Thursday, July 31, 2014

ဦးမျိုးရန်နောင်သိန်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အမှုဖွင့်


Thursday, July 31, 2014

မဲဆန္ဒရှင်စာရင်း ပြုစု ခြင်း ရှေ့ပြေးစီမံချက်ပါ မဲစာရင်း ကို ခွင့်ပြုချက်မရှိဘဲ ဖြုတ်ယူခြင်း အတွက် အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်၏ ဗဟိုသုတေသနလမ်း ညွှန်အဖွဲ့မှ အတွင်းရေးမှူးဖြစ်သူ ဦးမျိုးရန်နောင်သိန်းကို အမှုဖွင့် ထားကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင်ထံမှ သ တင်းရရှိသည်။


ချင်းပြည်နယ် တီးတိန်မြို့ နယ်တွင် မဲဆန္ဒရှင် စာရင်းပြုစု ခြင်း ရှေ့ပြေးစီမံချက်အရ လွယ် ဘွားလ်ရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင် အများ ပြည်သူများ လေ့လာကြည့်ရှုရန် မဲဆန္ဒရှင်စာရင်းကို ယခုလ (ဇူ လိုင်) ၁၀ ရက်မှစတင်၍ ကပ်ထားခဲ့သည်ဟု ဇူလိုင် ၃၀ ရက်ထုတ် နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

အဆိုပါ မဲစာရင်းကို ဇူလိုင် ၂၂ ရက် နံနက် ၁၁ နာရီခန့်တွင် သက်ဆိုင်ရာ တာဝန်ရှိသူ ပုဂ္ဂိုလ် များ၏ ခွင့်ပြုချက် ရယူခြင်းမရှိဘဲ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါ တီ၏ ဗဟိုသုတေသန လမ်းညွှန် အဖွဲ့ အတွင်းရေးမှူး ဦးမျိုးရန် နောင်သိန်းက ၎င်း၏ သဘောဖြင့် ဖြုတ်၍ ယူဆောင်သွားခဲ့သည့်အ တွက် တီးတိန်မြို့နယ် ရွေး ကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္က ဋ္ဌက ဦးမျိုးရန်နောင်သိန်းအား လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၅၉ (က) အရ အရေးယူပေး ရန် တီးတိန်မြို့မရဲစခန်း၌ တိုင် ကြားအမှုဖွင့်ခဲ့သည်ဟု ယင်းသ တင်းစာတွင် ပါရှိသည်။

ချင်းပြည်နယ် လွယ်ဘွားလ် ရှိ ရုံးတစ်ရုံးရှေ့တွင် အ၀တ်လှန်း သလို ကြိုးတန်းဖြင့် စာရွက်များ ချိတ်ဆွဲထားသည်ကို တွေ့ရ ကြောင်း၊ သွားရောက်ကြည့်ရှု သည့်အခါ မဲစာရင်းစာရွက်များ ဖြစ်နေသည်ကို တွေ့ရသည့်အ တွက် မိမိ၌ရှိသော မဲစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးရန် ခွင့်ပြုချက် တောင်းရန် လူရှာဖွေရာတွင် မ တွေ့ရှိသဖြင့် စာရွက်များကို မိတ္တူ ကူးပြီး ယင်းနေရာ၌ပင်ပြန် လည်ထားရှိခဲ့ကြောင်း ဦးမျိုးရန်နောင်သိန်းက ပြောသည်။

‘‘အဓိကကတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က လုပ်တာ ဆိုတော့ အဲဒီလိုလုပ်တာ။ ပြည်ခိုင်ဖြိုးက လုပ်တာတွေဆို ရွေး ကောက်ပွဲကော်မရှင်က အရေး ယူတာအားနည်းတယ်’’ ဟု ၎င်း က ဆိုသည်။

ယင်းကိစ္စရပ်နှင့်ပတ်သက် ၍ တီးတိန်မြို့မ ရဲစခန်းက အမှု အမှတ် (ပ)၇/၂၀၁ ဖြင့် အမှုဖွင့် ခဲ့ပြီး ဒုရဲအုပ် ခင်မောင်ကြည်က စစ်ဆေးဆောင်ရွက်ကာ ဦးမျိုးရန် နောင်သိန်းအား ကလေးမြို့နယ် ကိုးမိုင်ရဲစခန်းတွင် စစ်ဆေးချက် ရယူပြီး အာမခံပေးခဲ့ကြောင်းနှင့် အမှုကို လာမည့် ရက်သတ္တပတ် အတွင်း တီးတိန်မြို့နယ် တရားရုံး တွင် တရားစွဲဆိုသွားမည်ဖြစ် ကြောင်း ပြည်ထောင်စု ရွေး ကောက်ပွဲကော်မရှင်ထံမှ သတင်း ရရှိသည်ဟု မြန်မာ့အလင်းသ တင်းစာက ဖော်ပြထားသည်။

ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်သည် မဲဆန္ဒရှင် စာ ရင်းပြုစုခြင်း ရှေ့ပြေးစီမံချက်ကို ရန်ကုန်တိုင်းဒေသကြီး အလုံမြို့ နယ်နှင့် ကချင်ပြည်နယ် မြစ်ကြီး နားမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) နှင့် ချင်းပြည်နယ် တီးတိန် မြို့နယ်များတွင် စမ်းသပ်ဆောင် ရွက်လျက်ရှိသည်။

7Day

No comments: