Monday, August 25, 2014

အရှိန်မြှင့်လာသော KIA ၏ လူသစ်စုဆောင်းမှုများက ဒေသခံများ၏ လူနေမှုဘ၀ကို ခြိမ်းခြောက်လာ

Monday, August 25, 2014

ကချင်ပြည်နယ် မန်စီမြို့နယ်၊ မိုးမောက်မြို့နှင့် တနိုင်းမြို့နယ်တို့တွင် သြဂုတ်လ ၂၃ ရက်နေ့မှစကာ ကချင်လွတ်မြောက် ရေးတပ်မတော်(KIA)အဖွဲ့မှ လူသစ်စုဆောင်းမှုများကြောင့် ဒေသခံများ၏ လူနေမှုဘ၀ ခြိမ်းခြောက်ခံနေရကြောင်း မန်စီ မြို့ခံ ခရစ်ယာန်အသင်းတော်မှ သင်းအုပ်ဆရာတစ်ဦးက ပြောသည်။


KIA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်က သြဂုတ် ၁၈ ရက်နှင့် ၁၉ ရက်နေ့များတွင် သတင်းထောက်များအား ကချင်လူမျိုး တိုင်း KIA အဖွဲ့ ထဲ ၀င်ရမည်ဟူသော မူဝါဒရှိကြောင်း အတိအလင်းပြောကြားခဲ့မှုအပြီး ယခုကဲ့သို့ လူသစ်ဖမ်းဆီးမှုများ အရှိန်မြှင့်လာခြင်း ဖြစ်ကြောင်း သိရသည်။

``ကချင်လူမျိုးရေးစိတ်ဓါတ်ရှိမယ်ဆိုပြီး စုတယ်၊ နောက်တစ်နည်းက မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲတယ်ဆိုတဲ့ စွပ်စွဲချက် နဲ့ စုတယ်၊ နည်းလမ်းမျိုးစုံသုံးပြီး စုနေတာကြောင့် ကချင်လူငယ်တွေလည်း ကျီးလန့်စာစား ဘ၀ရောက်နေ ရတယ် ´´ ဟု မန်စီမြို့ခံတစ်ဦးက ပြောသည်။

မန်စီနှင့် မိုးမောက်မြို့နယ်များတွင် မူးယစ်ဆေးဝါးသုံးစွဲသည်ဟု အကြောင်းပြကာ ဒေသခံလူငယ်လူရွယ်(၃၀)ဦးခန့်အား KIA အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်းနှင့် KIA တပ်ရင်း(၁)ရှိရာ အင်ဘာပါသို့ ပို့ဆောင်ခြင်းခံရကြောင်း သိရသည်။

အလားတူ KIA အဖွဲ့မှ တနိုင်းမြို့နယ်၊ လမုန်ကျေးရွာအနီး လမုန်ချောင်းဖျားနှင့် တချီချောင်းဖျားရှိ ရွှေမှော်များ၊ တောင်ယာခင်းများနှင့် ချောင်းရိုးတစ်လျှောက်တွင် လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်မှုများ အတင်းအကြပ်ပြုလုပ်နေ ကြောင်း တနိုင်းမြို့ခံတစ်ဦးက ပြောသည်။

``မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲတယ်ဆိုတဲ့ အကြေားင်းပြချက်နဲ့ ဖမ်းနေတာ၊ မှော်ထဲမှာလုပ်နေတဲ့ လူတွေလည်း ပါတယ်၊ တံငါသည်တွေလည်းပါတယ်၊ တောင်ယာလုပ်နေတဲ့ ရွာသားတွေကိုလည်း ဖမ်းတယ်၊ အားလုံးပေါင်း(၄၀)ကျော် လောက်ရှိမယ်´´ ဟု လမုန်ကျေးရွာမှ ဦးလှဒွန်က ဆိုသည်။

KIA အဖွဲ့အနေဖြင့် တစ်နိုင်ငံလုံးအပစ်ရပ်မူကြမ်းတွင် ပါဝင်သော်လည်း အစိုးရနှင့် ယနေ့အချိန်အထိ ပြည်ထောင်စုအဆင့် အပစ်ရပ်သဘောတူ လက်မှတ်မထိုးနိုင်သေးသလို KIA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်မှ လူသစ်စုဆောင်းမှု မူဝါဒရှိကြောင်း သတင်းထောက်များအား အတိအလင်း ပြောကြားခဲ့ခြင်းသည် KIA အား လူ၊ လက်နက်အင်အား ပိုမိုတောင့်တင်းအောင် လုပ်ဆောင်နေသည်ဟု သွယ်ဝိုက်သောနည်းဖြင့် ပြောဆိုခြင်းဖြစ်ကြောင်း၊ အပစ်ရပ်ကာလတွင် အစိုးရဘက်မှ ဖြေလျော့မှုပေးသည်မှာ မှန်သော်လည်း အခွင့်ကောင်းယူတတ်သော KIA အဖွဲ့၏ လူသစ်စုဆောင်းမှုများက ဒေသခံများ ၏ လူနေမှုဘ၀ကို ခြိမ်းခြောက်လာကြောင်း တရုတ် - မြန်မာနယ်စပ်ရှိ ကချင်အရေးလေ့လာသုံးသပ်သူသတင်းထောက် တစ်ဦးက ပြောကြားသွားခဲ့သည်။

ဇော်မိုင်
Kachin Daily News

No comments: