Thursday, April 10, 2014

ခွင့်ပြုချက်မရရှိဘဲ လမ်းလျှောက်ဆန္ဒဖော်ထုတ်သော မြစ်ဆုံလမ်းလျှောက် အဖွဲ့ခေါင်းဆောင် ပုဒ်မ ၁၈ ဖြင့် အရေးယူခံရ

Thursday, April 10, 2014

မြစ်ဆုံအထိလမ်းလျှောက်မည့် အဖွဲ့သည် ရေနံချောင်မြို့မှ အေပြီ ၉ ရက်နေ့ မနက်လေးနာခန့်တွင် စတင်ထွက်ခွာ လာခဲ့ရာ ချောက်မြို့နယ် ဂွေးပင်ရဲစခန်းနှင့် ဂွေးချိုရဲစခန်းတို့မှ ခွင်ပြုချက်မရဘဲ လမ်းလျှောက်ခြင်းမပြုရန် လာရောက် ပြော ဆိုသော်လည်း ဆက်လက်လမ်းလျှောက်ဆန္ဒဖော်ထုတ်မှုကြောင့် ပုဒ်မ ၁၈ ဖြင့် အဖွဲ့ခေါင်းဆောင်အား အမှုဖွင့် အရေးယူထားကြောင်း ယင်းမြို့ခံများထံမှသိရသည်။

အဆိုပါအဖွဲ့သည် မတ်လ ၂၃ ရက်နေ့တွင် ရန်ကုန်မြို့မှ စတင်လမ်းလျှောက်ခဲ့ကြပြီး အေပြီ ၉ ရက်နေ့တွင် ချောက်မြို့သို့ ဆက်လက်လမ်းလျှောက်လာခြင်းဖြစ်ကြောင်း၊လမ်းတလျှောက်တွင် ခေါင်းဆောင် ၄ ဦး နုတ်ထွက်ခြင်း၊ အဖွဲ့ဝင်အချို့ ကားစီးမှုနှင့်ပတ်သက်၍ အဖွဲ့ဝင်အချင်းချင်း စကားအချေအတင်ဖြစ်ပွားခြင်းတို့ကြောင့် ပြည်သူလူထုမှ ယုံကြည်မှုနည်းပါးလာချိန်တွင် ယခုကဲ့သို့ အဖွဲ့ခေါင်းဆောင်အား အရေးယူမှုနှင့် ရင်ဆိုင်နေရကြောင်း လမ်းလျှောက် လိုက်ပါသူ အဖွဲ့ဝင်တစ်ဦးက ပြောသည်။
“ဂွေးပင်ရွာနဲ့တော့ နီးနေပြီဗျ၊ အဲဒီလမ်းလျှောက်အဖွဲ့ကို ရဲစခန်းကသွားပြီး တားတယ်လို့ကြားတယ်၊ ဒါပေမယ့် အဲဒီအဖွဲ့ကနားမထောင်ပဲ ဆက်ပြီး လမ်းလျှောက်နေတာတွေ့တယ်” ဟု ဂွေးပင်ရွာခံကျောင်းဆရာတစ်ဦး ကပြော သည်။

ချောက်မြို့နယ် ဂွေးပင်ကျေးရွာအနီး မိုင်တိုင်အမှတ်( ၃၇၂ / ၁ )သို့ရောက်ရှိလာသော လမ်းလျှောင်အဖွဲ့အား ဂွေးပင် ရဲစခန်းမှ ခွင့်ပြုချက်မရရှိဘဲ ဆက်လက်လမ်းလျှောက်ခြင်းမပြုရန် တားမြစ်သော်လည်း အဖွဲ့ခေါင်းဆောင် ဦးရဲထွဋ်ခေါင် က လက်မခံဘဲ ဆက်လက်ထွက်ခွာသွားကြောင်း ရဲအရာရှိတစ်ဦးက ပြောကြားသွားသည်။
“တားနေတဲ့ကြားက အဲ့ဒီအဖွဲ့က ဆက်ပြီးလမ်းလျှောက်လာတော့ ဒီရွာထဲရောက်လာတယ်၊ ကျေးရွာNLD ပါတီဥက္ကဌ ဦးခိုင်ဝင်းက ကြိုဆိုပြီး ကျော် လက်ဖက်ရည်ဆိုင်မှာ နေ့လယ်စာကျွေးနေတာတွေတယ် ၊ ပြီးတော့ အဲ့ဒီဆိုင်ကနေ ရပ်ကွက်NLD ပါတီဝင် ဦးအောင်ဝင်းအိမ်ကို ၀င်ပြီးနားနေကြတာမြင်တယ်၊ အဲ့ဒီအဖွဲ့ကို NLD ပါတီဝင်တွေက တော်တော်ဂရုစိုက်တယ်ဗျ ” ဟု ရွာခံတစ်ဦးကဆိုသည်။

အဆိုပါအဖွဲ့သည် နေ့လည် ၃နာရီခွဲခန့်တွင် ဂွေးပင်ကျေးရွာမှ ဆက်လက်ထွက်ခွာလာခဲ့ရာ ဂွေးချိုကျေးရွာအုပ်စု မိုင်တိုင်အမှတ်(၃၈၅/၁)သို့ရောက်ရှိစဉ် ဂွေးချိုရဲစခန်းမှ သွားရောက်တာမြစ်သော်လည်း လက်မခံပဲ ဆက်လက်ထွက် ခွာသွားကြောင်း၊ ဇီးပွားကျေးရွာသို့ရောက်ရှိစဉ် ကျောက်ပန်းတောင်းမြို့နယ် NLD ပါတီဥက္ကဌ ဦးဇော်ဝင်းနှင့် ပါတီဝင် များမှ ကြိုဆိုခဲ့ကြကြောင်း သိရသည်။

ဂွေးချိုကျေးရွာ သုခကာရီရွာဦးဘုန်းကြီးကျောင်း၌ တည်းခိုနေသော လမ်းလျှောက်အဖွဲ့ခေါင်းဆောင် တွံတေးမြို့နယ် NLDပါတီဥက္ကဌ (မြို့နယ်နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ချုပ် တာဝန်ခံ) ဦးရဲထွဋ်ခေါင်အား မကွေးတိုင်း ဒေသကြီး၊ချောက်မြို့နယ်၊ဂွေးပင်ကျေးရွာ ရဲစခန်းမှ ခွင့်ပြုချက်မရရှိဘဲ လမ်းလျှောက်ဆန္ဒထုတ်ဖော်မှု ပုဒ်မ ၁၈ ဖြင့် အရေးယူထားကြောင်း ယင်းရဲစခန်းမှသိရှိရပါသည်။

မောင်ခိုင်မြင့်(ချောက်)
credit to : Online Update News

No comments: