Monday, July 21, 2014

အာဇာနည်နေ့တွင် ခွင့်ပြုချက်မရဘဲ အချိန်ပိုဆင်းခိုင်းသည့် လှိုင်သာယာစက်မှုဇုန်မှ စက်ရုံနှစ်ရုံအား အရေးယူထားဟုဆို


Monday, July 21, 2014

ရန်ကုန်၊ ဇူလိုင် ၂၀- အာဇာနည် နေ့တွင် အချိန်ပိုဆင်းခိုင်းခြင်းရှိမရှိ လှိုင်သာယာစက်မှုဇုန်၌ ရှောင်တ ခင်စစ်ဆေးရာတွင် ခွင့်ပြုချက်မရ ဘဲ အချိန်ပိုဆင်းခိုင်းသည့် စက်ရုံ နှစ်ရုံအား အရေးယူထားကြောင်း အလုပ်ရုံ၊ အလုပ်သမားဥပဒေ စစ် ဆေးရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးဝင်းရှိန်က ဇူလိုင်၂ဝရက်က ပြောကြားလိုက်သည်။

ယင်းနှင့်ပတ်သက် ၍ ဇူလိုင် ၂ဝရက်က ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ကျင်းပခဲ့သည့် ရွှေ့ပြောင်း အလုပ်သမားများ သတင်း ပို့ရန် ကောင်တာဖွင့်ပွဲအခမ်းအနား အပြီးတွင် မီဒီယာများက မေးမြန်း စဉ် အလုပ်ရုံ၊ အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီး ဌာနညွှန်ချုပ်က ထို ကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ် သည်။

စက်ရုံအလုပ်ရုံများအနေဖြင့် အလုပ်ရုံ၊ အလုပ်သမားဥပဒေစစ် ဆေးရေးဦးစီးဌာနသို့ အများပြည်သူ ရုံးပိတ်ရက်များတွင် အချိန် ပိုခိုင်းစေ ခြင်းနှင့်ပတ်သက်ပြီး အရေးပေါ် မဖြစ်မနေ အလုပ်ဆင်းရမည့် လုပ် ငန်းများအား အချိန်ပိုဆင်းရန် အ ကြောင်းရှိ ပါက ဌာနသို့ ကြိုတင်အ ကြောင်းစာများပေးကာ ဆင်းရမည် ဖြစ်သော်လည်း အဆိုပါစက်ရုံများ သည် ခွင့်ပြုချက်မရရှိဘဲ အများ ပြည် သူ ရုံး ပိတ်ရက်တွင် အလုပ်ဆင်း ခိုင်းသည်ကို စစ်ဆေးတွေ့ရှိသဖြင့် ချက်ချင်း အရေးယူဆောင်ရွက်ထား ခြင်းဖြစ်ကြောင်း သိရသည်။


ဦးဝင်းရှိန်က ''အာဇာနည်နေ့ က အများပြည်သူရုံးပိတ်ရက် ဖြစ် တဲ့အတွက် လှိုင်သာယာက အထည် ချုပ်စက်ရုံတွေကို မဆင်း ခိုင်းထား ဘူး။ စက်ရုံတွေ အချိန်ပိုဆင်းတာ ရှိမရှိ စက်ရုံ ရှစ်ရုံကို ရှောင်တခင် ဝင်စစ်တာ စက်ရုံနှစ်ရုံက ခွင့်ပြုချက် မရဘဲ အချိန်ပိုဆင်း ခိုင်းတာ တွေ့ လို့ အရေးယူထား တာရှိတယ်''ဟု ပြောသည်။

အများပြည်သူရုံး ပိတ်ရက်တွင် ခွင့်ပြုချက်မရဘဲ အချိန်ပိုအလုပ် ဆင်းခိုင်းသည့်ကိစ္စနှင့်ပတ်သက်ပြီး ရှောင်တခင် စစ်ဆေးခြင်းများရှိပြီး ယခုနှစ်အတွင်း မင်္ဂလာဒုံစက်မှုဇုန် တွင် စက်ရုံတစ်ရုံ၊ လှိုင်သာယာနှင့် ရွှေလင်ပန်းစက်မှုဇုန်တွင် စက်ရုံ လေးရုံအား အရေးယူဆောင်ရွက်ပြီး ဖြစ်ကြောင်း သိရသည်။

အများပြည်သူရုံးပိတ်ရက်တွင် မဖြစ် မနေအလုပ်ဆင်းရန် အကြောင်း ရှိပါက အချိန်ပိုဆင်းခွင့်တောင်းနိုင် သည့် လုပ်ငန်းများမှာ အအေးခန်း လုပ်ငန်း၊ ဘွိုင်လာလုပ်ငန်း စသည့် အဆက်မပြတ်လုပ်ကိုင်ရသည့် လုပ် ငန်းအများစုဖြစ်ပြီး ယင်းလုပ်ငန်း များမှ မဖြစ်မနေ အလုပ်ဆင်းရမည် ဆိုပါက မြို့နယ်အလုပ်သမားရုံးသို့ ကြိုတင်အကြောင်းကြားရမည်ဖြစ် ကြောင်း သိရသည်။

ကိုရီးယားလုပ်ငန်းရှင်လုပ်ကိုင် သည့် မာစတာစပေါ့ ဖိနပ်ချုပ်စက်ရုံ ပိတ်လိုက်သည့်ကိစ္စတွင်လည်း အလုပ် သမားများ နစ်နာမှုအတွက် အလုပ် သမားညွှန်ကြားမှုဦးစီးဌာန၊ အလုပ် သမား၊ အလုပ်ရုံဥပဒေ စစ်ဆေးရေး ဦးစီးဌာနနှင့် လူမှုဖူလုံရေး အဖွဲ့တို့ မှ ဇူလိုင် ၁ရရက်က တရားစွဲ အရေးယူထားကြောင်းနှင့် အခြား သော အလုပ်ရုံဥပဒေချိုးဖောက် သည့် စက်ရုံများအား အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

SH
‪#‎Democracytoday‬

No comments: