒေ့ရှ်အစိုးရနှင့် သဘောတူ လိုက်ခြင်း၊ ပြည်တွင်းငြိမ်းချမ်း ရေးနှင့် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးဆွေးနွေးပွဲတွင် ဖက်ဒ ရယ်ပြည်ထောင်စုစနစ်ကို အစိုးရ က သဘောတူလိုက်ခြင်း၊ ကချင် ပြည်နယ်တွင် ဖြစ်ပွားနေသော တိုက်ပွဲများကို ခေတ္တရပ်တန့် လိုက်နိုင်ခြင်း စသည့်ရလဒ် ကောင်းများကြောင့် ဥရောပသုံး နိုင်ငံခရီးစဉ်အတွင်း ဆွေးနွေးပွဲ များ ချောမွေ့ခဲ့ခြင်း ဖြစ်သည်။

ဆယ်ရက်ကြာခရီးစဉ်အပြီး မြန်မာက ချက်ချင်းရမည့်အကူအ ညီမှာ အစိုးရ၀န်ထမ်းနှင့် အရပ် သားများအတွက် ဥရောပသုံးနိုင်ငံက ပညာတော်သင်ဆုများခေါ်ယူ ခြင်း၊ စိုက်ပျိုးရေးကဏ္ဍတွင် ရင်း နှီးမြှုပ်နှံခြင်း၊ ပညာရပ်များဖြန့် ဝေခြင်းတို့ ဖြစ်သည်။

နောက်တစ်ဆင့်မှာ မြန်မာ နိုင်ငံ၏ ရေမြေသဘာဝသယံဇာ တများ စီမံခန့်ခွဲခြင်းအတွက် နယ် သာလန်နိုင်ငံမှ ယူရိုသုံးသန်းနှင့် မဟာဗျူဟာစီမံချက်များ ရရှိမည် ဖြစ်သည်။

ထို့ပြင် မြန်မာနိုင်ငံဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငါးနှစ် စီမံကိန်းဖြင့် ဆွစ်ဇာလန်နိုင်ငံက ဒေါ်လာ ၁၆၄ သန်းကူညီရန် သ ဘောတူညီချက်ရခဲ့သည်။ ဂျာမနီ က ယခုနှစ်ဆန်းပိုင်းကတည်းက မြန်မာတင်ရှိနေသည့် အကြွေး ထက်ဝက်ကို လျှော်ပစ်ခဲ့ပြီး ကျန် ထက်ဝက်ကို ၁၅ နှစ်အတွင်း ပြန် ဆပ်ရန် လိုက်လျောပေးခဲ့ပြီး ဖြစ် သည်။

‘‘နိုင်ငံရေးမှာ ကျွန်တော်တို့ ပြုပြင်ပြောင်းလဲရေးမှာတွေ့နေရ တဲ့ စိန်ခေါ်မှုတွေ၊ ဒါတွေကို ကျော်လွှားနိုင်မယ့် ပူးပေါင်းဆောင်ရွက် မှုတွေလုပ်ဖို့ ကတိက၀တ်တွေရခဲ့ တာ ဖြစ်တယ်။ ရခိုင်ကိစ္စလည်း ဆွေးနွေးတဲ့အထဲ မပါကြဘူး။ ဖိ အားလည်း မပေးဘူး။ နယ်သာ လန်မှာပဲ ပါလီမန်အမတ်တစ် ယောက်က ရိုဟင်ဂျာကိစ္စမေး သွားတာပဲရှိတယ်။ ဖက်ဒရယ် ပြည်ထောင်စုစနစ်တည်ထောင်ဖို့ ကိုလည်း သူတို့က တော်တော် လေးကူညီလက်တွဲပေးနိုင်တယ်။ ဒါက နောက်ဆက်လုပ်သွားရမှာ ပေါ့’’ဟု သမ္မတခရီးစဉ်တွင် လိုက် ပါသွားသူ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ပြောသည်။

အထူးသဖြင့် ပြည်ပခရီးစဉ် တိုင်းလိုလိုတွင် ဖိအားပေးခံရ သော ရခိုင်ပြည်နယ်ပဋိပက္ခနှင့် လူ့အခွင့်အရေးကိစ္စရပ်များကို ဥရောပသုံးနိုင်ငံ ခေါင်းဆောင် များက သမ္မတဦးသိန်းစိန်ထံ တရားဝင် ပြောကြားခဲ့ခြင်းမရှိ သည့် အချက်ပင်ဖြစ်သည်။ မြန်မာအစိုးရ၏ စိန်ခေါ်မှုများကို အပြစ် တင်ခြင်းထက် ပူးပေါင်းကူညီဖြေ ရှင်းသည့်နည်းလမ်းကို သုံးနိုင်ငံ လုံးက ကျင့်သုံးခဲ့ခြင်း ဖြစ်သည်။

ခရီးစဉ်အောင်မြင်ခြင်း၊ မ အောင်မြင်ခြင်းမှာ စကားလုံးများ ကိုကြည့်၍ ဆုံးဖြတ်နိုင်မည်မ ဟုတ်ဘဲ သဘောတူညီချက်များ ကို လက်တွေ့အကောင်အထည် ဖော်မှုရှိ၊ မရှိပေါ် မူတည်ကြောင်း ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်းမှ ကိုဂျင်မီက ပြော သည်။

‘‘အခု သမ္မတသွားတဲ့ သုံး နိုင်ငံထဲမှာ ဂျာမနီနဲ့ ဆွစ်ဇာလန် က စစ်အစိုးရလက်ထက်ကတောင် နည်းနည်းလေးသဘောထားပျော့ ပျောင်းတဲ့ နိုင်ငံတွေဖြစ်တယ်။ နယ်သာလန်တစ်ခုပဲ နည်းနည်း တင်းမာတယ်။ အခု သမ္မတက နယ်သာလန်ကို ၀င်လေ့လာတဲ့ သဘောပဲ။ နယ်သာလန်က သူ့ကိုလာကြိုတာတောင် လေဆိပ်မှာ အကြီးအကဲအဆင့်မဟုတ်ဘူး။ ခြုံပြောရရင် ဒီသုံးနိုင်ငံက တခြား EU နိုင်ငံတွေလောက် မြန်မာပြည် နဲ့ ပတ်သက်လို့ သိပ်ဖိဖိစီးစီးတိုက် တွန်းလုပ်ခဲ့တာမဟုတ်ဘူး။ ဒါ ကြောင့် ဒီအစိုးရကို ထောက်ခံတာထက် သူတို့နိုင်ငံတွေရဲ့ မူဝါဒတွေကို အကောင်အထည်ဖော်ဖို့ အဓိကကြိုးစားနေကြတာပဲ’’ဟု ၎င်းက ပြောသည်။

ထို့ပြင် ပြည်တွင်းဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ ပြည်တွင်း ကသာလုပ်ရမည်ဖြစ်ပြီး ပြုပြင် ပြောင်းလဲရေးကို ထိခိုက်လာပါကမည်သည့်နိုင်ငံခြားတိုင်းပြည်ကိုမှ လက်ခံမည်မဟုတ်ကြောင်း ၎င်း က ဆက်လက်ပြောသည်။

မြန်မာနိုင်ငံတွင် မြေသိမ်း ယာသိမ်းပြဿနာ၊ အဂတိလိုက် စားမှုနှင့် တရားစီရင်ရေးတွင် အုပ်ချုပ်ရေးပိုင်းက လွှမ်းမိုးနေခြင်း၊ ပြည်သူများ၏ အခြေခံလွတ်လပ် ခွင့်နှင့် ဥပဒေများမှာ အာမခံချက် မရှိသေးခြင်း၊ ဆင်းရဲနွမ်းပါးမှု ပြ ဿနာနှင့် အကြမ်းဖက်ပဋိပက္ခ များ စသည့်ပြဿနာများရှိနေ ကြောင်း ပြည်တွင်းနိုင်ငံရေး အင် အာစုများက ထောက်ပြပြောဆိုမှု များရှိနေသည်။

‘‘ကျွန်တော်တို့ ပြီးပြည့်စုံ တယ်လို့ မပြောဘူး။ ကျွန်တော် တို့မှာ အားနည်းချက်တွေရှိတယ်။ ဒါပေမဲ့ ဒါကို အပြုသဘောနဲ့ ထောက်ပြမယ်။ ၀ိုင်းဝန်းပူးပေါင်း ဆောင်ရွက်မယ်ဆိုရင် နောက် ထပ်မျိုးဆက်တွေအတွက် အနာ ဂတ်ကောင်းပေးနိုင်မှာပေါ့။ ဒီလို မဟုတ်ဘဲ ပါတီစွဲပုဂ္ဂိုလ်စွဲတွေနဲ့ ချဉ်းကပ်ပြီးတော့မှ ဖျက်လိုဖျက် ဆီး   လုပ်နေမယ်ဆိုရင်တော့ ရောက်သင့်တဲ့ ခရီးကို ရောက်မှာ မဟုတ်ဘူး’’ဟု ဦးရဲထွဋ်က ဆို သည်။

အထူးသဖြင့် ဂျာမနီသည် မဆလအစိုးရလက်ထက်က တည်းက မြန်မာနိုင်ငံတွင် လက် နက်စက်ရုံတည်ဆောက်ပေးခဲ့ပြီး စစ်အစိုးရနှင့်လည်း    ပြေလည်သည့် ဆက်ဆံရေးကို တည်ဆောက် ထားနိုင်ခဲ့ခြင်းကြောင့် ဂျာမနီကဲ့ သို့ နိုင်ငံများသို့ သွားရောက်တိုင်း အစိုးရ၏ ပြုပြင်ပြောင်းလဲရေး အောင်မြင်သည်ဟုပြောဆိုမှုမှာ လိုတာထက် ပိုသည့် ခန့်မှန်းမှုများပင်ဖြစ်ကြောင်း နိုင်ငံရေးဆောင်းပါးများရေးသားသူ ဒေါက်တာ ရန်မျိုးသိမ်းကပြောသည်။

‘‘တကယ်တော့ ဂျာမနီက ဥရောပရဲ့ တရုတ်ပဲ။ အစိုးရနဲ့ အရမ်းအလွမ်းသင့်အောင်နေ တယ်။ အကူအညီတွေ မြန်မာကို ပေးတာကို ထောက်ခံပါတယ်။ ဒါပေမဲ့ ဒီမှာ အစိုးရယန္တရားဟာ မကောင်းတဲ့အတွက် ဒီအကူအညီတွေဟာ အောက်ခြေပြည်သူတွေ ဆီရောက်ဖို့ ခဲယဉ်းတယ်။ အိတ် ပေါက်နဲ့ ဖားကောက်သလိုပဲဖြစ် နေလိမ့်မယ်’’ဟု ၎င်းက ပြော သည်။

သံတမန်အခင်းအကျင်းအ ရ ကြည့်ပါက ခရီးစဉ်တစ်ခုလုံး တွင် မြန်မာ၏ ပြုပြင်ပြောင်းလဲ ရေးလုပ်ငန်းစဉ်ကို အဓိကတွန်း အားပေးပြောကြားခြင်းသာရှိပြီး တစ်ဖက်နိုင်ငံများက မြန်မာအစိုး ရနှင့် တွေ့ဆုံပေးခဲ့သည့် စီးပွား ရေးလုပ်ငန်းများကို လေ့လာပါက ယင်းကုမ္ပဏီများသည် မြန်မာနှင့် ပူးပေါင်းလုပ်ကိုင်ရန်   ဖော်ပြနေ ကြောင်း သံအမတ်ကြီးဟောင်း ဦးခင်မောင်ဝင်းက   ပြောကြား သည်။

‘‘ခရီးစဉ်တစ်ခု အောင်မြင် လား၊ မအောင်မြင်လား ဆုံးဖြတ်တဲ့အခါ ခရီးသွားတဲ့ရည်ရွယ်ချက်နဲ့ နှစ်နိုင်ငံဆက်ဆံရေးမှာ နှစ်ဦးနှစ် ဖက်ဘာလိုလားလဲဆိုတာ ကြည့်ရမယ်။ အခု ဒီခရီးစဉ်က ထုတ်ပြန်ချက်တွေအရ    သုံးနိုင်ငံလုံးက အစိုးရကို အပြင်းအထန်ဖိအားပေးတာမတွေ့ရဘူး။ ခြုံငုံပြောရရင် မြန်မာနိုင်ငံရဲ့ Reform Proc-ess ကို ဆက်သွားဖို့ပဲ အဓိကဇောင်းပေးပြီး ပြောတယ်။ သက် ဆိုင်ရာနိုင်ငံတွေက Shell လို စွမ်း အင်ကုမ္ပဏီတွေ၊ Nestle လို ကုမ္ပ ဏီတွေနဲ့ မြန်မာအစိုးရကို တွေ့ ပေးခြင်းဟာ ဒီကဏ္ဍတွေမှာ ပူး ပေါင်းဆောင်ရွက်မယ်လို့ ဖော် ညွှန်းနေတာပဲ’’ဟု ၎င်းကပြော သည်။ သမ္မတဦးသိန်းစိန်က ယခု ခရီးစဉ်အတွင်း သမ္မတဒုတိယ သက်တမ်းအတွက် စဉ်းစားမည် ဖြစ်ပြီး ဖက်ဒရယ်ပြည်ထောင်စု စနစ်ကိုလည်း ဂျာမနီနှင့် ဆွစ်ဇာ လန်နိုင်ငံတွင် လေ့လာခဲ့သည်။ ဆယ်ရက်ကြာခရီးစဉ်အပြီး စက် တင်ဘာ ၁၁ တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့သည်။

7 days

No comments: