Tuesday, August 19, 2014

ဆော်ဒီတော်ဝင်မင်းသား ယာဉ်တန်း တိုက်ခိုက်လုယက်ခံရ




Tuesday, August 19, 2014

လက်နက်တွေ အကြီးအကျယ် ကိုင်ဆောင်ထားတဲ့ ဂိုဏ်းတခုက ပြင်သစ်နိုင်ငံ ပဲရစ်မြို့စွန်မှာ ဆော်ဒီအာရေဗျက တော်ဝင်မင်းသားတဦးရဲ့ ယာဉ်တန်းကို သြဂုတ် ၁၇ ရက်က ချုံခိုတိုက်ခိုက်ခဲ့ပါတယ်။


မင်းသားရဲ့နာမည်ကိုတော့ ထုတ်ဖော်ပြောဆိုမှု မပြုဘဲ ယူရိုငွေသား ၂ သိန်းခွဲလောက်နဲ့ အထိခိုက်မခံတဲ့ သံတမန်ရေး စာရွက်စာတမ်းတွေကို လုယက်သွားတယ်လို့ ရဲတွေက ပြောပါတယ်။

ဆော်ဒီယာဉ်တန်းဟာ မြို့မြောက်ပိုင်းက လယ်လ်ဘူးဂျေး လေဆိပ်ငယ်ဆီ သွားနေတုန်း မျက်နှာဖုံးစွပ် တိုက်ခိုက်ရေးသမား ၈ ဦးက ရိုင်ဖယ်သေနတ်တွေနဲ့ နောက်ဆုံးကားကို ချိန်ရွယ် ထားပြီး ကားကို အပိုင်စီးခဲ့တယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။

ပစ်ခတ်မှုလည်း မရှိသလို ထိခိုက်ဒဏ်ရာရသူလည်း မရှိဘဲ အဖြစ်အပျက်က အရမ်း မြန်ကြောင်း၊ ဂိုဏ်းကကြီးပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတယ်လို့ တရားဝင် ရဲဘက် သတင်းရင်းမြစ်က ပြောပါတယ်။

ရဲသမဂ္ဂ SGP ရဲ့ ကိုယ်စားလှယ် ရိုကို ကွန်တန်ဒိုကတော့ “တိုက်ခိုက်မှုရဲ့ မြန်နှုန်းနဲ့ ထိရောက်မှုအရ သတင်းရပြီးသား အရှေ့ဥရောပက ကွန်မန်ဒိုအုပ်စုနဲ့ တူတယ်။ ယာဉ်တန်းမှာ သံရုံးကားပါပေမယ့် ၀န်ကြီးအဆင့်မဟုတ်လို့ ပြင်သစ်ရဲ ကိုယ်ရံတော် အဖွဲ့မပါဘူး” လို့ ပြောပါတယ်။

“ငွေကြောင့်လား၊ အရေးကြီးတဲ့ စာရွက်စာတမ်းတွေကြောင့်လားဆိုတာ လက်ရှိ စုံစမ်းစစ်ဆေးမှုအဆင့်မှာ မသိသေးဘူး” လို့ ဆိုပါတယ်။

ပြင်သစ် နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေဆဲလို့ အတည်ပြုပါတယ်။

DVB

No comments: