Monday, August 18, 2014

စောငမန်းနဲ့ တူးတူး သရေပွဲဖြစ်ခဲ့တဲ့ မြန်မာပြည် ချန်ပီယံလုပွဲ

Monday, August 18, 2014

T&T Group နှင့် Naing Moe Entertainment တို့မှ စီစဉ်ပြီး Victory Myanmar မှ အဓိက ပံ့ပိုးကူညီ သည့် ၂၀၁၄ ခုနှစ် မြန်မာပြည်ချန်ပီယံ ရိုးရာလက် ဝှေ့စိန်ခေါ်ပွဲကို သြဂုတ် ၁၇ ရက်က အမျိုးသားအားကစား ပြိုင်ပွဲရုံ(၁) သုဝဏ္ဏ၊ ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့ရာ မြန်မာပြည် ချန်ပီယံစိန် ခေါ်ပွဲဖြစ်သည့် စောငမန်းနှင့် တူးတူးတို့ပွဲမှာ အနိုင်အရှုံး အဖြေမပေါ်ဘဲ သရေဖြင့်သာ ပြီးဆုံးခဲ့သည်။


မြန်မာပြည် ချန်ပီယံစိန်ခေါ်ပွဲ ပထမပွဲစဉ်ဖြစ်သည့် စောရွှေကျော်(ရွှေဖူး)နှင့် စောလယ်ဖွယ်ထူး (T&T) ပွဲ စဉ်မှာ အကြိတ်အနယ် ထိုးသတ်ရင်း သရေကျခဲ့သလို ဒုတိယ ပွဲစဉ်ဖြစ်သည့် သားအသဲတစ်ပွင့် (စွမ်းကေ ကေ)နှင့် အားမာန် (T&T)တို့ ပွဲစဉ်မှာလည်း အနိုင်၊ အရှုံး ပြတ်ပြတ်သားသား မထိုးသတ်နိုင်ဘဲ သရေဖြင့် ပြီးဆုံးခဲ့သည်။

တတိယပွဲစဉ်ဖြစ်သည့် ရွှေခါးပတ် ချန်ပီယံဟောင်း ရွှေဝါထွန်း(ရွှေသောင်းရင်း)နှင့် လုံးချော(သတ္တိ)တို့ အထူး ပွဲစဉ်တွင်လည်း ပူးတွဲသရေဖြင့် အဆုံးသတ်ခဲ့သည်။ ၁၀ စုနှစ်ကြာ ချန်ပီယံဖြစ်ခဲ့သည့် ရွှေသောင်း ရင်း လက်ဝှေ့ကလပ် နည်းပြဆရာ ရွှေဝါထွန်းက ပွဲမတိုင်ခင်တွင် လုံးချောအား မကျေပွဲပြန်နွှဲမည်ဟု ဖွင့်ဟ ခဲ့ဖူးသော်လည်း လက်ဝှေ့ပွဲတွင် အသက်အရွယ်ကြောင့် ထင်သလောက် ထိုးသတ်နိုင်ခဲ့ခြင်း မရှိခဲ့ပေ။

ရွှေဝါထွန်းနှင့် ထိုးသတ်သည့် ရွှေခါးပတ်ချန်ပီယံဟောင်း လုံးချောသည် ထိုပွဲတွင် ပြတ်ပြတ်သားသား အလဲထိုးနိုင်စွမ်း ရှိသော်လည်း အားကုန်ထိုးသတ်ခြင်း မပြုဘဲ ပူးတွဲသရေ ရယူသွားခဲ့ခြင်း ဖြစ်သည်။

ရွှေဝါထွန်းနှင့် လုံးချောတို့ပွဲအပြီးတွင် ရိုးရာလက်ဝှေ့လောကမှ အနားယူသွားသည့် ရိုးရာလက်ဝှေ့ကျော် တွေ့မရှောင်က ကြိုးဝိုင်းအတွင်းသို့ လာရောက် နှုတ်ဆက်ခဲ့သည်။ ထို့နောက် တွေ့မရှောင်ကို လက်ဝှေ့ပွဲ စီစဉ်သူ ဦးစိုးသန်းဝင်း၊ ထက်လင်း တိုင်းရင်းဆေးဥက္ကဋ္ဌနှင့် ၀ါသနာရှင်အချို့မှ ဆုကြေးငွေများ ချီးမြှင့်ခဲ့ သည်။

ထို့နောက် စတုထ္ထမြောက်ပွဲစဉ်အဖြစ် ဖိုးလပြည့် (ရွှေဖူး)နှင့် စောအယ်လေး (ထော့မဲပါ)တို့ပွဲစဉ်ကို ဆက် လက်ပြုလုပ်ခဲ့ပြီး ဖိုးလပြည့်က စောအယ်လေးကို အလဲထိုးဖြင့် အနိုင်ရခဲ့သည်။ အဆိုပါပွဲ ဒုတိယအချီ အစောပိုင်းတွင် စောအယ်လေး၏ လက်သီးချက်များကြောင့် ဒုတိယအချီတွင် ဖိုးလပြည့် အမှတ်စဉ် နှစ် ကြိမ် တိုင်တိုင် ရေတွက်ခံခဲ့ရသော်လည်း ဒုတိယအချီ ၂ မိနစ် ၄၀ စက္ကန့်တွင် ဖိုးလပြည့်၏ ပြင်းထန်သည့် ခြေကန်ချက်ကြောင့် စောအယ်လေး ၀မ်းဗိုက် အကန်ခံခဲ့ရပြီး အနား တောင်းခဲ့သည်။

စောအယ်လေးသည် အနားတောင်းအပြီးတွင် ပြန်လည်ထိုးသတ်နိုင်ခြင်း မရှိသောကြောင့် ဖိုးလပြည့်က အလဲထိုးဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။

ပဉ္စမမြောက် ပွဲစဉ်အဖြစ် ကျားပေါက် (ရွှေသောင်းရင်း)နှင့် ရဲတံခွန်(အလင်းရောင်)တို့ပွဲတွင် တစ်ဦးနှင့် တစ်ဦး အပြန်အလှန် သတ်ပုတ်နိုင်သော်လည်း အလဲ မထိုးနိုင်ခဲ့သည့်အတွက် သရေကျခဲ့သည်။

ဆဋ္ဌမမြောက် ပွဲစဉ်တွင် ရဲရင့်အောင် (နဂါးမာန်)နှင့် စောဂပရေမှူး(ထော့မဲပါ) တို့ပွဲ တွင် ရဲရင့်အောင်က တတိယအချီတွင် အလဲထိုးဖြင့် အနိုင်ရခဲ့သည်။ ထိုပွဲတွင် စောဂပရေမှူးသည် ရဲရင့်အောင်ကို ပထမအချီ တွင် ဘတစ်ပြန်၊ ကျားတစ်ပြန် သတ်ပုတ်နိုင်ခဲ့သော်လည်း ဒုတိယအချီနောက်ပိုင်းတွင် သက်လုံကျဆင်း ခဲ့သည့်အပြင် အမှတ်စဉ်များ ရေတွက်ခံရကာ အနားတောင်းခဲ့ရသည်။ ထို့နောက် စောဂပရေမှူးသည် တတိယအချီတွင် သုံးကြိမ်မြောက် အမှတ်စဉ် ရေတွက်ခံခဲ့ရာတွင် ပြန်လည် ထိုးသတ်နိုင်ခဲ့ခြင်း မရှိသဖြင့် ရဲရင့်အောင်က အလဲထိုး အနိုင်ရခဲ့ခြင်း ဖြစ်သည်။

ထို့နောက် သတ္တမမြောက် ပွဲစဉ်အဖြစ် ထွန်းထွန်း(၀ါဆို)နှင့် စောဂေါ်မူတို(သတ္တိ)တို့ ပွဲစဉ်ကို ဆက်လက်ပြု လုပ်ခဲ့ပြီး စောဂေါ်မူတို့က ဒုတိယအချီ ၂ မိနစ် ၃၄ စက္ကန့်တွင် အလဲထိုးဖြင့် အနိုင်ရခဲ့သည်။ စောဂေါ်မူတို သည် အသက်ငယ်ရွယ်သူပီပီ ပထမအချီ စသည်နှင့် လွန်စွာလျန်မြန်သည့် လက်သီးတွဲလုံးများ၊ ခြေကန် ချက်များဖြင့် ထိုးသတ်ခဲ့သဖြင့် ဒုတိယအချီ ၁ မိနစ် ၄၆ စက်္ကန့်တွင် ထွန်းထွန်း အနားတောင်းခဲ့ရသည်။

အနားတောင်းပြီး ဆက်လက်ထိုးသတ်ရာ စောဂေါ်မူတို၏ လက်သီးချက်များ ထပ်မံထိခဲ့ပြီး အမှက်စဉ် ရေ တွက်ခံရကာ အမှတ်စဉ် ၁၀ ကြိမ် အထိ ပြန်လည်မထိုးနိုင်သောကြောင့် စောဂေါ်မူတိုက အလဲထိုး အနိုင် ရခဲ့ခြင်း ဖြစ်သည်။ အသက်အရွယ်ငယ်ပြီး အလားအလာကောင်းသည့် စောဂေါ်မူတိုသည် ၎င်းထက် ထိုး သတ်ရင့်သော ထွန်းထွန်းကို အလဲထိုးနိုင်ခဲ့သဖြင့် လက်ဝှေ့ပွဲစီစဉ်သူများ၏ မျက်စိကျခြင်းကို ခံခဲ့ရသည်။

ထို့နောက် ပရိသတ်များ မျှော်လင့်နေသည့် အဋ္ဌမမြောက် ပွဲစဉ် မြန်မာပြည် ချန်ပီယံစိန်ခေါ်ပွဲဖြစ်သည့် စောငမန်း (ရွှေဖူး)နှင့် တူးတူး(နဂါးမာန်)တို့ပွဲစဉ်ကို ဆက်လက်ပြုလုပ်ခဲ့သည်။ ချန်ပီယံစိန်ခေါ်ပွဲ ပထမအချီ တွင် လက်ဝှေ့ပရိသတ်များမှ တူးတူး၏နာမည်ကို သံပြိုင်အော်ဟစ် အားပေးခဲ့ကြသည်။ ပထမအချီတွင် တစ်ဦးနှင့်တစ်ဦး အကဲစမ်းနေပြီး လက်ဝှေ့ပွဲ အနည်းငယ် အေးသယောင်ရှိသော်လည်း ဒုတိယ၊ တတိယ၊ စတုထ္ထအချီများတွင် ပွဲရှိန် တဖြည်းဖြည်း တက်လာခဲ့သည်။ နောက်ဆုံးအချီတွင် တူးတူးက စောငမန်းကို တရစပ် တိုက်စစ်ဖွင့် ဖိထိုးနိုင်ခဲ့သော်လည်း အပြတ်အသတ် အလဲထိုးနိုင်ခဲ့ခြင်း မရှိသဖြင့် ပူးတွဲသရေဖြင့် သာ ပြီးဆုံးခဲ့ရသည်။

စိန်ခေါ်သူ တူးတူးအနေဖြင့် စောငမန်းကို သရေသာ ထိုးသတ်နိုင်ခဲ့သဖြင့် မြန်မာပြည် ချန်ပီယံဘွဲ့ မျှော် လင့်ချက် လက်လွှတ်ခဲ့ရသလို တူးတူးကို မရှုံးနိမ့်ခဲ့သည့် စောငမန်းက လက်ရှိချန်ပီယံဘွဲ့ကာ ကွယ်နိုင်ခဲ့ သည်။

Mizzima - News in Burmese

No comments: