Tuesday, July 29, 2014

ကြားဖြတ်ရွေးကောက်ပွဲ ဖြစ်၊မဖြစ် နိုင်ငံရေးပါတီတချို့ စောင့်ကြည့်နေ

Tuesday, July 29, 2014

ပြည်သူ့လွှတ်တော်၊အမျိုးသားလွှတ်တော်၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်လွှတ်တော်တို့၌ လစ်လပ်နေသည့် ကိုယ်စား လှယ်နေရာ ၃ဝ အတွက် ၂ဝ၁၄ ခုနှစ်အတွင်း ထပ်မံပြုလုပ် မည်ဟုဆိုသောကြားဖြတ်ရွေးကောက်ပွ
ဲဖြစ်၊မဖြစ်စောင့်  ကြည့် နေကြောင်း နိုင်ငံရေးပါတီတချို့က ယနေ့ပြောကြားသည်။

''ကချင်ပြည်နယ်မှာက နေရာလေးနေရာ၊ ရွေးကောက်ပွဲ ကော်မရှင်ကလုပ်ဖြစ်ရင် အန်ကယ်တို့ပါတီက ဝင်မှာပါ။ အကြောင်းမကြားသေးဘူး။အချိန်ကတော့နည်းနည်းတိုတောင်း သွားတယ်''ဟု ကချင်ပြည်နယ်ဒီမိုကရေစီပါတီဥက္ကဋ္ဌဒေါက်တာဦးမနာမ်တူးဂျာကပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ကြားဖြတ် ရွေးကောက်ပွဲနှင့်ပတ်သက်၍ ဖြေကြားချက်များရှိသော် လည်းရွေးကောက်ပွဲ ဖြစ်၊မဖြစ်မပြောနိုင်သေးကြောင်း၊ နိုင်ငံရေးအခြေအနေတည်ငြိမ်လျှင် ရွေးကောက်ပွဲဖြစ်လာနိုင် ကြောင်း၊ သို့သော်
ကြားဖြတ်ရွေးကောက်ပွဲ မှ
ကြားဖြတ်ရွေးကောက်ပွဲမတိုင် မီမည်သည့်ပြဿနာများပေါ် လာမည်ကို မပြောနိုင်သေး ကြောင်း၊ အပြောင်းအလဲလုပ် လျှင်လုပ်နိုင်သည့်အခြေအနေ ရှိသေးကြောင်း ဒီမိုကရက်တစ် ပါတီ(မြန်မာ)ဥက္ကဋ္ဌဦးသုဝေ ကပြောသည်။

''အန်ကယ့်အမြင်ကတော့ နေရာတွေ လွတ်လပ်နေတာ တော့ မသင့်တော်ဘူးလေ။ ဒေသခံပြည်သူတွေကို လွှတ် တော်ထဲမှာပါစေချင်တယ်။ရွေး ကောက်ပွဲမလုပ်တဲ့ အခါကျ တော့ ဒေသခံပြည်သူတွေ အတွက် ကိုယ်စားလှယ်မရှိ ဖြစ်နေကြတာပေါ့။ တင်ပြချင် တာလဲတင်ပြလို့မရ။ ကိုယ် စားပြုပေးမယ့်သူမရှိဘူး။လုပ် ဖြစ်ရင်တော့ကောင်းတယ်'' ဟု ဦးမနာမ်တူးဂျာက ပြော သည်။ ဒီမိုကရက်တစ်ပါတီ (မြန်မာ)အနေဖြင့် ရန်ကုန်တိုင်း ဒေသကြီးဒဂုံမြို့သစ် (တောင် ပိုင်း) မြို့နယ်တွင်ဝင်ရောက် ယှဉ်ပြိုင်ရန် စီစဉ်ဆောင်ရွက် ထားကြောင်း၊အခြားသောလစ် လပ်မဲဆန္ဒနယ်များအတွက် ဝင် ရောက်ယှဉ်ပြိုင်လိုသူများရှိပါ က ခွင့်ပြုပေးသွားမည်ဖြစ် ကြောင်းဦးသုဝေကပြောသည်။

''တခြားနေရာတွေက တော့ သူတို့မှာ ငွေရှိတယ်။ ပြိုင်ချင်တယ်ဆိုရင် ပြိုင်ခွင့်ပေး မှာပေါ့။ ပါတီဌာနချုပ်အနေနဲ့ ဘာမှထောက်ပံ့မပေးနိုင်ဘူး'' ဟု ၄င်းကဆိုသည်။
ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်အနေဖြင့် ကြား ဖြတ်ရွေးကောက်ပွဲနှင့်ပတ်သက် ၍ နိုင်ငံပိုင်သတင်းစာများမှ တစ်ဆင့်ထုတ်ပြန်ကြေညာပေး သွားမည်ဖြစ်ကြောင်း ပြည် ထောင်စုရွေးကောက်ပွဲကော်မ ရှင်နိုင်ငံရေးပါတီများမှတ်ပုံ တင်ခြင်းဌာနမှအတွင်းရေးမှူး ဦးလှမောင်ချိုက ယနေ့ပြော သည်။

The Union Daily

No comments: