Thursday, July 17, 2014

၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့၊ (၆၇) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပစဉ် လမ်းကြောင်းပိတ်ဆို့ထားမှုနှင့် အာဇာနည်ဗိမာန်သို့ ဝင်ရောက်ရမည့် လမ်းကြောင်း သတ်မှတ်ကြေညာခြင်း


Thusday July 17, 2014
၁။ ၆၇ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန်မြို့၊ အာဇာနည်ဗိမာန်၌ ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့ ၀၈း၀၀ အချိန်၌ စတင် ကျင်းပမည်ဖြစ်ရာ ဇူလိုင် ၁၈ ရက်နေ့ ၁၈း၀၀ အချိန်မှ ဇူလိုင် ၁၉ ရက်နေ့ ၁၈း၀၀ အချိန်ထိ အောက်ဖော်ပြပါ လမ်းကြောင်းများကို ဖြတ်သန်းသွားလာမှု ယာယီ ပိတ်ဆို့ထားမည် ဖြစ်ပါသည်။
(က) ဦးဝိစာရလမ်းနှင့် အနောက်ရွှေဂုံတိုင် လမ်းဆုံရာမှ အနောက်ရွှေဂုံတိုင် လမ်းအတိုင်း အနောက်ရွှေဂုံတိုင် (၁) လမ်းထိပ်ထိ။
(ခ) အနောက်ရွှေဂုံတိုင်လမ်းမှ အာဇာနည်လမ်းအတိုင်း ရွှေတိဂုံဘုရား အရှေ့မုခ်စောင်းတန်းအထိ။
(ဂ) အနောက်ရွှေဂုံတိုင်လမ်းမှ အာဇာနည်ဗိမာန်သို့ တက်ရောက်ရာ အုတ်လှေကားလမ်းနှင့် ကျောက်ဆည်ဓမ္မာရုံ ဘေးလမ်းကြားများ။
၂။ အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက်ရန် ဖိတ်ကြားထားသော ဧည့်သည်တော်များသည် ရွှေတိဂုံတောင်ဘက်မုခ်မှ အာဇာနည်လမ်းအတိုင်း ရွှေတိဂုံ အရှေ့ဘက်မုခ်မှ တစ်ဆင့် ရွှေတိဂုံ မြောက်ဘက်မုခ်ရှိ အာဇာနည်ဗိမာန် ဝင်ပေါက် ဂိတ် (၂) မှ ဝင်ရောက်ပြီး အနောက်ရွှေဂုံတိုင် လမ်းသို့ ဂိတ် (၃) မှ ပြန်လည် ထွက်ခွာရမည် ဖြစ်ပါသည်။
၃။ ဇူလိုင်လ ၁၉ ရက်နေ့ နေ့လယ် ၁၂း၀၀ အချိန်မှ ၁၇း၀၀ အချိန်ထိ အာဇာနည်ဗိမာန်သို့ အများပြည်သူ လာရောက် ဂါရဝပြုနိုင်ရန် ဖွင့်လှစ်ထားမည်ဖြစ်ရာ လာရောက်ကြမည့် ပြည်သူများသည် အနောက်ရွှေဂုံတိုင်လမ်းမှ တစ်ဆင့် အနောက်ရွှေဂုံတိုင်လမ်းနှင့် အာဇာနည်လမ်းဆုံရှိ ဂိတ် (၁) မှ ဝင်ရောက်၍ ဂိတ် (၂) မှတစ်ဆင့် အာဇာနည်လမ်းအတိုင်း ရွှေတိဂုံ အရှေ့ဘက်မုခ် စောင်းတန်းသို့ ထွက်ခွာရမည် ဖြစ်ပါသည်။
၎။ အာဇာနည်ဗိမာန်နှင့် ဗိုလ်ချုပ်ပြတိုက်သို့ ဝင်ရောက် ဂါရဝပြုကြမည့် သူများသည် လက်ကိုင်အိတ်၊ လက်ဆွဲအိတ်၊ ကင်မရာ၊ လက်ကိုင်ဖုန်းနှင့် ကြိုတင် စစ်ဆေးခံယူမှု မရှိသော ပန်းခွေ၊ ပန်းခြင်း စသည့် လုံခြုံရေးကို ထိခိုက်စေနိုင်မည့် ပစ္စည်းတစ်စုံတစ်ရာ ယူဆောင်ခွင့် မပြုကြောင်း ကြိုတင်အသိပေး ကြေညာအပ်ပါသည်။
၅။ အာဇာနည်ဗိမာန်နှင့် ဗိုလ်ချုပ်ပြတိုက်သို့ ဝင်/ထွက်ရာ လမ်းကြောင်းနှင့် ဂိတ်များ၌ လုံခြုံရေးအရ ရှာဖွေ စစ်ဆေးမှုများကို ပူးပေါင်း ကူညီသောအားဖြင့် ကြည်ဖြူစွာ အစစ်ဆေးခံပေးကြပါရန်နှင့် သတ်မှတ်လမ်းကြောင်းမှသာ စည်းကမ်းတကျ ဝင်ရောက်ထွက်ခွာကြပါရန် မေတ္တာရပ်ခံပါသည်။

The Voice Weekly 

No comments: