Sunday, July 20, 2014

တောင်အာဖရိကတွင်၉နှစ်သားကျောင်းသားလေးနှင့်၆၂နှစ်အရွယ်အမျိုးသမီ မင်္ဂလာဆောင်

Sunday, July 20, 2014



တောင်အာဖရိကနိုင်ငံကမင်္ဂဆောင်အခမ်းအနားတစ်ခုပါ။ သတို့သားက ဆန်နီလီလို့အမည်ရပြီး ၉နှစ်အရွယ်ကျောင်းသားလေးတစ်ဦးပါ။ သတို့သမီးကတာ့အသက်၆၂ နှစ်ရှိပြီး ဟယ်လင်လို့ ခေါ်ပါတယ်။ သူတို့ဇနီးမောင်နှံဟာဒုတိယအကြိမ်မြောက်တရားဝင်အဖြစ်ထပ်မံမင်္ဂလာပွဲပြုလုပ်ခဲ့တာဖြစ်ပြီးဧည့်
သည် ၁၀၀ နီးပါးမင်္ဂလာပွဲကို တက်ရောက် အားပေးခဲ့ကြတယ် လို့သိရပါတယ်။  တောင်အာဖရိကမှာ ယခုလို အသက်ကွာဟလွန်းတဲ့ မင်္ဂလာပွဲဟာပထမအကြိမ် တော့မဟုတ်ပါဘူး။ 


အသက်၁၁၇ နှစ်ရှိပြီဖြစ်တဲ့ဆို မာလီအဘိုးအိုတစ်ဦးနဲ့အသက်၁၇ နှစ်သာရှိသေးတဲ့ မိန်းမပျိုတစ်ဦးတို့ရဲ့ မင်္ဂလာပွဲအပြင် အခြား အသက်ကွာဟလွန်းတဲ့ အတွဲခြောက်တွဲ ဟာလည်း  တောင်အာဖရိက အစဉ်အလာအရ မင်္ဂဆောင်လက်ထပ်ခဲ့ကြတယ်လို့သိရပါတယ်။ သတို့သား ဆန်နီလီမိဘများက မင်္ဂလာပွဲအတွက် ပေါင်၁၀၀၀အကုန်အကျခံခဲ့ပြီးသတို့သမီးဟယ်လန်ရဲ့ဘ၀နောင်ရေး တွက်လည်း ပေါင်၅၀၀လက်ဖွဲ့ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ အောက်မှာဖော်ပြထားတဲ့ပုံက သတို့သမီးဟယ်လင်က သတို့သားလေး ဆန်နီလီကို လက်ထပ်လက်စွပ် ၀တ်ဆင်ပေးနေချိန် ရိုက်ကူးထားတဲ့ပုံပါ။

Mirror
Yangon Media Group

No comments: