Thursday, March 26, 2015

မြေနီကုန်းခုံးကျော်တံတား တပ်မတော်နေ့တွင် စတင်ဖြတ်သန်းနိုင်မည်


Thursday, March 26, 2015

မတ်လ ၂၇ ရက် (တပ်မတော်နေ့)တွင် မြေနီကုန်း ခုံးကျော်တံတားပေါ်သို့ ကားများ စတင်ဖြတ်သန်းခွင့်ပြုတော့ မည် ဖြစ်ကြောင်း အဆိုပါခုံးကျော် တံတားဆောက်လုပ်ရေးကုမ္ပဏီ မှ သတင်းရရှိသည်။

အင်္ဂလိပ်လိုပြောပြီး သရုပ်ဆောင်ရတာ အတွေ့အကြုံအများကြီးရတယ်ဆိုတဲ့ ပြေတီဦး


Thursday, March 26, 2015

ထိုင်းနိုင်ငံတွင် ရိုက်ကူး ခဲ့သည့် တီတီအင်န်ဒိုးနပ်ရုပ်ရှင် တွင် အင်္ဂလိပ် စကားပြောကာ သရုပ်ဆောင်ရသဖြင့် အခက်အခဲ များရှိခဲ့ပြီး အတွေ့ အကြုံများ လည်းရရှိခဲ့သည်ဟု ပြေတီဦးက ပြောသည်။

Tuesday, February 24, 2015

လောက်ကိုင်ယာဉ်တန်းပစ်ခတ်ခံရ အကျဉ်းသူ ၄၀ ကျော်ဒဏ်ရာရ


Tuesday, February 24, 2015
လောက်ကိုင်မြို့ စီအောအကျဉ်းထောင်မှ အကျဉ်းသားတွေ၊ တိုက်ပွဲရှောင် ပြည်သူတွေနဲ့ ၀န်ထမ်းတွေ တင်လာတဲ့ ယာဉ်တန်းတိုက်ခိုက်ခံရပြီး အကျဉ်းသူ ၄၄ ယောက်၊ အကျဉ်းဝန်ထမ်း ၁ ယောက်နဲ့ စစ်သား ၁ ယောက်ဒဏ်ရာရသွားတယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။

သံသယ တရားခံနှစ်ဦး စစ်ဆေးမှာကို KBC ဘာ့ကြောင့် တားဆီးနေ တာလဲ ?


Tuesday, February 24, 2015
လုပ်အားပေးဆရာမလေးနှစ်ဦး အသတ်ခံရတာ အခုဆိုရင် တစ်လကျော်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် အမှုမှန်တော့ မပေါ် သေးပါဘူး။ အမှုစစ်အဖွဲ့ကတော့ သံသယ တရားခံနှစ်ဦးကို စစ်ဆေးခြင်းအဆင့် ၃ ဆင့် အနက် စစ်ကြောခြင်းအဆင့်နဲ့ ဆောင်ရွက်လျက်ရှိပါတယ်။

တိုက်ပွဲဝင် တပ်မတော်သားများအား ကိုယ်တိုင်အားပေးခဲ့သည့် အနုပညာရှင်များ


Tuesday, February 24, 2015

အနုပညာရှင်များအနေဖြင့် လောက်ကိုင်မြို့တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ကျဆုံးသွားသော တပ်မတော် သားများနှင့် တိုက်ပွဲဝင်တပ်မတော်သားများအတွက် အားပေးစာများ ရေးသားပို့ပေးခဲ့သကဲ့သို့ ကောက်ခံရရှိသည့် အလှူငွေများကိုလည်း ဖေဖော် ၀ါရီ ၂၁ ရက်က အနုပညာရှင်များ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းခဲ့သည်။ ထို့ကြောင့် ယင်းအစီအစဉ်တွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်လှူဒါန်းခဲ့သူအချို့၏ စကားသံများကို စုစည်းဖော်ပြလိုက် ပါသည်။

မြန်မာယူ-၂၀ အသင်း ပြိုင်ဘက်အသင်းများကို စတင်လေ့လာ


Tuesday, February 24, 2015

၂၀၁၅ နယူးဇီလန်နိုင်ငံတွင် ကျင်းပမည့် ယူ-၂၀ ကမ္ဘာ့ ဖလားပြိုင်ပွဲ၌ အိမ်ရှင်အသင်း နှင့် တစ်အုပ်စုတည်းကျရောက် လျက်ရှိသည့် မြန်မာအသင်းမှာ ပြိုင်ဘက်အသင်းများ၏ ကစားပုံ ကို စတင်လေ့လာနေပြီး အမေရိကန်အသင်း၏ ကစားပုံကို အတော်အတန် သိရှိနေပြီဖြစ်ကြောင်း မြန်မာအသင်း နည်းပြချုပ် မစ္စတာဂတ်ကပြောသည်။

သိန်းနီမြို့ နယ် ပန်းနားကျေးရွာအနီး ပြည်သူများထံထောက်ပံ့သည့် တပ်မတော် ယာဉ်တန်းကို ကိုးကန့်သောင်းကျန်းသူတပ်ဖွဲ့က တိုက်ခိုက်၊ ဒေသခံအချို့ ထွက်ပြေးတိမ်းရှောင်

 
Tuesday, February 24, 2015

ရှမ်းပြည် နယ်မြောက်ပိုင်း သိန်းနီမြို့နယ် ပန်းနားကျေးရွာအနီးတွင် ကိုးကန့်ဒေသ ခံပြည်သူများထံ ပို့ဆောင် မည့်ထောက် ပံ့ရေးပစ္စည်းများ တင်ဆောင်လာသည့် တပ်မတော်ထောက် ပံ့ရေးယာဉ်တန်းအား သောင်း ကျန်းသူအဖွဲ့က တိုက်ခိုက်ခဲ့ခြင်းကြောင့် နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ဒေသခံအချို့ထွက်ပြေး တိမ်းရှောင် လာကြ ကြောင်း သိရသည်။

တပ်သားသစ်စုဆောင်းရေးနဲ့ပတ်သက်ပြီး ဒုဗိုလ်ချုပ်ကြီးယွက်စစ် ရဲ့ ရှင်း လင်း ချက်

Tuesday, February 24, 2015

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်မှာ သျှမ်းပြည်သူလူထုက သျှမ်းပြည်ပြန် လည် ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော်ရဲ့ တပ်သား သစ် ကောက်ယူစုဆောင်း မှုခံနေရတယ်လို့ပြောဆိုနေပါတယ်။ တပ်သားမပေးနိုင်တဲ့လူတွေအဖို့ ငွေကြေးမြောက်အများ ပေးပြီး လူငှားပေး ရ တယ်လို့ပြောဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး RCSS/SSA ဥက္ကဌ ဒုဗိုလ်ချုပ်ကြီးယွက်စစ်ကို သျှမ်းသံတော်ဆင့်မှ အယ်ဒီတာ စိုင်းဆိုင်ယ က သီးသန့်တွေ့ဆုံမေးမြန်းထားတာကို ကောက်နှုတ်တင်ပြပေးလိုက်ပါတယ်။

Tuesday, February 10, 2015

လေးပွင့်ဆိုင်ဆွေးနွေးပွဲရလဒ် ဥပဒေကြမ်းတွင်ထည့်သွင်းရန် အစိုးရ ကတိပြု


Tuesday, February 10, 2015

လေးပွင့်ဆိုင်ဆွေးနွေးပွဲကနေ ရရှိတဲ့ သဘောတူညီချက်တွေကို ပညာရေးဝန်ကြီး ဌာန က လွှတ်တော်ကို တင်ပြမယ့် အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေ ကြမ်းမှာ ထည့်သွင်းမယ်လို့ အစိုးရက မနေ့ညက ကြေညာပါတယ်။

ရန်ကုန်မြို့တွင်းရှိ တက္ကသိုလ်များတွင် အခွင့်မရှိဘဲ ကျူးကျော်ဝင်ရောက်ပါက တည်ဆဲဥပဒေဖြင့် အရေးယူမည်ဟု ဗီနိုင်းများ ချိတ်ဆွဲထား


Tuesday, February 10, 2015
ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်နည်းပညာတက္ကသိုလ်အ ပါအ၀င် ရန်ကုန်မြို့တွင်းရှိ တက္က သိုလ်များ၏ အ၀င်မုခ်ဦးတွင် ကျောင်းအတွင်းသို့ ၀င်ရောက်ခွင့် မရှိဘဲ ကျူးကျော်ဝင်ရောက်ပါက တည်ဆဲဥပဒေဖြင့် အရေးယူမည် ဖြစ်ကြောင်း သတိပေးဆိုင်းဘုတ် များ ချိတ်ဆွဲထားသည်ကို ဖေဖော်ဝါရီ ၉ ရက်၌တွေ့ရသည်။

ကမ္ဘာ့ဖလားပြိုင်ပွဲဝင် မြန်မာလူငယ်အသင်း အိမ်ရှင်နယူးဇီလန်နှင့်အုပ်စုအတူကျ


Tuesday, February 10, 2015
နယူးဇီလန်နိုင်ငံမှာ ကျင်းပမယ့် အသက် ၂၀ အောက် ဖီဖာ ကမ္ဘာ့ဖလား လူငယ်ဘောလုံးပြိုင်ပွဲ အတွက် အုပ်စုတွေကို ဒီကနေ့ မဲခွဲဆုံးဖြတ်ရာမှာ မြန်မာအသင်းဟာအုပ်စု (က) မှာ အိမ်ရှင် နယူးဇီလန်၊ အမေရိကန်၊ ယူကရိန်းအသင်းတွေနဲ့ ကစားရမှာ ဖြစ်ပါတယ်။

လောက်ကိုင်ဒေသတွင် တပ်မတော်နှင့် ကိုးကန့်၊ ကချင်၊ တအာင်း ပူးပေါင်း တပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားလျက်ရှိ


Tuesday, February 10, 2015

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင် နယ်တွင် တပ်မတော်နှင့် ကိုးကန့်၊ ကချင်၊ တအာင်း ပူးပေါင်းတပ်ဖွဲ့တို့အကြား ဖေဖော်ဝါရီ ၉ ရက် နံနက်ပိုင်းမှစ၍ တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း သတင်းရရှိ သည်။

ပြည်ထောင်စုနေ့မှာ ငြိမ်းချမ်းရေး လက်မှတ်ထိုးဖို့ RCSS ဆုံးဖြတ်

Tuesday, February 10, 2015

အစိုးရရဲ့ ကမ်းလှမ်းထားချက်အတိုင်းလာ မယ့် ပြည်ထောင်စုနေ့မှာ ငြိမ်းချမ်းရေး သဘောတူညီမှု လက်မှတ်ထိုးဖို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS အဖွဲ့က ဆုံးဖြတ်လိုက်ပါတယ်။

Monday, February 09, 2015

MEC ဖုန်းအချင်းချင်း ဖုန်းခေါ်ဆိုခ တစ်မိနစ် ၃၅ ကျပ်သို့ လျှော့ချမယ်


Monday, February 9, 2015

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနဲ့ ပူးပေါင်း ဝန်ဆောင်မှုပေးနေတဲ့ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းရဲ့ MEC Tel CDMA 800 MHz ဆင်းမ်ကတ်အချင်းချင်း တယ်လီဖုန်းခေါ်ဆိုမှု တွေကို ပြည်ထောင်စုနေ့ (ဖေဖော်ဝါရီလ ၁၂ ရက်) မှ စတင်ပြီး တစ်မိနစ်ကို ၃၅ ကျပ်နှုန်းနဲ့ လျှော့ချကောက်ခံမှာ ဖြစ်တယ်လို့ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းထံမှ သိရပါတယ်။

အလောင်းဖျောက်ခံရသူတွေထဲ ဆရာမလေးနှစ်ဦးကို သတ်သူပါဝင်ဟု သတင်းထွက်ပေါ်


Sunday, February 8, 2015
မူဆယ်မြို့မှာ လူသတ် အလောင်းဖျောက်ခံရတဲ့ အမျိုးသားလေးဦးထဲက စေတနာ့ဝန်ထမ်း ဆရာမ နှစ်ဦးကို အဓမ္မပြုကျင့် သတ်ဖြတ်မှုနဲ့ ရဲတပ်ဖွဲ့ အလိုရှိနေတဲ့ ဖောယူဂွမ် ဆိုတဲ့လူ ပါနေတယ်လို့ သတင်းတွေ ထွက်ခဲ့တာကို မူဆယ်ခရိုင်ရဲတပ်ဖွဲ့မှူး ရုံးဆီက နေသိရပါတယ်။

သီပေါရဲကင်းကို လက်နက်ကိုင်အဖွဲ့ တိုက်၊ ရဲအရာရှိတစ်ဦး ကျဆုံး

Monday, February 9, 2015

ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့နယ်၊ ကုန်းသာကျေးရွာရှိ ရဲအရာရှိတစ်ဦး အပါအဝင် ရဲတပ်ဖွဲ့ဝင်နှစ်ဦး တာဝန် ထမ်းဆောင်နေသော ကုန်းသာ ရဲကင်းစခန်းကို ဖေဖော်ဝါရီလ ၇ ရက် နံနက် ၄ နာရီ ၃၅ မိနစ်ခန့်က လက်နက်ကိုင်ဆောင်ထားသော လူတစ်စုက လက်နက်ဖြင့် ပစ်ခတ်ခဲ့ရာ ရဲအရာရှိတစ်ဦး သေဆုံးခဲ့ကြောင်း သီပေါမြို့မ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

ယူ ၂၀ ကမ္ဘာဖလားပြိုင်ပွဲ အုပ်စု မဲခွဲမည်


Monday, February 9, 2015

မြန်မာ့ ယူ၂၀ ဘောလုံးအသင်း ၀င်ရောက်ယှဉ်ပြိုင်မယ့် ၂၀၁၅ ဖီဖာ ယူ၂၀ ကမ္ဘာ့ ဖလား ပြိုင်ပွဲ မဲခွဲပွဲ အခမ်းအနားကို အိမ်ရှင် နယူးဇီလန် နိုင်ငံ အောက်ကလန်မြို့ စကိုင်း စီးတီး ဟိုတယ်မှာ ဇန်န၀ါရီ ၁၀ ရက်နေ့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဂရေဟမ်ရဲ့ သမီးကြီး ပန်းရောင်ခြယ် သီချင်းလည်းဆိုသလို သီချင်းလည်းရေးပြီ


Monday, February 9, 2015

ပေါ့ပ်သီချင်းကောင်းများစွာနဲ့ ပရိသတ်ရင်ထဲမှာ နေရာယူနေနိုင်ဆဲ ဂရေဟမ်က သူ့သမီးကြီးကို သူ့ရဲ့ အခွေမှာပါဝင်သီဆိုစေရင်း အနုပညာလောကကိုခြေချစေ ခဲ့ပါပြီ။ဂရေဟမ်ရဲ့သမီးကြီး ပန်းရောင်ခြယ်က သူတို့မိသားစု သြစတြေးလျမှာ နေစဉ်ကတည်းက ဂီတနဲ့ပတ်သက်ပြီး ဗီဇရှိခဲ့ပြီး ကျောင်း ကပွဲတွေပြိုင်ပွဲတွေ မှာလည်း ပါဝင်ဆင်နွှဲခဲ့သူဖြစ်ပါတယ်။ ဂီတနဲ့ပတ် သက်ပြီး ဗီဇပိုးရှိခဲ့ပုံကို ပန်းရောင်ခြယ်ကခုလို ပြောပြပါတယ်။

Friday, February 06, 2015

အိတ်ခ်ျအိုင်ဗီပိုးကို ဖုန်းအက် ပရီကေးရှင်းဖြင့် ဆယ်ငါး မိနစ်အတွင်း စစ်ဆေးနိုင်ပြီ


Friday, February 6, 2015
အိပ်ခ်ျအိုင်ဗီပိုးနှင့် ကာလသားရောဂါပိုး ရှိမရှိကို စမတ်ဖုန်းအက်ပရီကေးရှင်းဖြင့် ဆယ်ငါး မိနစ်အတွင်း စစ်ဆေးနိုင် ပြီဖြစ်၍ လူအသက်ပေါင်း များစွာကိုကယ် တင်နိုင်တော့ မည်ဖြစ်ကြောင်း အမေရိကန်၊ နယူးယော့ခ်မြိုရှိ ကိုလံဘီယာ တက္ကသိုလ်မှ သိပ္ပံပညာ ရှင်များက အခိုင်အမာပြော ကြားသည်။

ရန်ကုန်မြို့ ရေကြီးရေလျှံမှု ပြဿနာ ဖြေရှင်းနိုင်ရန် နိုင်ငံတော်သမ္မတ အထူးရန်ပုံငွေ အသုံးပြုမည်

Friday, February 6, 2015
မြန်မာနိုင်ငံ၏ လူဦးရေ အထူထပ်ဆုံး နေထိုင်ပြီး စီးပွားရေးမြို့တော် ဖြစ်သော ရန်ကုန်မြို့တော်တွင် နှစ်စဉ် ရေကြီးရေ လျှံမှု ပြဿနာ ဖြေရှင်းနိုင်ရေးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့က ဘဏ္ဍာငွေ ကျခံနိုင်ခြင်း မရှိပါက နိုင်ငံတော်သမ္မတ အထူးရန်ပုံငွေဖြင့် ဆောင်ရွက်မည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန (၄) ဒုတိယဝန်ကြီး ဦးအောင်သိမ်း က ပြောကြားသည်။

တစ်နိုင်ငံလုံးအပစ်ရပ် လက်မှတ်ထိုးနိုင်ရန် ဆန္ဒထုတ်ဖော်မည်

Friday, February 6, 2015

ပြည်တွင်းစစ်အပြီး သတ်ရပ်စဲနိုင်ရေး၏ ပထမခြေ လှမ်းဖြစ်သော တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ စာချုပ်အ မြန်ဆုံးလက်မှတ်ရေး ထိုးနိုင်ရန် ပြည်သူ များ လက်မှတ်ရေးထိုး ဆန္ဒထုတ်ဖော်သည့် လှုပ်ရှားမှု တစ်ခုပြုလုပ်မည်
ဖြစ်ကြောင်း သတင်းရရှိသည်။

ပညာရေးဥပဒေအကြောင်းပြ၍ ဆူပူအောင် ပြုလုပ်နေသူများရှိနေကြောင်း အစိုးရသတင်းထုတ်ပြန်၊ တည်ငြိမ်အေးချမ်းရေးအတွက် ရဟန်း၊ ပြည်သူနှင့် အဖွဲ့အစည်းများအားလုံး အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် ပထမဆုံးအကြိမ် မေတ္တာရပ်ခံ

Friday, February 6, 2015
အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေးအကြောင်းပြ ၍ ဆူပူမှုဖြစ်စေရန် နောက်ကွယ် မှ ကြိုးကိုင်နေသူများနှင့် အား ပေးအားမြှောက်ပြုနေသော နိုင်ငံ ရေးအဖွဲ့အစည်းအချို့ရှိနေပြီး တည်ငြိမ်အေးချမ်းရေးနှင့် ဥပဒေ စိုးမိုးရေးအတွက် အစိုးရအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ရန် အစိုးရကဖေဖော်ဝါရီ ၅ ရက် ညတွင် မေတ္တာ ရပ်ခံချက်ထုတ်ပြန်လိုက်သည်။

လူမှုရေးမီဒီယာ account များတွင် မူရင်းနာမည်ကို အသုံးပြုရန် တရုတ် တောင်းဆို


Friday, February 6, 2015

လူမှုရေးမီဒီယာ account အတုများ လျော့ပါးစေရန်အတွက် တရုတ်အစိုးရက blog များ၊ လူမှုရေးကွန်ရက်များ၊ ဖိုရမ်များနှင့် IM ဝန်ဆောင်မှုများတွင် မူရင်းနာမည် အသုံးပြုရန် နည်းဥပဒေသစ်များ ထုတ်ပြန်ခဲ့သည်။

ပြည်ထောင်စုနေ့ မတိုင်မီ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များနှင့် နိုင်ငံတော် သမ္မတ တွေ့ဆုံမည်


Friday, February 6, 2015
ယခုလအတွင်း ကျရောက်မည့် (၆၈) ကြိမ်မြောက် ပြည်ထောင်စုနေ့ မတိုင်မီ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ တွေ့ဆုံ မည်ဖြစ်ကြောင်း အစိုးရနှင့် နီးစပ်သူများထံမှ သိရှိရသည်။

Monday, February 02, 2015

တောင်းဆိုချက်များမလိုက်လျောဘဲ အချိန်ဆွဲထားလျှင် ဆွေးနွေးပွဲမတက်တော့ဟု ဗကသဥက္ကဋ္ဌကျော်ကိုကိုပြော


Monday, February 2, 2015
အမျိုးသားပညာရေးဥပဒေဆွေးနွေးပွဲတွင် တောင်း ဆိုသည့်အချက်များ လိုက်လျောခြင်းမရှိဘဲ အချိန်ကြာမြင့်စွာဆွဲထားပါက တက်ရောက်ဆွေးနွေးမည်မဟုတ်ဟုဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂ(ဗကသ)ဥက္ကဋ္ဌကျော်ကိုကိုက ပြောကြားလိုက်သည်။

ဇန်န၀ါရီ ၁ရက်က သပိတ် စစ်ကြောင်းချီတက်မည့် အစီအ စဉ်၊ အာဏာပိုင်များကဖိအားပေး နေမှုများနှင့်ပတ်သက်၍ ရေနံ ချောင်းမြို့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ယခုကဲ့သို့ပြောကြားခြင်းဖြစ်သည်။
‘‘အခုလောလောဆယ်ဆွေး နွေးနေတာ တောင်းဆိုထားတဲ့အ ချက် ၁၁ချက်ကို မရောက်သေး ဘူး။ ဒီနေ့ဆွေးနွေးပွဲမစခင်မှာ ကျွန်တော်တို့ မူဘောင်စည်းမျဉ်း ကိုးချက်ကို အရင်တောင်းဆိုပါ တယ်။ ဒီလိုမျိုးမူဘောင်တွေကို လက်မခံရင် တရားမျှတတဲ့ဆွေး နွေးပွဲဖြစ်မလာနိုင်ဘူး။ တစ်ဖက် စောင်းနင်းဖြစ်မှာစိုးလို့ မူဘောင် ချမှတ်ထားတာ။ ဒီလိုမျိုးမူဘောင် ကို ဟိုအချက်ကိုမပေးနိုင်ဘူး၊ ဒီ အချက်ကိုမပေးနိုင်ဘူးဆိုရင် ရိုး သားပွင့်လင်းတဲ့တွေ့ဆုံဆွေးနွေး မှုမဖြစ်လာနိုင်ဘူးလို့ မျှော်လင့် တယ်။ မမျှော်လင့်ဘူးဆိုရင် အခု ချက်ချင်းပဲကန့်ကွက်တော့မှာ လား။ သပိတ်မှောက်တော့မှာ လားမဟုတ်ဘူး။ စောင့်ကြည့် မယ်။ တစ်ဖက်က ဖိအားပေး ခြင်းအားဖြင့် လုပ်နေမယ်။ အဲဒီလို လုပ်နေရဲ့သားနဲ့ ဘာမှဖြစ်မလာ ဘူးဆိုရင် အစိုးရရဲ့လုပ်ရပ်ဟာ မှားယွင်းချွတ်ချော်နေမယ်ဆိုရင် ကျွန်တော်တို့က အချိန်ကုန်ခံပြီး ဆွေးနွေးနေမှာ မဟုတ်ဘူး။
နောက်တစ်ချက်ထပ်သိထားတာ က ပညာရေးဝန်ကြီးဒေါက်တာ ဒေါ်ခင်စန်းရီက ဆွေးနွေးပွဲကို လာတယ်။ ဘာမှမဆွေးနွေးဘဲမိန့် ခွန်းပြောပြီး ပြန်သွားတယ်လို့သိရ တယ်။ ကျွန်တော်တို့က မိန့်ခွန်း ပြောတာ နားထောင်ဖို့လာတာမ ဟုတ်ဘူး။ ကျွန်တော်တို့အနေနဲ့ က ပွင့်ပွင့်လင်းလင်းနဲ့အပြန်အ လှန်ဆွေးနွေးဖို့လာတာ။ ကျောင်း သားတွေကို စကားလာပြောရုံ သက်သက်ချွေးသိပ်သွားတာ။အဲ ဒီတော့ ဒီဆွေးနွေးပွဲက အချိန်ဆွဲ တဲ့ ဗျူဟာတစ်ခုနဲ့ ကျင့်သုံးသွား မှာ။ ကျွန်တော်တို့ လိုချင်တာတွေ ရှောရှောရှူရှူနဲ့ပေးလိမ့်မယ်လို့ မမြင်မိဘူး။ အဲဒီတော့ လုပ်စရာ ရှိတာတွေလုပ်သွားမယ်’’ဟု ကျော်ကိုကိုကပြောသည်။
ပညာရေးဥပဒေကို ဇန်န၀ါရီ ၁ရက်က ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ လေးပွင့်ဆိုင်စတင်ဆွေးနွေးခဲ့ကြသည်။
ထိုသို့ဆွေးနွေးသည့်နေ့တွင် သပိတ်လမ်းကြောင်း ရပ်နားထားမည်ဟုသဘောတူခဲ့ကြသည်။ ဇန်န၀ါရီ ၁ရက်တွင် ဂွေးပင်ရွာအရောက် ရပ်နားထားသော သပိတ်ကျောင်းသားများ တည်းခိုရာထန်းခြောက်ပင် ကျောင်းတိုက်ဆရာတော်ထံ အာဏာပိုင်များက လာရောက်တည်း ခိုခွင့်မပြုရန် ဖိအားပေးပြောဆိုခဲ့သည်။ ထိုသို့ တည်းခိုခွင့်မပြုသောကြောင့် သပိတ်ကျောင်းသားများသည် ရေနံချောင်းမြို့သို့ ကားဖြင့် ရောက်ရှိလာကြသည်။
ရေနံချောင်းမြို့သို့ မွန်းလွဲ၂နာရီတွင် ရောက်ရှိလာခဲ့ပြီး ထောင်နှင့်ချီသော ပြည်သူများက ကြိုဆိုခဲ့ကြသည်။ သပိတ်ကျောင်းသားများသည် ယနေ့နံနက် ဇန်န၀ါရီ ၂ရက်တွင် ရေနံချောင်းမြို့မှ မကွေးမြို့လမ်းအတိုင်း ချီတက်သွားမည်ဖြစ်သည်။
‘‘ရေနံချောင်းနဲ့ မကွေးက ၃၄ မိုင်ဝေးတယ်လို့သိရတယ်။ မနက် ဖြန်မကွေးတော့မရောက်နိုင်ဘူး။ လမ်းမှာရှိတဲ့ ရွာတစ်ရွာမှာတည်း ရမှာပဲ။ နောက်နေ့မှ မကွေး ရောက်မှာပေါ့’’ဟု ကျောင်းသား သပိတ်ခေါင်းဆောင်ကိုမိုးထက် နေကပြောသည်။
သပိတ်မှောက်ကျောင်းသား များသည် မကွေးမြို့သို့ အ၀င်တွင် အာဏာပိုင်များ၏ တားဆီးခြင်းခံ ရနိုင်သည်ဟုသတင်းများထွက် ပေါ်လျက်ရှိသည်။
7Day Daily

ဗိုလ်ချုပ်ရာပြည့်ပွဲတော် NLD ဦးဆောင်ပါက ဦးအောင်ဆန်းဦး မတက်ရောက်ဟုဆို

Monday, February 2, 2015.
မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ နှစ်တစ်ရာပြည့် ပွဲတော်ကို ဇာတိ နတ်မောက်မြို့တွင် ဖေဖော်ဝါရီလ ၇ ရက်နေ့မှ ၁၃ ရက်နေ့ထိ ကျင်းပမည်ဖြစ်ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ဦးဆောင်ပါက ဗိုလ်ချုပ်၏ သားကြီးဖြစ်သူ ဦးအောင်ဆန်းဦးက မတက်ရောက်ဟု ပြောကြားနေကြောင်း အဆိုပါ ရာပြည့်ပွဲတော် ကျင်းပရေး ကော်မတီ အတွင်းရေးမှူး ဒေါက်တာစိုးမင်းက ဇန်နဝါရီလ ၃၀ ရက်နေ့တွင် The Voice သို့ ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ်မှ ၀င်ရောက်လာသည့် မိသားစုများအတွက် နေစရာနှင့် အလုပ်အကိုင်များလိုအပ်


Monday, February 2, 2015.
လွန်ခဲ့သည့် သုံးနှစ် ကျော်ကာလက ဒေသတွင်းဆူပူ အကြမ်းဖက်မှုများကြောင့် ဘင်္ဂ လားဒေ့ရှ်နိုင်ငံမှ မောင်တောနယ် စပ်သို့ ၀င်ရောက်လာသည့် မိသားစုဝင်များမှာ ယခုထိဆက်လက် ၀င်ရောက်နေဆဲဖြစ်ပြီး ၎င်းတို့ အတွက် နေရာထိုင်ခင်းနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရန်လိုအပ်နေကြောင်း မိသားစုဝင်များအရေး ဆောင်ရွက်ပေးနေ သည့် လူမှုအဖွဲ့အစည်းများက ပြောသည်။

NLD ပါတီနှင့် ၈၈ မျိုးဆက် ကျောင်းသားများ နိုင်ငံရေးအကျပ်အတည်း ကိစ္စရပ်များ ဆွေးနွေး


Monday, February 2, 2015

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဗဟိုကော်မတီဝင်များနှင့် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ၈၈ မျိုးဆက်ကျောင်းသား များ တွေ့ဆုံပြီး နိုင်ငံရေး အကျပ်အတည်း ကိစ္စရပ်များကို ဆွေးနွေးကြောင်း NLD ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်းက ပြောကြားသည်။

‘အောင်ဆန်းသူရိယနှင်းဆီ’ အငြိမ့်အမည်ပြောင်းလဲရန်မရှိ


Monday, February 2, 2015.

ဗိုလ်ချုပ်ရုပ်ရှင် ရန်ပုံငွေ အတွက် ကပြမည့်အငြိမ့် ‘အောင် ဆန်းသူရိယနှင်းဆီ’ ကို အမည် ပြောင်းလဲရန် ညွှန်ကြားခဲ့သော် လည်း အမည်ပြောင်းလဲရန် မရှိ ဟု ဒါရိုက်တာမောင်မျိုးမင်း (ရင် တွင်းဖြစ်)က ပြောသည်။

NNER ကိုယ်စားလှယ် ပါတီကိုယ်စားမပြုဟု NLD ကြေညာ


Monday, February 2, 2015

ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး ဆွေးနွေးပွဲ တက် ရောက်တဲ့ ပညာရေးစနစ် ပြုပြင်ပြောင်းလဲမှု နိုင်ငံလုံးဆိုင်ရာ ကွန်ရက်(NNER) ကိုယ်စားလှယ် ဒေါက်တာသိန်းလွင်ဟာ ပါတီကို ကိုယ်စားမပြုဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မနေ့က ကြေညာ ပါတယ်။