Tuesday, August 19, 2014

ဒုတိယကမ္ဘာစစ်အတွင်း မြှုပ်ထားခဲ့သည့်တိုက်လေယာဉ်များ ရှာဖွေမှု ရပ်တော့မည်



Tuesday, August 19, 2014

ဒုတိယကမ္ဘာစစ်အတွင်း မြေအောက်တွင် မြှုပ်နှံသိမ်းဆည်း ခဲ့သော စပစ်ဖိုင်းယား တိုက် လေယာဉ်များ ၂ နှစ်ကြာရှာဖွေ တူးဖော်နေခြင်းကို ရပ်ဆိုင်းတော့ မည်ဖြစ်ကြောင်း လေယာဉ်တူး ဖော်ရေးအဖွဲ့ ပြန်ကြားရေး တာဝန်ခံက ပြောကြားသည်။


လွန်ခဲ့သော နှစ်ပေါင်း ၇၀ ခန့်က ဂျပန်စစ်တပ်နှင့် တိုက်ခိုက် ရန် မြန်မာနိုင်ငံသို့ပေးပို့ခဲ့သော တိုက်လေယာဉ်များနှင့် ဆက်စပ် ပစ္စည်းများကို အိန္ဒိယဘုရင်ခံချုပ် လော့ဒ်လူးဝစ်မောင့်ဘက်တန်က အသုံးမပြုရသေးမီ မြေမြှုပ်ပစ်ခဲ့ ရန် စေခိုင်းခဲ့ခြင်းဖြစ်သည်။

အဆိုပါတိုက်လေယာဉ်များ နှင့် လေယာဉ်ဆက်စပ်ပစ္စည်းများ တူးဖော်ရန် မြန်မာနိုင်ငံလေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ရွှေတောင်ပေါ်ကုမ္ပဏီလီမိတက်နှင့် ဗြိတိန်နိုင်ငံမှ ဒီဂျေစီကုမ္ပဏီတို့ ၂၀၁၂ ခုနှစ် အောက်တိုဘာတွင် သဘောတူညီမှု လက်မှတ်ရေးထိုးပြီး မြန်မာအစိုးရနှင့် ဗြိတိသျှအစိုးရတို့က တန်ဖိုးထားထောက်ခံခဲ့ကြသည်။

မင်္ဂလာဒုံနယ်မြေ၊ မြစ်ကြီး နားနယ်မြေနှင့် မိတ္ထီလာနယ်မြေ တို့တွင် စပစ်ဖိုင်းယား တိုက်လေ ယာဉ်များ ၂ နှစ်ကြာ ရှာဖွေရန် စာချုပ်ချုပ်ဆိုခဲ့ပြီးနောက် သတ် မှတ်နေရာတွင် တွေ့ရှိမှုမရှိခြင်း ကြောင့် ရှာဖွေမှု ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။

‘‘မင်္ဂလာဒုံ လေယာဉ်ကွင်း မှာ ကန့်သတ်နယ်မြေဖြစ်တဲ့ အတွက် ကျွန်တော်တို့စမ်းသပ်ဖို့ အခက်အခဲရှိခဲ့ပါတယ်။ မျှော်လင့်ချက်ရှိတဲ့ နေရာက ကန့်သတ် နယ်မြေဖြစ်နေပါတယ်။ မြစ်ကြီး နားမှာတော့ နယ်မြေလုံခြုံမှုအခြေအနေအရ ဆက်မလုပ်တာပါ။ မိတ္ထီလာမှာ အရင်ကတည်းက စိတ်ဝင်စားမှုနည်းပါတယ်။ ရှာ ဖွေမှုသက်တမ်းပြည့်သွားရင် ရပ် ဆိုင်းသွားမှာပါ’’ဟု လေယာဉ်ရှာ ဖွေရေး အဖွဲ့၏ ပြန်ကြားရေး တာဝန်ခံ ဦးထွန်းကျော်က ပြော သည်။

မြေအောက်တွင် သံချေး တက်ခြင်းမှ ကာကွယ်ရန် ဖယောင်းသုတ်၍ ဆီစိမ်စက္ကူများ ဖြင့် ထုပ်ပိုးပြီးသေတ္တာများထဲတွင် ထားသို မြှုပ်နှံထားသော စပစ်ဖိုင်းယား တိုက်လေယာဉ်များကို ဗြိတိန်နှင့် အမေရိကန်နိုင်ငံတို့မှ ပညာရှင်များ အပါအဝင် ပြည် တွင်း၊ ပြည်ပပညာရှင် ၃၀ ခန့်က ရှာဖွေခဲ့သော်လည်း အောင်မြင်မှု မရရှိခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ ဒေသအသီးသီး တွင် အစီး ၂၀၀ ကျော်အထိ ရှိနေ နိုင်သော စပစ်ဖိုင်းယားတိုက်လေ ယာဉ်များကို ရှာဖွေတူးဖော်တွေ့ ရှိပါက နှစ်နိုင်ငံလုံးတွင် ယဉ် ကျေးမှုအမွေအနှစ်အဖြစ် ထိန်း သိမ်းပြသရန် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးခဲ့ သည်။

7Day News Journal

No comments: