Thursday, July 24, 2014

မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးတေဇ အသင်းမှနုတ်ထွက်မည်

Thursday, July 24, 2014



မြန်မာနိုင်ငံ ကျောက် မျက်ရတနာလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသော ဦးတေဇသည် အသင်း၏ လာမည့်ရွေးကောက်ပွဲများ တွင် ထပ်မံရွေးချယ်ခံတော့မည် မဟုတ်ဘဲ နုတ်ထွက်မည်ဖြစ် ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံ၏ ထိပ်တန်းစီး ပွားရေးလုပ်ငန်းရှင်ဖြစ်သော ဦးတေဇမှာ မြန်မာနိုင်ငံ ကျောက် မျက်ရတနာလုပ်ငန်းရှင်များ အသင်း စတင်ဖွဲ့စည်းသည့် ၂၀၀၉ ခုနှစ်မှ စတင်ကာ ဥက္ကဋ္ဌ ရာထူးကိုသုံးကြိမ်ဆက် ရယူထား သူဖြစ်သည်။ ပြီးခဲ့သည့် ၂၀၁၃ ဇန်န၀ါရီလကတည်းက အသင်း ဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက်ရန် စီစဉ် ခဲ့သော ဦးတေဇသည် အခြားအ သင်းတာဝန်ရှိသူများ၏ တိုက် တွန်းမှုကြောင့် မူလတာဝန်ကို ဆက်လက်ရယူခဲ့သော်လည်း ယခုအကြိမ်တွင် ထပ်မံရွေးချယ် ခံတော့မည် မဟုတ်ကြောင်း မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းအတွင်း ရေးမှူး (၃)ဦးထွန်းလှအောင်က ပြောသည်။

‘‘သူက မလုပ်တော့ဘူး။ အရင်ကတည်းက ပြောထားပြီး သား။ ဦးတေဇနုတ်ထွက်သွား တော့ အသင်းအပေါ် အားကိုးလျော့သွားတာပေါ့။ အသင်းသားအများစုက သူ့ကို ကြိုက်ကြတယ်။ သူလိုလုပ်ငန်းရှင်တစ် ယောက်က ကျွန်တော်တို့အသင်း မှာ ရှိသင့်တယ်’’ ဟု ဦးထွန်းလှ အောင်က ပြောသည်။



မြန်မာနိုင်ငံ၏ ကျောက်မျက် ရတနာများကို အမေရိကန်နိုင်ငံ မှ တင်ပို့ခွင့် ပိတ်ပင်ထားဆဲ ဖြစ် ရာ ၎င်းအသင်းဥက္ကဋ္ဌအဖြစ် တာ ၀န်ယူထားခြင်းကြောင့် မြန်မာ ကျောက်မျက်ရတနာလုပ်ငန်းအ ပေါ် ထိခိုက်မှု မရှိစေရန်နှင့် အ များကောင်းကျိုးအတွက် အသင်း ဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက်ပေးခြင်း ဖြစ်သည်ဟု အမေရိကန်နိုင်ငံ၏ တားမြစ်ပိတ်ဆို့ခံထားရဆဲဖြစ်သူ အသက်(၅၀)အရွယ် ဦးတေဇက ပြောဆိုကြောင်း မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင် များအသင်း တာဝန်ရှိသူများက ပြောသည်။

မြန်မာနိုင်ငံ ကျောက်မျက် ရတနာလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌနှင့် အမှုဆောင်သစ်များ ရွေးချယ်ပွဲကို လာမည့် သြဂုတ် ၁၅ ရက်တွင် ကျင်းပမည်ဖြစ် သည်။ ရွေးချယ်ခံရသည့် အမှု ဆောင်သစ်များသည် စက်တင် ဘာတွင် စတင်တာဝန်ယူမည် ဖြစ်သည်။ အမှုဆောင်သစ်ရွေး ချယ်ပွဲကို သုံးနှစ်တစ်ကြိမ် ကျင်းပ မည်ဖြစ်ကြောင်း သတင်းရရှိ သည်။

မြန်မာနိုင်ငံ ကျောက်မျက် ရတနာလုပ်ငန်းရှင်များအသင်း လက်အောက်တွင် မန္တလေး၊ မြစ် ကြီးနား၊ မိုးကုတ်၊ ဖားကန့်စသည့် မြို့အလိုက် ဖွဲ့စည်းထားသည့် အသင်းခွဲများရှိသည်။ အသင်း တွင် ဥက္ကဋ္ဌတစ်ဦး၊ ဒုတိယဥက္ကဋ္ဌ ခြောက်ဦး၊ အတွင်းရေးမှူးသုံးဦးနှင့် တွဲဖက်အတွင်းရေးမှူးသုံးဦးရှိ သည်။

အခမ်းအနားတစ်ခုတွင်ဦးတေဇရှင်းလင်းပြောကြားစဉ်-ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
7Day Daily

No comments: