Tuesday, August 19, 2014

ဓမ္မစေတီခေါင်းလောင်းတူးဖော်မှုလာကြည့်သူများအဆင်ပြေရန်အေးရှားဝေါလ်ဘိုးလိန်းစင်တာက အမိုးများပြုလုပ်ပေး



Tuesday, August 19, 2014

ဓမ္မစေတီခေါင်းလောင်း ရှာဖွေဆယ်ယူရေးလုပ်ငန်းခွင်သို့ လာရောက်ကြည်ရှုကြသော ပြည်သူများ အဆင်ပြေစေရန် အေးရှားဝေါလ်ဘိုးလိန်းစင်တာမှသဲများခင်းပေးခြင်း နှင့်နားနေရန်အမိုးများ မိုးပေးခြင်းကို သြဂုတ် ၁၈ရက်ကပြုလုပ်ပေးခဲ့သည်။


'ခေါင်းလောင်းဆယ်ယူရေးလုပ်ငန်းကို နေပူမိုးရွာမရှောင်ကြည့်နေတဲ့ပြည်သူတွေကိုကျွန်တော်တို့စင်တာကတတ်နိုင်သလောက်ကူညီပေးတာပါ။ကုသိုလ်ယူတဲ့အနေနဲ့လုပ်ပေးတာ'ဟုအေးရှားဝေါလ်ဘိုးလိန်းစင်တာမှမန်နေဂျာဦးသက်တင်က ပြောသည်။

အဆိုပါ ဘိုးလိန်းစင်တာဝင်းအတွင်းရှိ ကူးတို့ဆိပ်မှတစ်ဆင့် ခေါင်း
လောင်းရှာဖွေရာသို့ သွားရောက်ကြသူများအဆင်ပြေစေရန် မြစ်အတွင်းမှ သဲ
များတင်ပေးခြင်း၊ သဲအိတ်များ ခင်းပေးခြင်း ၊ အဝေးကြည့်မှန်ပြောင်းများ စီစဉ်ပေးခြင်းတို့ကို ပြုလုပ်ပေးခဲ့ခြင်းဖြစ်သည်။

'ဒီဝင်းထဲကို တက္ကစီတွေတောပေးမ၀င်ဘူး။ လာတဲ့သူတွေ ကားပါကင်ထိုးတဲ့အခါ နေရာကျပ်သွားမှာစိုးလို့ ကိုယ်ပိုင်ကားလောက်ပဲ ပေးဝင်တာပါ' ဟု ၎င်းက ပြောဆိုသည်။

ခေါင်းလောင်းတူးဖော်မှုလုပ်ငန်းစတင်သည့် သြဂုတ် ၉ ရက်မှစတင်ပြီး
ဆိုင်ဖွင့်ချိန်ကို နံနက် ၁၀နာရီအစား ၈ နာရီခွဲတွင် ပြောင်းလဲဖွင့်နေရကြောင်း၊ တူးဖော်မှုလုပ်ငန်းခွင်သို့ နေ့စဉ်လာရောက်သူများတစ်နေ့ထက်တစ်နေ့ များပြားလာသဖြင့်လုပ်ဆောင်ပေးခြင်း ဖြစ်သော်လည်းငွေကြေးကုန်ကျမှုအပိုင်းကိုမူ မပြောဆို
လိုပါကြောင်း ၎င်းကပြောဆိုသည်။

စံတော်ချိန်

No comments: