Saturday, July 26, 2014

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုး တတိယအဆင့်အထိ တည်ဆောက်မှုပြီးစီး

Saturday, July 26, 2014

အရင်စစ်အစိုးရလက်ထက်က စတည်တည်ဆောက်လာတဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ခြံစည်းရိုးကို အဆင့်လေးဆင့်နဲ့ အကောင်အထည်ဖော်နေရာမှာတော့ လက်ရှိမှာတတိယအဆင့်ထိ ရောက်ရှိလာပြီလို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ဇူလိုင်(၂၂)ရက်နေ့မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဒီလိုနယ်စပ်ခြံစည်းရိုးခတ်ခြင်းကို မြန်မာနိုင်ငံကတာဝန်ယူ တည်ဆောက်နေတာဖြစ်ပြီး တစ်ဖက်နိုင်ငံကနေ ခိုးဝင်မယ့်သူတွေ ပပျောက်သွားနိုင်ရေး အလေးထားဆောင်ရွက် နေတယ်လို့လည်းပြောပါတယ်။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ထိစပ်မှုဟာ ပင်လယ်ပြင်နဲ့ ကုန်းမြေနှစ်မျိုးလုံးမှာရှိနေပြီး စုစုပေါင်းနယ်စပ်အရှည် ၁၆၉ မိုင်ရှည်လျားပါတယ်။

အဲ့ဒီနယ်စပ်ခြံစည်းရိုး ကာရံမှုတွေမှာတော့ လုံခြုံရေးကင်းစခန်းတွေနဲ့ နယ်စပ်မှတ်တိုင်တွေကိုလည်း တစ်ဆင့်နဲ့တစ်ဆင့် တိုးမြှင့်တည်ဆောက်နေတယ်လို့လည်း ပြည်နယ်ဝန်ကြီးချုပ်က ပြောပါတယ်။ ရခိုင်ပြည်နယ်မှာတော့ လက်ရှိအနေအထားအရ လူဝန်မှုကြီးကြပ်ရေးဦးစီးဌာနကလည်း တစ်ဖက်နိုင်ငံမှ ၀င်ရောက်လာသူများနဲ့ တစ်ဖက်နိုင်ငံကို ထွက်ခွာသူများကို စနစ်တကျစစ်ဆေးနေပြီး တရားမ၀င်ဖြတ်ကျော် ၀င်ရောက်မှုများတွေ့ရှိပါက ချက်ချင်းအရေးယူ ဆောင်ရွက်မှုတွေပြုလုပ်နေပါတယ်။ 

Credit To>>ME

No comments: