Wednesday, July 30, 2014

ခေါ်ဆိုခ တစ်မိနစ် ၂၅ ကျပ်သာ ကျသင့်မည့် MPT ၏ အထူးအစီအစဉ်တွင် ဘီလ်စနစ် မိုဘိုင်းဖုန်းများ မပါဝင်



Wednesday, July 30, 2014

မိမိရွေးချယ်ထားသောဖုန်းနံပါတ်သုံးခုကို တစ်မိနစ်လျှင် ၂၅ ကျပ်ဖြင့်ခေါ်ဆိုနိုင် မည့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ အထူးအစီအစဉ်တွင် ငွေဖြည့်ကတ် သုံးမိုဘိုင်းဖုန်းများကိုသာ ရွေးချယ်ရမည်ဖြစ်ပြီး ဘီလ်စနစ်သုံးဖုန်းများနှင့် ကြိုးဖုန်းများ ပါဝင်မည်မဟုတ်ကြောင်း ၁၈၇၆ Call Center မှသိရသည်။

ိမိရွေးချယ်ထားသည့် မိတ်ဆွေသူငယ်ချင်း၊ မိသားစုဝင်တို့၏ ဖုန်းနံပါတ်များကို ၁၃၃၁ သို့စာရင်းပေး သွင်းနိုင်ရန်အတွက် ADD နှင့် ပေးပို့လိုသော ဖုန်းနံပါတ်ကိုရိုက်ပြီး Message ပေးပို့ရမည်ဖြစ်ကြောင်း၊ ထိုသို့ပေးပို့ရာတွင် မိုဘိုင်းဖုန်းများကိုသာ သတ်မှတ်ပေးပို့ရမည်ဖြစ်ပြီး ကြိုးဖုန်းများပါဝင်မည် မဟုတ်ကြောင်း သိရသည်။ ကြိုတင်ငွေဖြည့်ကတ်သုံး GSM / WCDMA ဖုန်းသုံးစွဲသူများသာ အဆိုပါအစီအစဉ်ကို ဆောင်ရွက်နိုင်မည်ဖြစ်ပြီး CDMA ဖုန်းများမပါဝင်ပေ။

“GSM ငါးသိန်းတုန်းကကျွန်မတို့လည်း ငါးသိန်းနဲ့ဝယ်ထားရတာပါပဲ၊ GSM ဘယ်ဈေးနှုန်းရောက်ရောက် CDMA ဖုန်းတွေက သူ့ထက ဈေးနှုန်းနည်းပြီး ၀ယ်ရတယ်ဆိုတာ မရှိပါဘူး။ ဒါပေမဲ့ တန်ဖိုးမြှင့် (Value Added) ၀န်ဆောင်မှု တစ်ခုခုထွက်လာရင် GSM ဖုန်းတွေပဲရတာမျိုးတော့ ဘ၀င်မကျဖြစ်မိတယ်” ဟု CDMA 800 MHz (73) ဖုန်းပိုင်ရှင် ဒေါ်မာလာအောင်ကပြောသည်။
CDMA ဖုန်းကိုင်ဆောင်သူများအတွက်လည်း မကြာခင်တွင် အဆိုပါ ၀န်ဆောင်မှုကိုအသုံးပြုနိုင်အောင် စီစဉ်လျှက်ရှိသည်ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ထုတ်ပြန်ထားသည်။

Internet Journal

No comments: