Wednesday, July 30, 2014
ပြည်သူတွေချစ်တဲ့ Miss ခင်ဝင့်ဝါနဲ့ တွေ့ဆုံခိုက် Miss GoldenLand Myanmar Organization ကနေ Miss Supranational Myanmar ရဲ့Crown ကိုလွှဲပြောင်းခွင့် မပေးတဲ့ အပေါ် သူမရဲ့သဘောထားကိုမေးဖြစ်ခဲ့တဲ့အခါ သူမက “ သူတို့ဘက်က ဘယ်လို အကြောင်းကြောင်း တွေကြောင့် ပြောခဲ့တယ်ဆိုတာတော့ ညီမမသိဘူး။
ညီမဘက်ကရော မြန်မာ့ဂုဏ်ဆောင်အလှမယ် တစ်ယောက်အဖြစ် ပီသစွာ နေထိုင်ခဲ့သလားဆိုတာ မေးမြန်းကြည့်လိုက်တဲ့အခါ “ညီမရဲ့ ကိုယ်ကျင့်တရားကိုရော၊ အပြောအဆို၊ အနေအထိုင်ကအစ ညီမနဲ့ အရင်တုန်းက လက်တွဲလုပ်ဖူးခဲ့တဲ့ လူတွေ၊ အနုပညာ ညီအစ်ကိုမောင်နှမတွေ၊ ပရိသတ်တွေ၊ မီဒီယာတွေ အကုန်လုံး သိကြတယ်။ ညီမကိုMiss Myanmar တစ်ယောက်ရဲ့ ဝတ္တရားနဲ့ အညီ မနေထိုင်ခဲ့ဘူးလို့ သူတို့ဘက်က ဘာကြောင့်ပြောခဲ့တာလဲ ဆိုတာ သိချင်ပါတယ်။ ညီမအနေနဲ့ အချိန်အားရင် အားသလို ရတာနဲ့ ဘယ်အဖွဲ့အစည်းနဲ့မဆို ပရဟိတအလုပ်တွေ လက်တွဲပြီး လုပ်ခဲ့ပါတယ်။ ဒီကြားထဲမှာ ပရဟိတ မလုပ်ဘူးဆိုတဲ့ အချက်ရယ်၊အနုပညာအလုပ်တွေ လက်ခံတဲ့အခါမှာ သူတို့ကို အကြောင်းမကြားဘူးဆိုပြီး ညီမကို စွပ်စွဲထားတာတွေ ဂျာနယ် စာစောင်တွေမှာ တွေ့ရတယ်။ ညီမလည်း ဖတ်ရပါတယ်။ ညီမဘက်က မှန်တယ်၊မှားတယ် ဆိုတာ ပရိသတ်ကြီးသိမှာပါ။ လူတွေအကုန်လုံးလည်း သိကြမယ်လို့ မျှော်လင့်ပါတယ်။ သူတို့ဘက်က ဘယ်လိုရည်ရွယ်ချက်နဲ့ ဒီလိုတွေ ပြောခဲ့လဲဆိုတာ ညီမမသိဘူး။ ဒါပေမယ့် စိတ်မကောင်းဖြစ်မိတာတော့ အမှန်ပဲ။ ကိုယ်က ကောင်းအောင်နေနေတဲ့ ကြားထဲက စာချုပ်တစ်နှစ်ပြည့်ခါနီး တစ်လအလိုမှာ အခုလိုမျိုးဖြစ်ရတဲ့အတွက် စိတ်မကောင်းပါဘူး”လို့ သူမက ပြောပါတယ်။
ခင်ဝင့်ဝါဟာ လတ်တလော မှာ စိုင်းစိုင်းခမ်းလှိုင်၊ စုမြတ်နိုးဦး၊ သူရိယတို့နဲ့ အတူ တကယ်လိုအပ်တဲ့အရာဆိုတဲ့ ဗီဒီယိုဇာတ်ကား ရိုက်ကူးနေတယ်လို့ သိရပြီး ဒီကား ရိုက်ပြီးသွားရင်လည်း စိုင်းစိုင်းခမ်းလှိုင်နဲ့ပဲ နောက်ထပ်တစ်ကားရိုက်ဖို့ရှိနေတယ်လို့ သိရပါတယ်။
Trend Myanmar
No comments:
Post a Comment