Sunday, April 20, 2014

မြန်မာနှစ်သစ်ကူးကာလဖြစ်ပွားသော ကချင်ဒေသစစ်ပွဲများ ကြောင့် ဒုက္ခသည်ဦးရေတိုးလာဟုဆို

Sunday, April 20, 2014
ယခင်နှစ်များကဖြစ်ပွားခဲ့သော ကချင်တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ကေအိုင်အေနှင့်အစိုးရကြား တိုက်ပွဲများကြောင့်ဖြစ်ပေါ်လာသော ဒုက္ခသည်ဦးရေသည်ကချင်ပြည်နယ် အတွင်းလျော့ပါးသွားခြင်းမရှိသေး ဘဲ ၂၀၁၄ ခုနှစ်၊ မြန်မာနှစ်သစ် ကူးကာလအတွင်းဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ဒုက္ခသည်ဦးရေ သည် ယခင်ကထက်တိုးလာပြီး၊ တရုတ်ပြည်နယ်စပ်နှင့် တရုတ်နိုင်ငံ အတွင်းသို့ထွက်ပြေးတိမ်းရှောင်သူ များရှိလာကြောင်း ကချင်ပြည်နယ် ဒုက္ခသည်စခန်းများကိုကူညီနေသော အဖွဲ့အစည်းများထံမှသိရသည်။

အစိုးရနှင့် ၁၇ နှစ်ကျော်ကြာ အပစ်အခတ်ရပ်စဲထားသော ကေအိုင်အေသည် ၂၀၁၁ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့မှစတင်ကာဖြစ် ပွားခဲ့သောတစ်ကျော့ပြန်တိုက်ပွဲ များကြောင့် တရုတ်ပြည်နယ်စပ် ကေအိုင်အေထိန်းချုပ်ရာနယ်မြေ ဒေသတွင်စစ်ပြေးရှောင်ဒုက္ခသည် ငါးသောင်းကျော်ရှိခဲ့ပြီး တရုတ် နိုင်ငံတွင်ခိုလှုံသူဦးရေသည်ထောင် ဂဏန်းခန့်ရှိကာ ယခုထပ်မံဖြစ်ပွား ခဲ့သောတိုက်ပွဲများကြောင့် တရုတ် ပြည်နှင့် နယ်စပ်စခန်းများတွင် ဒုက္ခသည်ဦးရေ ၉၀၀၀ ခန့်တိုးလာ သည်ဟုဆိုသည်။

““ကေအိုင်အေနယ်မြေ (၃) ဖြစ်ခဲ့တဲ့တိုက်ပွဲတွေကြောင့် တရုတ် ပြည်နယ်စပ်ထဲကိုပြေးရတဲ့သူတွေ ကတော့ရှိတယ်၊ တရုတ်နိုင်ငံဘက် ကိုထွက်ပြေးရတဲ့သူတွေကတော့ စားရေးသောက်ရေးကတော့အဆင် မပြေဘူး”” ဟုကေအိုင်အေဘက်မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

ယမန်နှစ်များက တရုတ်ပြည် အတွင်းရှိ ကချင်စစ်ဘေးရှောင် ဒုက္ခသည်စခန်းများကို တရုတ်အစိုး ရမှ မြန်မာဘက်သို့ပြောင်းရွေ့ခိုင်း ခြင်းများရှိခဲ့ပြီး၊ ယင်းနှစ်အတွင်းက တရုတ်ပြည်ရှိဒုက္ခသည်စခန်းနှင့် ကချင်ပြည်နယ်စပ်ဒုက္ခသည်စခန်း များတွင် ကူးစက်ရောဂါများဖြစ်ပွား မှုစားနပ်ရိက္ခာမလုံလောက်မှုများ ဖြစ်ပေါ်ခဲ့သေးသည်။

““ကျွန်တော်တို့ဒီဘက်မှာက တော့ ဒုက္ခသည်ဦးရေတိုးလာတာ တော့မရှိဘူး၊ ဒီဘက်မှာဆိုရင် သူတို့အတွက်အဆင်လည်းပြေပါ တယ်၊ဒါပေမဲ့တရုတ်ပြည်နယ်စပ် ပိုင်းရောက်သွားရင်တော့ကျွန်တော် တို့လည်းမပြောတတ်ဘူး”” ဟု ကချင်ပြည်နယ်၊ မြစ်ကြီးနားရှိ ဒုက္ခသည်စခန်းများကိုစောင့်ရှောက် ပေးနေသည့်အဖွဲ့အစည်းမှဦးလဒွဲ ကဆိုသည်။

ယခုနှစ်ဧပြီလအတွင်း အစိုးရ နှင့် ကချင်တိုင်းရင်းသားလက်နက် ကိုင်တပ်ဖွဲ့ကေအိုင်အေတို့ကြား ဖြစ်ပွားခဲ့သောတိုက်ပွဲများကြောင့် တရုတ်ပြည်သို့ထွက်ပြေးလာသော စစ်ဘေးရှောင်ဒုက္ခသည်များကို ယခုလက်ရှိတွင် တရုတ်အစိုးရမှ မောင်းထုတ်ခြင်းမရှိကြောင်းသိရ သည်။

HOT NEWS

No comments: