Wednesday, September 10, 2014

ဂျော့ဘုရင်(၂)သို့ အလောင်းဘုရားပေးခဲ့သော ရွှေပေလွှာမိတ္တူ ဂျာမနီက မြန်မာထံ ပေးအပ်

Wednesday, September 10, 2014
 မြန်မာဘုရင်အလောင်း မင်းတရားက ၁၇၅၆ ခုနှစ်တွင် ဗြိတိသျှအင်ပါယာ၏ ဒုတိယ မြောက်ဂျော့ဘုရင် ထံသို့ လက်ဆောင်ပေးအပ်ခဲ့သော ရွှေ အစစ်ဖြင့် ပြုလုပ်ထားသည့် ရွှေပေလွှာ၏ ဒစ်ဂျစ်တယ်မိတ္တူ ကို မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ထံပေးအပ်ခဲ့ကြောင်း ဂျာမနီနိုင်ငံခြားရေးဝန်ကြီးဌာနက  သ တင်းထုတ်ပြန်သည်။

၁၇၅၆ခုနှစ်တွင်အလောင်း မင်းတရားသည် တန်ဖိုးကြီးမားသော ပတ္တမြား ၂၄လုံးနှင့် ရွှေစင်ရွှေ သားဖြင့်ပြုလုပ် ထားသော ရွှေပေလွှာကို ဂျော့ဘုရင်ထံပေးပို့ ခဲ့ခြင်းဖြစ်ပြီး  လက်ရှိအချိန်တွင် ဂျာမနီနိုင်ငံ၊ ဟန်နိုဗာမြို့ရှိ စာကြည့်တိုက်၌  ထိန်းသိမ်းပြသ ထားသည်။

သန့်စင်သည့် ရွှေအစစ်ဖြင့် ပြုလုပ်ထားပြီး ကမ္ဘာပေါ်တွင် တစ်ခုတည်းသာရှိပြီး   ရှားပါးသော သမိုင်းဝင်အမွေအနှစ်ပစ္စည်း လည်းဖြစ်သော အဆိုပါရွှေပေ လွှာမိတ္တူကို မြန်မာနိုင်ငံသို့ ပေး အပ်နိုင်ရန် ဂျာမနီနိုင်ငံခြားရေး ၀န်ကြီးဌာနနှင့် သမိုင်းဝင်စာရွက် စာတမ်းများ ထိန်းသိမ်းစောင့် ရှောက်သည့် ဂျာမနီမှ Gottfried Wihelm Leibiniz စာကြည့်တိုက် တို့ ပူးပေါင်း၍ 3D ဒစ်ဂျစ်တယ် နည်းပညာဖြင့် မိတ္တူကူးယူခဲ့ခြင်း ဖြစ်သည်။

ရွှေပေလွှာလွှဲပြောင်းပေး အပ်ရေးအတွက် ၂၀၁၃ခုနှစ်က တည်းက မြန်မာနိုင်ငံ ယဉ်ကျေးမှု ၀န်ကြီးဌာနနှင့် ဂျာမနီနိုင်ငံခြား ရေးဝန်ကြီးဌာနတို့ စီစဉ်ဆောင် ရွက်နေခြင်းဖြစ်ပြီး ဂျာမနီ-မြန် မာသံတမန်ဆက်ဆံရေး  နှစ် (၆၀)အထိမ်း အမှတ်အခမ်းအနားတွင် ရွှေပေလွှာဒစ်ဂျစ်တယ်မိတ္တူကို ပေးအပ်ခြင်းဖြစ်သည်။

ဂျာမနီသမ္မတ ဂျိုအာဂျင် ဂေါက် မြန်မာနိုင်ငံသို့ လာ ရောက်သည့် ခရီးစဉ်ကတည်းက ယင်းရွှေပေလွှာမိတ္တူ ကို ပေးအပ် လိုက်ကြောင်း ကမ်းလှမ်းပြော ကြားခဲ့သည်ဟု မြန်မာနိုင်ငံခြား ရေးဝန်ကြီး ဌာန နိုင်ငံရေး ရာဦးစီး ဌာနမှ အဆင့်မြင့်အရာရှိတစ်ဦး ကပြောကြားသည်။

လွန်ခဲ့သောနှစ်ပေါင်း ၂၅၀ ကျော်က မြန်မာ့လက်မှုအနုပညာ ကို လေ့လာနိုင်မည့်ရွှေပေလွှာ၏ သုံးဖက်မြင်ဒစ်ဂျစ်တယ်မိတ္တူကို ရန်ကုန်မြို့တွင် ခေတ္တပြသ၍ နေ ပြည်တော်ရှိ အမျိုးသားပြတိုက် ၌ ပြသထားမည်ဖြစ်သည်။

  ရွှေပေလွှာဒစ်ဂျစ်တယ်မိတ္တူ ပေးအပ်ခြင်းသည် နှစ်နိုင်ငံယဉ် ကျေးမှုဖလှယ်ရေးအတွက်အ လွန်အရေးကြီးသောဆောင်ရွက် မှုဖြစ်ကြောင်း၊ ၂၀၁၃ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သောယဉ်ကျေးမှုဖလှယ်ရေးသဘောတူညီ မှုမှာ  တိုးတက်ကောင်းမွန်လာနေ ကြောင်း ဂျာမနီနိုင်ငံခြားရေးဝန် ကြီိးကပြောသည်။

‘‘ခုပြန်ပေးတာကို ယဉ်ကျေး မှုဝန်ကြီးဌာနကို ပြန်လွှဲမှာပေါ့။ ပြီးတော့ထိန်း သိမ်းစောင့်ရှောက် ရေး လုပ်ငန်းစဉ်တွေကို ယဉ်ကျေး မှုကလည်း လုပ်မှာပေါ့။ ပထမ ဆုံးရွှေပေလွှာကို ရန်ကုန်အမျိုး သားပြတိုက်မှာ ပြသမယ်။ ပြီးရင် နေပြည်တော်က အမျိုးသားပြ တိုက်မှာ ထိန်းသိမ်းသွားမှာဖြစ် တယ်။ ဒီပေလွှာပြန်ပေးအပ်တဲ့ ကိစ္စက မြန်မာ−ဂျာမနီ နှစ်နိုင်ငံ ကြားက ချစ်ခင်ရင်းနှီးမှုနဲ့ ပူး ပေါင်းဆက် ဆံရေးတိုးမြှင့်ခြင်း အတွက် ယဉ်ကျေးမှုတံတားထိုး လိုက်တာတစ်ခုပဲ’’ဟု ၎င်းက ပြောကြားသည်။

သမ္မတဦးသိန်းစိန်သည် ဂျာ မနီ၊ ဆွစ်ဇာလန်နှင့် နယ်သာလန် နိုင်ငံတို့သို့ ဆယ်ရက်ကြာခရီး သွားရောက်နေပြီး သမ္မတ၏ ဂျာမနီခရီးစဉ်အတွင်း ဂျာမနီနိုင်ငံခြား ရေးဝန်ကြီးဌာနက နှစ်နိုင်ငံသံတ မန်ဆက်ဆံရေးအစပြုခဲ့သည့် နှစ် (၆၀) အထိမ်းအမှတ်အဖြစ် နှစ် နိုင်ငံအကြားပူးပေါင်းဆောင်ရွက် မှုဆိုင်ရာ ယဉ်ကျေးမှုမြှင့်တင်ရေး ပြပွဲကို စက်တင်ဘာ ၃ ရက်တွင် ပြုလုပ်ခဲ့သည်။ ယင်းပြပွဲတွင် ဂျာမနီနိုင်ငံခြားရေးဝန်ကြီး စတိုင်းလိုင်က မြန်မာနိုင်ငံခြားရေးဝန် ကြီးကို ပေးအပ်ခဲ့ခြင်းလည်းဖြစ် သည်။ မြန်မာ-ဂျာမနီနှစ်နိုင်ငံ ကြား ယဉ်ကျေးမှုအပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေးသဘော တူညီချက်ကို ၂၀၁၃ ခုနှစ်က ရေး ထိုးခဲ့ပြီး ယင်းသဘောတူညီချက် အရ နှစ်နိုင်ငံတက္ကသိုလ်များကြား ပူးပေါင်းဆောင်ရွက်မှုများ တိုး တက်လာနေပြီး သတင်းစာဆရာ များအား လေ့လာရေးခရီးစဉ် ဖိတ် ခေါ် မှုများ လည်းရှိနေကြောင်း ဂျာ မနီနိုင်ငံခြားရေးဝန်ကြီး စတိုင်း လိုင်ကပြောကြားကြောင်း ဂျာမနီ နိုင် ငံခြားရေး ၀န်ကြီးဌာန ၀က်ဘ် ဆိုက်တွင်ဖော်ပြထားသည်။

Goethe-Institute  ကိုလည်း ရန်ကုန်မြို့တွင် မကြာမီဖွင့်လှစ်သွားမည်ဟု၎င်းကဆိုသည်။

မြန်မာနိုင်ငံသည် အသွင်ကူး ပြောင်းရေးလုပ်ငန်းများကို ၂၀၁၁ ခုနှစ်တည်းက စတင်ခဲ့ပြီး ဂျာမနီနိုင်ငံက မြန်မာနိုင်ငံ၏ စီး ပွားရေး၊ နိုင်ငံရေးနှင့် ယဉ်ကျေးမှု တို့တွင် ဒီမိုကရေစီပြုပြင်ပြောင်း လဲရေးလုပ်ငန်းများကို ထောက်ခံ ကြောင်းနှင့် မြန်မာနိုင်ငံဖွံ့ဖြိုးတိုး တက်ရေးအတွက် ထောက်ပံ့မှု များဆက်လက်ပြုလုပ်မည်ဖြစ် ကြောင်း ဂျာမနီနိုင်ငံခြားရေး ၀န်ကြီးက ကတိပြုပြောကြား ကြောင်း ယင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

7 days

No comments: