Thursday, July 17, 2014

Rammasun မုန်တိုင်းကြောင့် ဖိလစ်ပိုင်တွင် သေဆုံးသူ အရေအတွက် (၂၇)ဦးထိ မြင့်တက်လာ



Thursday July 17 , 2014 
ဖိလစ်ပိုင်နိုင်ငံကို ဖြတ်သန်းတိုက်ခတ်သွားသည့် တိုင်ဖွန်းမုန်တိုင်းကြီး Rammasun ကြောင့် သေဆုံးသူ အရေ အတွက်သည် (၂၇)ဦးထိ မြင့်တက်လာပြီဟု အာဏာပိုင်များက ပြောကြားခဲ့သည်။

ဇူလိုင်(၁၇)ရက်နေ့တွင် မနီလာမြို့တော်နှင့် အနီးတဝိုက် ဒေသများတွင် လူပေါင်းသန်းနှင့်ချီ လျှပ်စစ်မီး မရ ရှိသည့် ဒုတိယမြောက်နေ့ကို ဖြတ်သန်းနေရသည်။ ယခုအခါ တိုင်ဖွန်းမုန်တိုင်းကြီးသည် ဖိလစ်ပိုင် နိုင်ငံကို ဖြတ်ကျော်ကာ တရုတ်နိုင်ငံ တောင်ပိုင်းဒေသသို့ ဆက်လက်ဦးတည် ရွေ့လျားသွားသည်။
မနီလာမြို့တွင် လဲကျနေသော သစ်ပင်များ၊ အမှိုက်သရိုက်နှင့် အပျက်အစီးများ ပြည့်နှက်နေသည့် လမ်းများ ကို မြို့ခံများက ရှင်းလင်းနေရဆဲ ဖြစ်သည်။ ဓာတ်တိုင်များလည်း မုန်တိုင်းဒဏ်ကြောင့် လဲကျခဲ့ သည့် အတွက် လျှပ်စစ်မီး ပြန်လည်ရရှိရေး လုပ်ဆောင်မှုများ ကြန့်ကြာနေဆဲဟုလည်း သိရသည်။
အမျိုးသား သဘာဝ ဘေးအန္တရာယ် လျှော့ချရေးနှင့် စီမံခန့်ခွဲရေး ကောင်စီ၏ အမှုဆောင် ဒါရိုက်တာ အလက်ဇန္ဒား ပါးမားက ဩဂုတ်လ (၁၆)ရက် ညပိုင်းတွင် အသေအပျောက် ပမာဏ (၂၀)ရှိကြောင်း ပြောဆို ခဲ့ပြီး ယင်းထက်ပိုမို များပြားလာဦးမည်ဟု ယူဆကြောင်း ဝန်ခံထားခဲ့သည်။ “သေဆုံးသူ အများစု က သစ်ပင် ပိမိတာ၊ အပျက်အစီး အစအနတွေနဲ့ ထိခိုက်မိတာကြောင့်ပါ”ဟု ၎င်းက ဆိုသည်။ ထို့အပြင် လူ(၅)ဦး ပျောက်ဆုံးနေပြီး (၇)ဦး ဒဏ်ရာ ရခဲ့ကြောင်းလည်း ကောင်စီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။
ဇူလိုင်(၁၇)ရက်တွင် ဒေသဆိုင်ရာ အုပ်ချုပ်ရေး ဌာနများ၏ ကြေညာချက်များ အသီးသီး ထုတ်ပြန်ချက်အရ ကောင်စီ၏ အသေအပျောက် စာရင်းတွင် မပါဝင်သည့် နောက်ထပ်လူ(၇)ဦး ထပ်မံသေဆုံးကြောင်း သိရှိ လာရသည်။
မုန်တိုင်းကြီးသည် ဖိလစ်ပိုင်နိုင်ငံ အရှေ့ဘက် ကမ်းခြေဒေသကို ဝင်ရောက်တိုက်ခတ်ပြီးနောက် လူဇုန် ကျွန်း၏ ကုန်းတွင်းပိုင်းကို ဖြတ်ကျော် ရွေ့လျားကာ တောင်တရုတ်ပင်လယ်ထဲ ပြန်လည် ဝင်ရောက် သွားပြီး တရုတ်နိုင်ငံဘက် ဦးတည်ရွေ့လျားနေဆဲ ဖြစ်သည်။
 7Day Daily 

No comments: