Saturday, July 26, 2014

မန္တလေးနှင့် အိန္ဒိယနိုင်ငံ ချိတ်ဆက်ကုန်သွယ်နိုင်ရန် လမ်းပိုင်းများအမြန်ဖောက်မည်ဟု အိန္ဒိယသံအမတ်ကြီးဆို



Saturday, July 26, 2014

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဒေသများနှင့် မန္တလေးမြို့တို့ တိုက်ရိုက်ကုန်သွယ်နိုင်ရန် လမ်း ပိုင်းများ အဆင့်မြှင့်တင်နေမှုကို လာမည့်နှစ် အနည်းငယ်အတွင်း ပြီးစီးအောင် ဆောင်ရွက်သွားမည် ဟု မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံ အမတ်ကြီး မစ္စတာဂေါ့တမ်မူခိုပါ ဒယာက ပြောသည်။

အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံမှတစ်ဆင့် အာဆီယံ နိုင်ငံများနှင့် ပိုမိုချိတ်ဆက်နိုင်ရန် ကုန်သွယ်ရေးလမ်းကြောင်းများ အဆင့်မြှင့်နေပြီဖြစ်ပြီး သုံးနှစ် အတွင်း ပြီးစီးတော့မည်ဖြစ် ကြောင်း သံအမတ်ကြီးက ဇူလိုင် ၂၅ ရက်တွင် မန္တလေးမြို့၌ ကျင်းပသည့် မြန်မာ-မန္တလေး ကုန်းလမ်း ကုန်သွယ်ရေး-အခွင့် အလမ်းနှင့် စိန်ခေါ်မှုများ ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

မန္တလေးမြို့မှာ မြန်မာနိုင်ငံ ၏ အဓိကအချက်အချာကျသည့် နေရာတွင် တည်ရှိနေသော ကြောင့် ၂ နှစ်အတွင်း မန္တလေး-အင်ဖာဘတ်စ်ကားလိုင်း စတင်ပြေးဆွဲနိုင်ရန် စီစဉ်သွားမည် ဖြစ်ပြီး သုံးနှစ်အတွင်း ကလေးဝ-ယာကြီးလမ်းပိုင်းများနှင့် ကလေး-မန္တလေး ကားလမ်းပိုင်းများကို လည်း အပြီးသတ် အဆင့်မြှင့်သွားမည်ဖြစ်ကြောင်း သံအမတ်ကြီးက ပြောသည်။ ထို့ပြင် မန္တလေးမြို့မှ ဗုဒ္ဓဂယာသို့ တိုက်ရိုက်လေ ကြောင်းလိုင်း ပြေးဆွဲရေး မကြာမီတွင် အကောင်အထည်ဖော် တော့မည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

‘‘မြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံ ရဲ့ အရှေ့မြောက်ဒေသ အ ချင်းချင်း ကူးလူးဆက်ဆံတဲ့အခါ မှာ အခွင့်အလမ်းကောင်းတွေ အများကြီး ဖြစ်ပေါ်လာမယ်ဆို တာ သိထားပါတယ်’’ ဟု သံအ မတ်ကြီးက ပြောကြားသည်။

နှစ်နိုင်ငံ ကုန်သွယ်မှု တိုးမြှင့် ရန် တောင်အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများသို့ အလွယ် တကူသွားလာနိုင်မည့် ကီလိုမီ တာ ၃၂၀၀ ရှည်သည့် ထိုင်း- မြန်မာ-အိန္ဒိယ သုံးနိုင်ငံလမ်းမ ကြီးကို ၂၀၁၆ တွင် ပြီးစီးအောင် ဖောက်လုပ်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ၀န်ကြီး ချုပ်က ယင်းဆွေးနွေးပွဲတွင် ပြော ကြားခဲ့သည်။

မြန်မာနိုင်ငံ၏ နယ်စပ်ကုန် သွယ်မှုတွင် စုစုပေါင်း အမေရိ ကန်ဒေါ်လာ ၄ ဒသမ ၇ ဘီလီယံ ရှိနေပြီး မူဆယ်မြို့နှင့် မြ၀တီမြို့ တို့မှ ကုန်သွယ်မှု အများဆုံး ပါဝင်နေကြောင်း၊ အိန္ဒိယ-မြန်မာနှစ်နိုင်ငံ နယ်စပ်ရှိ မိုရေးမြို့၏ ကုန်သွယ်မှုပမာဏနှင့် နှိုင်းယှဉ်ပါက နောက်ကျနေသေးသောကြောင့်နှစ်နိုင်ငံကုန်သွယ်ရေးစနစ်များယခုထက် ပိုမိုတိုးတက်အောင် အဆင့်မြှင့်ရခြင်းဖြစ်ကြောင်း သံအမတ်ကြီးက ပြောသည်။

Credit To>> 7Day News

No comments: